ငြိမ်းချမ်းရေးအတွက် တွဲယှက်လက်များ
မနုသတ္တဒုလ္လဘကို
အမေ့အသွေး အသားတွေနဲ့  ရစ်ပတ်
မြင့်မြတ်တဲ့ ဗြဟ္မာစိုရ်တရားတွေပြွတ်သိပ် ချည်နှောင်
သေမင်းကောင်ကို အသက်နဲ့ ရင်းပြီး စစ်ခင်း
အလင်းအမှောင်ကို ပဲ့ကိုင်ပေးရင်း
ရောင်စုံပန်းခင်းထဲ လမ်းလျှောက်ခွင့်ပေးခဲ့တဲ့ ..မေမေ
ကျေးဇူး ကုဋေကုဋာ..ပါ   ။
သတ်မှတ်ချက်မျဉ်းကြောင်း အပေါ်
မာရသွန်ပျော်ပါး ပြေးလွှားနေတဲ့
သူ့ ကိုယ်သူတောင် သူမပိုင်တဲ့ အချိန်ကာလထဲ
အကောင်းဆုံးလုပ်ဆောင်ချက်တွေချန်သွား
လူသားဆိုတာ အတွေးနိုင်ဆုံး သတ္တဝါ
လာခြင်းကောင်းသလို ပြန်ခြင်းကောင်းဖို့ အရေးပေါ့..။
ယမ်းငွေ့ တွေသာ လှိုင်လှိုင်ရှူနေရ
နည်းပညာထွန်းကားတဲ့ အိုင်တီ(IT)ခေတ်
အတ္တနဲ့ စိုက်ပျိုးထားတဲ့ ဒီစစ်ပွဲ
ရပ်စဲဖို့  ခက်ခဲနေဆဲပဲ….။
လာမထိနဲ့  ညာညှိပြစ်လိုက်ဖို့  ပြင်ဆင်
နျူးကလီးယား ထွင်ကြလို့ 
ကျွန်တော်တို့ ရော
လူကို လူချင်းသတ်
ကမ္ဘာကြီးကို စုတ်ပြတ်စေဦးမှာလား..။
အပြာရောင် ရီနေးဆန့်  က
သတ္တဝါအချင်းချင်း စာနာရင်
သာဘာဝအလှတရား သာယာစေချင်ရင်
စစ်ပွဲတွေကိုမုန်း အဆုံးသတ်
သူငယ်ချင်းလည်း တတ်အားသရွေ့
တိုင်းရင်းသားများနဲ့  လက်ရှိအစိုးရ တို့ နွေးထွေးရင်းနီးစွာဖြင့် ပြည်တွင်းစစ်ငြိမ်းချမ်းရေးအတွက်
                          ဆွေးနွေးမှုအပေါ် ကြိုဆိုထောက်ခံလျှက်..
မင်းတာရာ
ဝ၁-၁၄-၂ဝ၁၂
Powered by Bullraider.com
Notice: Undefined index: data in /home/maukkha/public_html/plugins/system/jsocial_comments/libs/jsocial_tools.php on line 238