အကောင်းမြင်စိတ်

http://3.bp.blogspot.com/-NiN836QRrg4/U2vnXVbTJcI/AAAAAAAAAG8/we5g_3Ds-B0/s1600/national_flower_maldives.jpg

မွေးကတည်းက ချွတ်စွပ်တူသော အမွှာ ညီအစ်ကို နှစ်ဦးရှိသည်။ အမွှာဖြစ်သော်လည်း တစ်ဦးက အကောင်းမြင်စိတ်ရှိသူဖြစ်သည်။ ဘာဖြစ်ဖြစ် သူက

“အားလုံး ကောင်းသွားမှာပါ” ဟုပြောတတ်သည်။

အခြားတစ်ယောက်မှာ အဆိုးမြင်သမားတစ်ဦးဖြစ်သည်။ သူက

“ဘာမှ အသုံးမကျဘူး” ဟုအမြဲပြောလေ့ရှိသည်။

အမွှာဖြစ်သော်လည်း တစ်ဦးနှင့်တစ်ဦး အမြင်ချင်း ကွာခြားလွန်းသောကြောင့် မိဘများက စိုးရိမ်ပြီး စိတ်ရောဂါကု ဆရာဝန်ထံ ခေါ်ဆောင်လာကာ သားနှစ်ဦး၏ အခြေအနေကို ဆွေးနွေးကြသည်။

စိတ်ရောဂါကု ဆရာဝန်ကြီးက အမွှာကလေးနှစ်ဦး၏ ကိုယ်ရည်ကိုယ်သွေးကို မိဘများကိုယ်တိုင် လေ့လာ ဆန်းစစ်နိုင်ရန်အတွက် ဤသို့ အကြံပြုသည်။

“သူတို့ကို လာမယ့် မွေးနေ့ကျရင် အခန်းတစ်ခန်းစီမှာ ခွဲထားမယ်။ ပြီးတော့ တစ်ယောက်ကို လက်ဆောင် တစ်မျိုး ပေးမယ်။ အဆိုးမြင်တတ်တဲ့သားကို အကောင်းဆုံး အရုပ်တစ်ရုပ် လက်ဆောင်ပေးမယ်။ အကောင်းမြင်တတ်တဲ့သားကို မြေဆွေးတွေထည့်ထားတဲ့ သေတ္တာလေးတစ်လုံး လက်ဆောင်လေး ပေးကြည့် မယ်။ သူတို့ နှစ်ယောက်ဆီက ဘယ်လို တုံ့ပြန်သလဲဆိုတာ မှတ်သားပြီး ကျွန်တော့်ကို လာပြန်ပြောပါ”

မွေးနေ့အရောက်တွင် မိဘများသည် ဆရာဝန်ကြီး အကြံပြုသည့်အတိုင်း သားများကို အခန်းခွဲပြီး လက်ဆောင် ပေးသည်။ အဆိုးမြင်သားကို သူတို့က လက်ပ်တော့တစ်လုံး လက်ဆောင်ပေးပြီး၊ အကောင်းမြင်သားကို မြေဆွေးများ ထည့်ထားသည့် စက္ကူသေတ္တာလေးတစ်လုံး ပေးလိုက်ကာ စောင့်ကြည့်နေသည်။

လက်ပ်တော့ ရသည့်သားက လက်ဆောင်ဘူးကို ဖွင့်ကြည့်လိုက်ပြီးနောက် လက်ပ်တော့ကိုတွေ့သော်

“ဟာ ဘာအရောင်ကြီးမှန်းလည်း မသိဘူး။ ငါကစားချင်တဲ့ ဂိမ်းတွေလည်း မပါဘူး။ လက်ပ်တော့ ဝယ်ပေးမယ့် အစား စက်ဘီးဝယ်ပေးတာကမှ ကောင်းဦးမယ်။ ဘယ်တော့ ပေါက်ခွဲမိမယ် မသိဘူး” ဟုပြောလိုက်သည်။

မိဘများက စိတ်ပျက်ပြီး မြေဆွေးများကို ပေးထားသည့် သားဖြစ်သူ အခန်းကို သွားကာ ခြောင်းကြည့်ကြပြန် သည်။ အကောင်းမြင်သားက စက္ကူဖာလေးကို ဖွင့်ကြည့်ပြီးနောက် မြေဆွေးများကို တွေ့လိုက်ရသည့် အခါ ပထမ စိတ်ပျက်သလို ဖြစ်သွားသော်လည်း နောက်မှ သတိရဟန်ဖြင့်

“ဟေး … ဖေဖေနဲ့ မေမေကို ကျေးဇူးတင်လိုက်တာ။ ပန်းခြံထဲက နှင်းဆီပန်းအိုးလေးက သိပ်ပြီးတော့ မသန်ဘူး ဖြစ်နေတယ်။ ခုမှ မြေဆွေးတွေ ထည့်ရတော့မယ်။ ပန်းပင်လေး မြန်မြန်ပွင့်လာရင် မေမေ့ကို နှင်းဆီပန်းလေး လက်ဆောင်ပေးရမယ်”

အဆိုးမြင်တတ်သူသည် အဆိုးတွေး၊ အပျက်မြင်နေတတ်သလို၊ အကောင်းမြင်တတ်သူမှာ ကြံဖန်ဖြည့်တွေးပေး တတ်သည်ကို မိဘများ သိမြင်လိုက်ကြသည်။

(The Optimist)

Powered by Bullraider.com