အင်ဖက်မိုးပြီး ရေးတဲ့ကဗျာ

ကျနော်ငယ်ငယ်
အင်ဖက်မိုးနဲ့ ကျနော်တို့အိမ်ကလေး
မိုးလန့်ပြီး ယိုတဲ့ ညက
အဖေဟာ သန်တုန်းမြန်တုန်းပေါ့။
အခုတော့
အဖေက အသက် ၇၀
တခေါင်းလုံး ဆွတ်ဆွတ်ဖြူနေပြီ။
ဟိုတုန်းကဆို
အဖေက ခေါင်မိုးစပ်နားထိတက်သွား
အမေက ကြမ်းပေါ်ကနေ ခြေဖျားထောက်ပြီး
အင်ဖက် ကမ်းတယ်လေ။
သူတို့လင်မယား
တိုးတိုး တိုးတိုး
ကျနော် နိုးမှာစိုးလို့တဲ့။
နောက်ဆုံးတခေါက်
ကျနော် အိမ်ပြန်ရောက်တော့
ကျနော်တို့အိမ်ကလေး သွပ်မိုးထားလိုက်တယ်
“နင့်အဖေလည်း အသက်ြ
အောက်ဆိုက်ရှိလား

ပထမဆုံး အလုပ် စ၀င်သူတစ်ယောက်ကို သူ့မိတ်ဆွေများက လခဘယ်လောက်ရသလဲဟုမေးလေ့ရှိပါသည်။ တဆက်ထဲ၌ ထုံးတမ်းစဉ်လာဖြစ်နေသော နောက်ဆက်တွဲမေးခွန်းဖြင့် ထပ်မံစူးစမ်းကြပြန်သည်။ လစာအပြင် အောက်ဆိုက်ရော ရှိသေးလား..ဟူသတတ်။
အကယ်၍ လစာအရင်းကဘယ်လောက်၊ အပိုအောက်ဆိုက်ကမည်မျှဆိုကာ ခွဲခြားပြလိုက်လျှင် ကြားရသူများက ကျေနပ်ဝမ်းမြောက်သောအပြုံးဖြင့် နှစ်လိုဖွယ်တုန့်ပြန်တတ်ကြသည်။ ထိုသို့ အောက်ဆိုက်ရှာသူများကို လွဲမှားစွာ အသိအမှတ်ပြုလိုက်ခြင်းသည် က
စာဖတ်တဲ့ ရွာသူကြီး

ကျနော့် အဖေက ရွာသူကြီး။
ကျနော်တို့ရွာ ကအိမ်ခြေ ၂၀၀ ကျော်ကျော်လောက်ရှိတဲ့ အသင့်အတင့် ကြီးတဲ့ ရွာကြီးတရွာ ဖြစ်ပါတယ်။ ၁၉၈၅ လောက်ကတည်းက တွဲဘက် အလယ်တန်းကျောင်း ရှိတယ်။ အဲဒီလို ရွာမျိုးမှာ ရွာသူကြီးဖြစ်ဖို့ဆိုတာ သိပ်လွယ်ကူတဲ့ ကိစ္စတော့မဟုတ်ပါဘူး။
ရွာသူကြီးဖြစ်ဖို့ ပထမ တချက်က ရွာဦးဘုန်းကြီးရဲ့ ထောက်ခံမှုက သိပ်အရေးပါတယ်။ တနယ်တကျေးက ဆရာတော် သမားတော်တွေလာရင် ဘာသာရေးအကြောင်း ၊ ဘရားဟော တရားတော်လာ နိပါတ်တော်တွေ၊ ခေတ်အဆက်ဆက် ရေးသွား
ဟိုကိုဒီကို ဗဟိုပြုပါတဲ့ပညာရေး

တစ်နေ့ အကျွန်ုပ် မိုးမီးသည် “ငါဘာတွေးရင်ကောင်းမလဲ” ဟူသည့် အကြောင်းကို အလေးအနက် တွေးတောနေစဉ်အခါသမယ၌ ကျောင်းသား လူငယ်များသည် ထုံးစံ အတိုင်း သူတို့အတွေးခက် အမေးခက်နေသည်များကို ဆွေးနွေးတိုင်ပင်ရန် မိုးမီးဗီလာသို့ စည်းဝေးကာလာ ကြပေ၏။
လူငယ်များကို အကျွန်ုပ်ကပင် ပညာအရာမှာ ငါမပါရင်မပြီးဘူးဆိုသည့်ဟန်ဖြင့် “ကဲ-လူငယ်အပေါင်းတို့ အမောင်တို့ တွေ့ကြုံခံစား သိမှတ်ထားသည်များထဲမှ အဘယ် ကိစ်္စကို ဒီကနေ့လင်းချင်ပါသတုန်း” ဟု စကားစလိုက်လေ၏။
အတ္တ

သူ့ကိုရှာသည်၊ မတွေ့။
******
သို့သော် သူ့အတွက် လူတိုင်း လုပ်နေကြ၏။ သူကောင်းဖို့အတွက်၊ မြဲဖို့အတွက် နဖူးမှချွေး ခြေမကျအောင် ကြိုးစားသူက ကြိုးစား၊ မတရားနည်းဖြင့် လူတို့၏ ချွေးနည်း စာထဲမှ ခေါင်းပုံဖြတ်ကြသူက ဖြတ်ကြ၏။ သူ့အတွက်ကြောင့် ညီအစ်ကိုချင်း မုန်းတီးရသည်။ မိတ်ဆွေချင်းလည်း သတ်ဖြတ်ကြရသည်။ သွေးစက်တို့လည်း မြေဝယ်ကျခဲ့ရသည်။ မျက်ရည်တို့လည်း ဖြိုင်ဖြိုင် ကျခဲ့ရသည်။ အလွန် တန်ခိုးကြီးသူပါပေ။
*******
သူ၏ လိုအင်ဆန္ဒကို ဖြည့်ဆည်းရန