တုံ့ပြန်ချက်

https://s-media-cache-ak0.pinimg.com/originals/41/1f/c1/411fc1add53214af0079b89fb26996b6.jpg

ဆရာမနှင့် တပည့်ဖြစ်သူတို့ ကျောင်းအပြန် လယ်ကွင်းတစ်ခုကိုဖြတ်ပြီး လမ်းလျှောက်လာကြသည်။ လယ်ကွင်း ထဲတွင် လယ်သမားများ ကောက်ပင်များကို ရိတ်သိမ်းနေကြသည်။ သူတို့ သစ်ပင်တစ်ပင်အနီးသို့ အရောက် တွင် ရှူးဖိနပ်အဟောင်းတစ်ရံ ချွတ်ထားသည်ကို တွေ့လိုက်ကြရသည်။ ဆင်းရဲသည့် လယ်သမားကြီးက ဖိနပ်ကို ချွတ်ထားပြီး ကောက်ပင်များကို ဆင်းရိတ်သိမ်းနေပုံရသည်။ ကျောင်းသားလေးက ရှူးဖိနပ် အဟောင်းကြီးကို ပြေးကောက်သည်။ ဆရာမက

“သား ဘာလုပ်မလို့လဲ”

“သား နောက်ချင်လို့။ ဖိနပ်တွေကို သွားဝှက်ထားမလို့”

ဆရာမက စိတ်မကောင်းစွာဖြင့် သူ့တပည့်လေးကို

“သားရေ နောက်တာပြောင်တာ ကြည့်နောက်ရတယ်။ ဆင်းရဲတဲ့ လယ်သမားကြီးကို နောက်ပြောင်တာ မကောင်းပါဘူးကွယ်”

ကျောင်းသားလေးက ဖိနပ်ကို ပြန်ချထားလိုက်ချိန်တွင် ဆရာမက

“သားရေ ဆရာမအကြံရပြီ။ သားနောက်ပြောင်ချင်တယ်ဆိုရင် ဟောဒီ ပိုက်ဆံနှစ်ပြားကို သူ့ဖိနပ်တွေထဲ ထည့် ပေးထားကြည့်ပါလား။ သူဘယ်လို ဖြစ်သွားမလဲဆိုတာ ဆရာမတို့ စောင့်ကြည့်ရအောင်”

ကျောင်းသားလေးက ပျော်သွားသည်။ ဆရာမလှမ်းပေးသည့် ပိုက်ဆံနှစ်ပြားကို ဖိနပ်အဟောင်းကြီး နှစ်ရံထဲ တွင် တစ်ဘက်တစ်ပြားစီ ထည့်ပေးထားလိုက်သည်။ ထို့နောက် သူတို့နှစ်ယောက် သစ်ပင်အကွယ်တွင် သွားရောက်ပြီး ချောင်းကြည့်နေကြသည်။

စပါးရိတ်သိမ်းခြင်းအလုပ်ပြီးသဖြင့် လယ်သမားကြီးသည် ပြန်ရန် ပြင်ဆင်ပြီး သစ်ပင်အနီးရှိ ချွတ်ထားသော ဖိနပ်ကို လာပြန်ယူသည်။ သူက ဖိနပ်တစ်ဖက်ထဲသို့ ခြေထောက်သွင်းလိုက်စဉ် ခိုးလိုးခုလု ဖြစ်သွားသဖြင့် ခြေထောက်ကို ပြန်ထုတ်ပြီး ကြည့်လိုက်ရာ ပိုက်ဆံတစ်ပြားဖြစ်နေသောကြောင့် ထုတ်ယူလိုက်သည်။ အံ့အား သင့်စွာဖြင့် နောက်တစ်ဖက်ထဲကို ကြည့်လိုက်သည့် အခါတွင်လည်း ပိုက်ဆံတစ်ပြားကို တွေ့လိုက်ရသော ကြောင့် ထုတ်ယူလိုက်ပြီး ဝမ်းသာစွာဖြင့် မျက်ရည်များ ကျလာပြီး ကောင်းကင်ကိုမော့ကြည့်ကာ

“ဘုရားသခင် ကျေးဇူးတင်ပါတယ်။ ဖျားနာနေတဲ့ တပည့်တော် ဇနီးအတွက် ဆေးဖိုးငွေလိုနေချိန်မှာ ဒီလို ကယ်မ စောင့်ရှောက်ပေးတာ ကျေးဇူးပါ။ တပည့်တော်မှာ ဆာလောင်နေတဲ့ ကလေးတွေ အတွက်လည်း ပေါင်မုန့်ဝယ်ကျွေးဖို့ လိုအပ်နေချိန်မှာ ဒီလို ကယ်မတော်မူတာ ကျေးဇူးတင်ပါတယ်” ဟုပြောလိုက်သည်။

ဆင်းရဲသား လယ်သမားကြီး ထွက်သွားသည့်အခါတွင် ဆရာမက ကျောင်းသားလေးကို

“သားတွေ့ပြီလား လူတစ်ယောက်ကို စိတ်ဆင်းရဲအောင် နောက်ပြောင်လိုက်တာနဲ့ ဒီလို ပျော်ရွှင်အောင် လုပ်ပေးလိုက်တာ ဘယ်ဟာက ပိုပြီး တန်ဖိုးရှိသလဲ”

“ဟုတ်ကဲ့ ဆရာမ။ သား ကောင်းကောင်းနားလည်ပါပြီ။ လူတစ်ယောက်ရဲ့ ပျော်ရွှင်မှုအတွက် လူ တစ်ယောက်ကို ဒုက္ခမပေးသင့်ပါဘူး။ လူတိုင်းကို ပျော်ရွှင်အောင် လုပ်ပေးနိုင်သမျှ လုပ်ပေးနိုင်တာဟာ လည်း ကြည်နူးစရာကစားနည်းတစ်ရပ်ဆိုတာ သားနားလည်သွားပါပြီ”

(Poor Farmer’s Reaction)

Powered by Bullraider.com