အိန်ဂျလီနာဂျိုလီကို မဲပေးခြင်း

(၁)

မချစ်တတ်ရင်
သစ်ပင်တွေတောင် ကြည့်မကောင်းဘူး။

ဝတ်မှုံမကူး
အပွင့်မဝေ
အဖူးမဖူး
အသီးမသီး
အထီးတည်း ရိုးတံအပြိုင်းအရိုင်း
ကိုင်းတွေမှာ အရွက်တွေမရှိ
နေအပူမှာ ရိုးကြီးဂေါင်ဂင်နဲ့သွေ့ခြောက်
တယောက် တကမ္ဘာ တအတ္တတည်း
ကိုယ့်ကိုယ်ကိုချစ်
ကိုယ့်ကိုယ်ကိုသနား
ကိုယ့်ကိုယ်ကိုကာကွယ်
ကိုယ့်ကိုယ်ကိုထူထောင်
ကိုယ့်ကိုယ်ကိုအကောင်းထင်
ဒါပေမယ့် ခြောက်နေတဲ့သစ်ပင်။

မချစ်တတ်ရင်
ကမ္ဘာကြီးပင် ပိုမိုပူနွေးလာနိုင်တယ်။

(၂)

အချစ်အခင် သေနေသူတွေ
အပေးအကမ်း သေနေသူတွေ
အဖန်အဆင်း သေနေသူတွေ
အလှအပ သေနေသူတွေ
အတွေးအယူ သေနေသူတွေဟာ
ဘဝတပိုင်း သေနေသူတွေဖြစ်တယ်။

(၃)

မေတ္တာကို ဖွဖွလေးတောင် မပွတ်သပ်ဘူးရင်တော့
အဒေါသရဲ့အအေးကိုလည်း မသိတတ်ဘူးပေါ့
ညံမနေကြပါနဲ့တော့
ကျနော်တို့မှာ နိမ့်ပါးနေတဲ့ကလေး
သန်းပေါင်းများစွာရှိနေတယ်။

ကလေးတွေအများကြီးချစ်တဲ့ ဂျိုလီမှာ
တက်တူးတွေ အများကြီးရှိတယ်
အချစ်တွေ အများကြီးရှိတယ်
သူမအရေပြားပေါ်မှာ
သူမစိတ်အတွင်းသားထဲမှာ…  
ညံမနေကြပါနဲ့တော့
ရန်ဖြစ်မနေကြပါနဲ့တော့
ကျနော်တို့မှာနိမ့်ပါးနေတဲ့ ကလေးသန်းပေါင်းများစွာရှိတယ်။     ။

နေနွယ်

၁၃ ဖေဖေါ်ဝါရီ ၂၀၁၂

Powered by Bullraider.com

Notice: Undefined index: data in /home/maukkha/public_html/plugins/system/jsocial_comments/libs/jsocial_tools.php on line 238