ကမ္ဘာကြီး မပြားပါ

http://www.sundaypost100.com/wp-content/uploads/sites/38/2015/10/Untitled-design-71.png

သူ့အမည်က ဖလဲမင်းဖြစ်ပြီး အလွန်ဆင်းရဲသော စကော့လယ်သမားတစ်ဦးလည်းဖြစ်သည်။ တစ်နေ့တွင် သူသည် လယ်အလုပ်ကို ပင်ပန်းစွာ လုပ်ကိုင်နေစဉ် “ကယ်ကြပါ” ဆိုသည့် အော်သံတစ်သံကို ကြားလိုက်ရ သည်။

ဖလဲမင်းသည် လယ်လုပ်နေသည်ကို ခေတ္တနားလိုက်ပြီး အော်သံကြားသည့် နေရာကို ထွက်လာခဲ့သည်။

ကောင်လေးတစ်ယောက်သည် နွားချေးများ စွန့်ပစ်ထားသည့် တွင်းကြီးတစ်တွင်းထဲကို ကျနေပြီး၊ ခါးအထိ မြုပ်နေပြီဖြစ်သည်။ သူ့အနေအထားက လှုပ်လေ မြုပ်လေ အနေအထားလည်း ဖြစ်သည်။ ဖလဲမင်းသည် ကောင်လေးကို ကြိုးဖြင့် ဆွဲတင်ပြီး၊ ရေမိုးချိုးပေးကာ ပြန်လွှတ်လိုက်သည်။

နောက်တစ်နေ့တွင် အလွန်လှပသည့် မြင်းကြီးများဆွဲသော မြင်းလှည်းကြီးတစ်စင်းသည် လယ်သမားကြီး ဖလဲမင်း အိမ်ရှေ့တွင် လာရပ်သည်။ မြင်းလှည်းပေါ်မှ အလွန်ခန့်ညားသော လူကြီးတစ်ဦးသည် တပည့်များနှင့် အတူဆင်းလာပြီး ဖလဲမင်း အလုပ်လုပ်နေသည့် နေရာကိုရောက်လာသည်။

ထိုလူကြီးမင်းသည် ဖလဲမင်း ယမန်နေ့က ကယ်တင်လိုက်သော ကောင်လေး၏ ဖခင်ဖြစ်သည်။ လူကြီးမင်းက

“ကျေးဇူးတင်လိုက်တာဗျာ။ ကျွန်တော် မနေ့က ခင်ဗျားအသက်ကယ်လိုက်တဲ့ ကောင်လေးရဲ့ ဖခင်ပါ။ ခင်ဗျားကို ကျေးဇူးဆပ်ချင်လို့ပါ”

“ကျေးဇူးအတင်ခံချင်လို့ ခင်ဗျားသားကို ကယ်တာ မဟုတ်ပါဘူး။ ဘာမှလည်း ပေးစရာ မလိုပါဘူး” ဟု လယ်သမားကြီးကပြောပြီး လူကြီးမင်း၏ ကမ်းလှမ်းမှုကို ငြင်းပယ်လိုက်သည်။

ထိုအချိန်တွင် လယ်သမားကြီး၏ သားဖြစ်သူသည် အိမ်ထဲကပြေးထွက်လာပြီး ဖခင်ဘေးတွင် လာရပ်သည်။

“ဒါ ခင်ဗျားသားလား”

“ဟုတ်ပါတယ်”

“ကျွန်တော် ခွင့်တောင်းပါရစေဗျာ။ ခင်ဗျား သားလေးကို ကျွန်တော် ပညာသင်ပေးပါရစေ။ ခင်ဗျားသားဟာ ခင်ဗျားလိုမျိုး ဖြစ်လာမယ်ဆိုရင် ခင်ဗျားဂုဏ်ယူနေမှာပါ”

လယ်သမားကြီးက လူကြီးမင်း၏ တောင်းဆိုချက်ကို တွေးဆပြီး ခွင့်ပြုလိုက်သည်။

လယ်သမားကြီး ဖလဲမင်း၏ သားဖြစ်သူသည် လန်ဒန်၊ စိန့် မေရီ ဆေးကျောင်းမှ ဘွဲ့ရပြီး ဆရာဝန်ဖြစ်လာသည်။ သူ၏ ကြိုးစားအားထုတ်မှုများကြောင့် ဆာ အလက်ဇန်းဒါး ဖလဲမင်းဟူ၍ဖြစ်လာသည်။ ကမ္ဘာကျော်မည့် ပင်နီဆလင်ဆေးကို တီထွင်ဖော်ထုတ်နိုင်သူဖြစ်ခဲ့သည်။

နှစ်ပေါင်းများစွာကြာသည့်အခါတွင် လူကြီးမင်း၏ သားဖြစ်သူသည် အဆုတ်ရောင်ရောဂါ ခံစားရပြီး အိပ်ယာထဲ လဲနေသည်။ သူ့ဝေဒနာကို ပင်နီဆလင်ဆေးဖြင့် ပျောက်ကင်းအောင် ကုသနိုင်ခဲ့သည်။

လူကြီးမင်းဆိုသူ၏ အမည်မှာ ရန်းဒေါ့ဖ် ချာချီဖြစ်သည်။

နွားချေးတွင်းထဲက ကယ်တင်ခြင်း ခံလိုက်ရသည့် ကောင်လေးမှာ ဆာ ဝင်စတန် ချာချီဖြစ်သည်။

ကမ္ဘာကြီးသည် လုံးဝန်းလျက်ရှိနေပါသည်။

Powered by Bullraider.com