skid/ accomplice
- Details
- Category: အင်္ဂလိပ်စာကဏ္ဍ
- Published on Thursday, 09 December 2010 07:40
- Written by Editor
- Hits: 1913
skid (ယာဉ်) ဘီးချော်သည်။ ချောနေသော လမ်းပေါ်တွင် အရှိန်ဖြင့် လျှောသွားသည်။
The verb skid means to slide sideways or forwards in an uncontrolled way, usually due to slippery conditions or going too fast.
A Phuket Air passenger plane from Bangkok skidded off the runway on landing at Mae Sot airport in heavy rain yesterday morning.
မနေ့ကမနက် မိုးသည်းထန်စွာ ရွာသွန်းနေစဉ် ဘန်ကောက်မှ ထွက်ခွါလာသည့် ဖူးကပ် လေကြောင်းလိုင်း ခရီးသည်တင် လေယာဉ်တစ်စင်းသည် မဲဆောက်လေဆိပ်၌ ဆင်းသက်နေစဉ် ပြေးလမ်းမှ ဘီးချော်သွား ခဲ့လေသည်။
The car skidded between metal barriers in the middle of the road, went airborne and finally flipped over.
လမ်းအလယ်နေရာ သံထည်အကာအကွယ်တွေကြား ကားဘီးချော်သွားခဲ့ပြီးနောက် လေထဲ မြောက်တက်သွားပြီး မှောက်ခုံ ပြန်ကျခဲ့ပါတယ်။
The driver said his bus skidded sideways across the road.
သူ့ရဲ့ဘတ်စ်ကားဟာ လမ်းကို ကန့်လန့်ဖြတ် ဘေးတိုက် ဘီးချော်သွားခဲ့တယ်လို့ ယာဉ်မောင်းသမားက ဆိုပါတယ်။
"I was then told that the accident investigation department conducted skid tests at the scene and basically they had no control over the car whatsoever...it just kept on skidding and skidding and skidding," Rogers said.
“ယာဉ်တိုက်မှု စုံစမ်းရေးဌာနက အခင်းဖြစ်ပွားတဲ့ နေရာမှာ လမ်းချော်ခြင်း စမ်းသပ်ချက်တွေကို ပြုလုပ်ပြီး သူတို့အနေနဲ့  ကားကို ဘယ်လိုမှ မထိန်းနိုင်ခဲ့ကြောင်း ကျနော့်ကို ပြောပြခဲ့ပါတယ်။ ကားဟာ ဆက်တိုက် ဆက်တိုက် ဘီးချော်သွားပြီး အရှိန်နဲ့ လျှောသွားခဲ့တာပါ။” ရောဂျာစ်မှ ပြောပြခဲ့သည်။
***********************************************************
accomplice (a KOM plis) ကြံရာပါ
The noun accomplice refers to a person who helps someone else commit a crime of do something wrong.
The prisoners and their two accomplices rushed out of the room.
အကျဉ်းသားတွေနဲ့ ပူးပေါင်းကြံစည်သူ နှစ်ဦးတို့ဟာ အခန်းထဲကနေ တဟုန်ထိုး ပြေးထွက်ခဲ့ပါတယ်။
Police are continuing their search for a possible accomplice in Tuesday's shooting.
အင်္ဂါနေ့က ပစ်ခတ်မှုမှာ ကြံရာပါလို့ သံသယရှိသူ တစ်ဦးကို ရဲဘက်မှ ဆက်လက် ရှာဖွေနေပါတယ်။
The bank robber's two accomplices were never caught.
ဘဏ်ဓါးပြတိုက်သူတွေရဲ့ ကြံရာပါ နှစ်ဦးကို ဘယ်တော့မှ မဖမ်းဆီးနိုင်ခဲ့ကြပါ။
Home investigators believe the operation was so complex and carefully planned that it must have required several accomplices.
ပြည်ထဲရေးဌာန စုံစမ်းရေးအရာရှိများမှ ဤအကြမ်းဖက်လုပ်ရပ်သည် လွန်စွာရှုပ်ထွေးမှုရှိပြီး အသေအချာပြင်ဆင် စီစဉ်ခဲ့ခြင်းကြောင့် ပူးပေါင်းကြံစီသူ အမြောက်အများ လိုအပ်မှာဖြစ်ကြောင်း ယုံကြည်လျက်ရှိသည်။
Notice: Undefined index: data in /home/maukkha/public_html/plugins/system/jsocial_comments/libs/jsocial_tools.php on line 238








