တရုတ် သူဌေးမများအတွက် ကိုယ်ရံတော် အမျိုးသမီးများ (ဓာတ်ပုံ အက်ဆေး)

တရုတ် အမျိုးသမီး သက်တော်စောင့်တွေမှာ ခန္ဓာကိုယ် အချိုးအစားအားဖြင့် အမျိုးသားများထက် သေးငယ်ကြသော်လည်း၊ သူတို့ကို ချမ်းသာတဲ့ တရုတ်အမျိုးသမီးလုပ်ငန်းရှင်များနဲ့ သူဌေးမိသားစုများက လုံခြုံရေးအတွက် ရွေးချယ် ခန့်ကြသည်။

အခု ပေကျင်းမြို့မှ Tianjiao Special Guard and Security Consultant ကုမ္ပဏီမှာ သန်းကြွယ် တရုတ်အမျိုးသမီးတွေရဲ့ အသက် ကာကွယ်စောင့်ရှောက်မယ့် အမျိုးသမီးငယ်များကို ထရိန်နင်ပေးရာမှ အောင်မြင်ကျော်ကြားလာသည်။ တရုတ် မီလျံနာတွေက Tianjiao လုံခြုံရေးကုမ္ပဏီ သင်တန်းဆင်းတွေကို ဒရိုင်ဘာ အနေနဲ့ ငှားခန့်ကြသည်။

အမျိုးသား ကိုယ်ရံတော်တွေက အရင်ကတည်းက တရုတ်ဈေးကွက်မှာ ရှိပြီးဖြစ်သည်။ အခုနောက်ပိုင်း အမျိုးသမီး လုပ်ငန်းရှင်တွေ၊ တရုတ်ပေါ့အဆိုတော်တွေ၊ နာမည်ကျော်ကြားသူတွေနဲ့ သူတို့မိသားစုတွေအတွက် Tianjiao ကုမ္ပဏီ အမျိုးသမီး ကိုယ်ရံတော်တွေကို အထူး သင်တန်းများပေးလာသည်၊ အချို့ကို အစ္စရေး လွှတ်ပြီး သင်တန်း ဆက်ယူခိုင်းသည်။

တရုတ်တွင် သန်းကြွယ်သူဌေး ၃၀ ရာခိုင်းနှုန်းက အမျိုးသမီးတွေ ဖြစ်တာမို့၊ ရုပ်ချော ဘွဲ့ရ လုံခြုံရေးမယ်များ ဈေးကွက် ၀င်လာခြင်း ဖြစ်သည်။ လုံခြုံရေးမေ တစ်ယောက်လစာမှာ တစ်လ ယွမ် ၅၀၀၀ (ဒေါ်လာ ၈၀၀ ) ခန့် ဖြစ်သည်။

ဝင့်ထန်း

Source: Reuters

Powered by Bullraider.com
Robots also like to read your comments! ...yes, they have feelings too! ;)good ကြိုက်တယ်ဗျာ....ဒီလိုဖြစ်ရမယ်လေ...ဒါမှ မိန်းမတွေ အိမ်တွင်းပုန်းဘ၀က လွတ်မှာပေါ့နော်.............။. အဟီး..........တစ်ယောက်လောက်လိုခြင်တယ်။ $ ၈၀၀ တော မရှိဘူး။ ၁၅၀၀ တော ပေးနုငိပါတယ်။ မေမေရယ် ခေါ်ပေးကွယ်.....တားတား လိုခြင်တယ်။. ကိုယ်တော့ကြောက်သွားပြီ သူတို့ကိုရည်းစားဖြစ်ရင်ဘယ်လိုလုပ်မလဲ မတွေးရဲဘူးကွာ. 'ဗမာပိုင် ပစ္စည်းတွေနဲ့ မဟုတ် တရုတ်တွေချမ်းသာလာပေမဲ့ ဗမာ ကတော့ ယာစကာ မျိုးဟေ့ ဒို့ဗမာ အဆင့်ကမတက်နိုင်သေးဘူး'. what will happen , when they are work in Myanmar? | JSocial Comments by PloPixel