Intimidate & Underdog
- Details
- Category: အင်္ဂလိပ်စာကဏ္ဍ
- Published on Thursday, 24 June 2010 06:00
- Written by မောက္ခ
- Hits: 2345
intimidate (in TIM a deit) ခြိမ်းခြောက်သည်၊ စိုးရိမ်ပူပန်စေသည်။
The verb intimidate means to cause someone to become afraid and to lose confidence. The noun form is intimidation (in tim a DEY shun).
- Politicians holding power who want to control news directions must stop interfering with, intimidating or destroying our editorial independence, said the statement.
သတင်းလမ်းကြောင်းတွေကို ချုပ်ကိုင်လိုတဲ့ အာဏာရနိုင်ငံရေးသမားများဟာ အယ်ဒီတာလွတ်လပ်ခွင့်ကို ကြားဝင်ဟန့်တားခြင်း၊ ခြိမ်းခြောက်ခြင်းနဲ့ ဖျက်ဆီးတဲ့လုပ်ရပ်တွေကို ရပ်တန့်ရမယ်လို့ ကြေညာချက်ထဲမှာ ပါရှိခဲ့ပါတယ်။
- He was clearly intimidated by the size of the job.
အလုပ်ရဲ့ ပမာဏကြောင့် သူအကြီးအကျယ် စိတ်ပူသွားခဲ့တယ်။
- Soldiers took over the counting of the votes yesterday, after protestors intimidated civilian workers on Saturday night.
မနေ့က မဲရေတွက်တာကို စစ်သားတွေက လွှဲပြောင်းယူခဲ့တယ်။ ဆန္ဒပြ သမားတွေက အရပ်ဖက် ၀န်ထမ်းတွေကို စနေနေ့ညမှာ ခြိမ်းခြောက်ခဲ့တာ အပြီးမှာပါ။
- Strangely, there was no call for the militias to end its campaign of terror and intimidation against independence supporters.
လွတ်လပ်ရေးအတွက် ထောက်ခံသူတွေကို ဆန့်ကျင်ပြီး အကြမ်းဖက်မှုတွေနဲ့ ခြိမ်းခြောက်တဲ့ လုပ်ရပ်တွေကို ရပ်တန့်ဖို့ ပြည်သူ့စစ်တွေကို မတောင်းဆိုခဲ့တာဟာ ထူးဆန်းနေတယ်။
*************
underdog အရေးနိမ့်ဟန်ရှိသော အောက်လက်ကနေ (တက်ခွပ်ရသော) လူ၊ အသင်းအဖွဲ့ စသည်။ အနှိမ်ခံ၊ အဖိနှိပ်ခံ လူတန်းစား။
The noun underdog refers a person who is not expected to win or succeed in a competition or situation.
- "I'm the underdog for sure," Danai said about his upcoming match with Robby Ginepri.
“ကျနော်ကတော့ အောက်လက်ကနေ ကစားရမှာ သေချာပါတယ်။“ ဒါနိုင်က လာမည့် ကစားပွဲတွင် ရော်ဘီဂီနက်ရီနှင့် ပတ်သက်ပြီး ပြောဆိုခဲ့တယ်။
- Three goals in six second-half minutes saw Yugoslavia pull off a remarkable fightback to force a draw with Euro 2000 underdogs Slovenia.
ခြောက်မိနစ် စက္ကန့် ၃၀မှာ သုံးဂိုးသွင်းခဲ့တဲ့ ယူဂိုဆလားဗီးယားအသင်းဟာ ယူရို ၂၀၀၀ပွဲမှာ အောက်လက်ကနေ ကစားခဲ့တဲ့ ဆလိုဗေးနီးယား အသင်းနဲ့ သရေကျခဲ့တဲ့အတွက် ထူးခြားလှတဲ့ တုန့်ပြန်မှုလို့ဆိုရမယ်။
- Iain Duncan Smith continued to insist that he was the underdog in the leadership race despite topping two polls of Conservative constituency chairmen.
ကွန်ဆာဗေးတစ်ပါတီရဲ့ မဲဆန္ဒနယ် ဥက္ကဌ ၂ နေရာမှာ အနိုင်ရခဲ့ပေမယ့် ခေါင်းဆောင်ရွေးပွဲမှာ အောက်လက်ကနေ ပါဝင်ရတာဖြစ်တယ်လို့ အီယန်ဒန်ကန်စမစ်က အခိုင်အမာပြောဆိုခဲ့ပါတယ်။
- The most fascinating aspect of "The Year of the Yao," directed by James D. Stern and Adam Del Deo, is that Yao, for all his height and talent, starts out not as a hero but as an overrated underdog.
ဂျိမ်းစ်ဒီစတန်နဲ့ အာဒမ်ဒဲလ်ဒီယိုတို့ ရိုက်ကူးခဲ့တဲ့ “ယောင်ရဲ့ နှစ်” ဇာတ်ကားနဲ့ပတ်သက်လို့ အထူးခြားဆုံးအပိုင်းကတော့ အရပ်မြင့်ပြီး စွမ်းရည်ပြည့်ပေမယ့်လို့ ယောင်ဟာ ဇာတ်လမ်းမှာ သူရဲကောင်းအနေနဲ့ မ စ ခဲ့ရဘဲ အလွန်အမင်း အနှိမ်ခံလူတစ်ဦးအနေနဲ့ စခဲ့ရတာပါ။
Notice: Undefined index: data in /home/maukkha/public_html/plugins/system/jsocial_comments/libs/jsocial_tools.php on line 238








