နို့ဖိုး

 တောင်မြင့်မို

အမြင့်ဆိုခေါင်ကတစ်။

အမေ့မေတ္တာနဲ့

နှိုင်းယှဉ်ကာ သူတုတော့

ဂမုငယ်ဖြစ်။

 အနောဒတ်ရေ

အေးမြစေ ခေါင်ကတစ် ။

အမေ့ရင်ရိပ်နဲ့

တဆိတ်ငယ် မယှဉ်စွမ်းတော့

ရေပူစမ်းဖြစ် ။

ကရဝိတ်သံ

ဂီတစံ ခေါင်ကတစ်။

အမေ့တေးနဲ့

ယှဉ်ရေးမှာသူမဝံ့တော့

နှုတ်ဆွံ့သူဖြစ် ။

ပန်းမဉ္ဇူ

လှိုင်ကြူရာ ခေါင်ကတစ် ။

အမေ့ကိုယ်ကျင့်နဲ့

ချင့်စက်ကာ ပြိုင်ဖြန့်တော့

အညံ့ပန်းဖြစ် ။

ဖိုးလမင်း

အလင်းတွင် ခေါင်ကတစ် ။

အမေ့အပြုံးနဲ့

ပခုံးချိန် သူထိုးတော့

ပိုးစုန်းကြူးဖြစ် ။

သမုဒ်ပြင်

နက်ရှိုင်းတွင် ခေါင်းကတစ် ။

အမေ့သစ္စာနဲ့

တုဖက်ကာချိန်စက်တော့

ရေပူစမ်းဖြစ် ။

မိုးကောင်းကင်

ပြန့်ပြောတွင် ခေါင်ကတစ် ။

အမေ့မျက်နှာနဲ့

တုဖက်ယှဥိ ပြိုင်လို့မှုန်းတော့

ကျောက်သင်ပုန်းဖြစ် ။

ကြီးမြတ်မှုအဝဝ

လှပမှု အထွေထွေ

မြတ်မွေးမေ ခြေစုံရင်း

ဝပ်ဆင်းရပေ ။

မြတ်ဗုဒ္ဓ သော်မှ

ဝါသုံးလ ပေးဆပ်ချေ

မကျေခဲ့မိ နို့ဖိုး။

ကဗျာဆို သားငမိုက်က

လင်္ကာတို ထွာတစ်ပိုဒ်နဲ့

ဦးခိုက်ကာ လက်စုံယှက်

နို့တစ်စက်ဖိုး ။ ။

ကံထွန်းသစ်

 

Powered by Bullraider.com

Notice: Undefined index: data in /home/maukkha/public_html/plugins/system/jsocial_comments/libs/jsocial_tools.php on line 238