မွေးနေ့ ဆုတောင်း (ကဗျာ)

ပြည်သူ့အောင်ပန်း၊ မြဲဆင်မြန်းသည့်
အောင်ဆန်းစုကြည်၊ ရဲဇာနည်ကို
မြန်ပြည်တလွှား၊ ချစ်သူများခဲ့။

တို့အား တို့အင်၊ တို့ အရှင်ကို
ကြည်ရွှင်စေသော၊ မာစေသောဟု
မွေးသောနေ့မှာ၊ တို့ သူ ငါသည်
မေတ္တာ ကြည်လင် ရွှင်ရွှင်ပို့။

ဒေါင်းပျို အိုးဝေ တွန်စေဖို့
မြတ်စုမွန်ကောင်း တောင်းကြစို့။

မင်းသုဝဏ်
၁၉-၆-၉၀ 

Powered by Bullraider.com

Notice: Undefined index: data in /home2/maukkha/public_html/plugins/system/jsocial_comments/libs/jsocial_tools.php on line 238