ဂွတ်ဘိုင် သို့မဟုတ် ဟယ်လို
- Details
- Category: ကဗျာ
- Published on Friday, 30 December 2011 15:09
- Written by မမေ
- Hits: 1128
နှစ်ဆယ့်တစ်ရေ ကြည့်လှည့်ပါဦး
မင်းပစ်ပယ်ခဲ့လို့၊
ပီးမဆုံးတဲ့ ပြည်တွင်းစစ်နဲ့
ထွန့်ထွန့်ကိုလူး၊
ရုပ်ပျက်ရတဲ့ ငါ့တိုင်းပြည်လေး။
နှစ်ဆယ့်တစ်ရေ ရက်စက်လိုက်တာ
အိမ်နီးချင်းက ကျပ်
ပျောက်ပျက်တော့မဲ့
မြစ်ဧရာတွက်
တိုက်လိုက်ရတာ ငါ့တိုင်းပြည်လေး။
နှစ်ဆယ့်တစ်ရေ နှုတ်ဆက်တာတောင်
ဆိုင်ကလုန်းလေးနဲ့
စာမျက်နှာသစ်တောင်
ဖွင့်ခွင့်မပေးလို့
မျက်နှာပျက်ရ ငါ့တိုင်းပြည်လေး။
နှစ်ဆယ့်တစ်ရေ မင်းကအသက်တောင်မရှု
ပြသနာတွေတစ်ပွေ့တစ်ပိုက်ထဲ
ရိုက်ချလိုက်တာ
ငါ့တိုင်းပြည်လေး
ကျန်းမာရေးချို့
မွန်းကျပ်ခဲ့လို့
ပျော်ပျော်ကြီးကိုနှုတ်ဆက်လိုက်ချင်
ဘိုင်ဘိုင် နှစ်ဆယ့်တစ်ရေ။
ဟလို နှစ်ဆယ့်နှစ်ရေ
ငါ့တိုင်းပြည်လေး ကျန်းမာပါစေ။
ဟလို နှစ်ဆယ့်နှစ်ရေ
ငါ့တိုင်းပြည်လေး နေကောင်းပါစေလို့။
မမေ
Notice: Undefined index: data in /home/maukkha/public_html/plugins/system/jsocial_comments/libs/jsocial_tools.php on line 238








