ကလေးနှင့် အိပ်စက်ခြင်းဆိုင်ရာ မေးခွန်းများ

http://rsvpmagazine.ie/wp-content/uploads/2016/03/young-child-sleeping-120104.jpg

မေး - ကျွန်မ သမီးလေးက သုံးနှစ်အရွယ်ရှိပါပြီ။ အိပ်ပျော်နေရင် အကြောဆွဲသလို ဆတ်ခနဲ ဆတ်ခနဲ ဖြစ်တတ်ပါတယ်။ ဖြစ်ရိုးဖြစ်စဉ်လားသိချင်ပါတယ်။

ဖြေ - ဟုတ်ပါတယ်။ ကလေးတွေ အိပ်ပျော်နေရင် အကြောဆွဲသလို ဆတ်ခနဲဖြစ်တတ်ပါတယ်။ လက်ကို ဆတ်ခနဲ လှုပ်လိုက်တာ၊ ခြေထောက်ကို ဆတ်ခနဲ လှုပ်လိုက်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ သူတို့ အိပ်မောကျ နေရင် ဖြစ်တတ်ပါတယ်။ ဒီအရွယ် ကလေးတွေ အဲဒီလို Sleep Starts ဖြစ်တာမျိုး ၇၀ ရာခိုင်နှုန်းသော ကလေး တွေမှာ ဖြစ်တတ်ပါတယ်။ မောပန်းမယ်၊ စိတ်ဖိစီးမယ်၊ အိပ်ရေးပျက်မယ်ဆိုရင် Sleep Starts ဖြစ်တတ်ပါ တယ်။ မနားတမ်းဖြစ်နေမယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသပြီး အကြံယူသင့်ပါတယ်။

မေး - အသက် ၈ နှစ်အရွယ်သားလေးကို ကျောင်းသွားဖို့ နေ့တိုင်း အိပ်ယာက နှိုးနေရပါတယ်။ ဖြစ်သင့်ပါ သလား။

ဖြေ - ဒါက မထူးဆန်းပါဘူး။ ၈ နှစ်သားအရွယ်ကို သူ့ဘာသာသူ အိပ်ယာကထအောင်လည်း အကျင့် လုပ်ပေး နိုင်ပါတယ်။ အိပ်ယာက အမြဲနှိုးနေရတာကတော့ ပြဿနာတစ်ခုဖြစ်နိုင်ပါတယ်။ ကိုယ့်ကလေး အိပ်တဲ့ အလေ့အထကို မှတ်သား ဂရုစိုက်သင့်ပါတယ်။ အထူးသဖြင့် အိပ်ရေးဝအောင် မအိပ်ရလို့လားပေါ့။ ကျောင်းကို အိပ်ရေးဝဝဖြစ်ပြီးသွားရအောင် မိဘတွေက ဂရုစိုက်ပေးပါ။ ညဥ့်နက်အောင် တီဗီကြည့်တာတွေ၊ ဂိမ်းကစား တာတွေ မလုပ်ပါစေနဲ့။

မေး - ကလေးက ညဆိုရင် သိပ်ဟောက်တာပဲ။ စိုးရိမ်ရပါသလား။

ဖြေ - ဟောက်တယ်ဆိုတာ အေးလို့လည်း ဖြစ်နိုင်သလို နှာခေါင်းထဲမှာ တစ်ခုခု ပိတ်နေလို့လည်း ဖြစ်နိုင်ပါ တယ်။ နေကောင်းပေမယ့် ညမှာ ဟောက်နေရင်တော့ OSA (obstructive sleep apnoea) ဆိုတာလည်း ဖြစ်နိုင်ပါတယ်။ OSA ဆိုတာက အိပ်ချိန်မှာ ကလေးဟာ အသက်ရှူလမ်းကြောင်းကို တစ်ခုခု ပိတ်ဆို့နေတာမျိုး ဖြစ်ပါတယ်။ အသက်ရှူရ သိပ်ပြီး ခက်ခဲနေပုံရရင် ဆရာဝန်ထံ ပြသစစ်ဆေးသင့်ပါတယ်။ ညအချိန်မှာ ကလေးဟာ ချွေးတွေ အရမ်းထွက်ရင်၊ ခေါင်းက အဆက်မပြတ် ရမ်းနေရင်၊ ပါးစပ်ကပဲ အသက်ရှူနေရင်၊ အသက်ရှူရတာ ကြပ်သလိုဖြစ်နေရင် ဆရာဝန်နဲ့ပြသပြီး အကြံယူသင့်ပါတယ်။

မေး - ကလေးတစ်ယောက် အိပ်ချိန်ကို ဘယ်လို သတ်မှတ်နိုင်ပါသလဲ။ အရွယ်အလိုက် အိပ်စက်ချိန် ကွာခြား နိုင်ပါသလား။

ဖြေ - လေးဘက်သွားစ ကလေးတစ်ယောက်ရဲ့ ညအိပ်ချိန်ဟာ တစ်ည ၁၂ နာရီ ရှိသင့်ပါတယ်။ နေ့ခင်း ဆိုရင် တစ်နာရီ နှစ်နာရီလောက် အိပ်တတ်ပါတယ်။

မူကြိုအရွယ်ကလေးတွေဆိုရင်တော့ ညဘက်မှာ ၁၁ နာရီကနေ ၁၃ နာရီလောက်အထိ အိပ်စက်သင့်ပါတယ်။ မူကြိုကျောင်းတွေမှာ နေ့ခင်းဆိုရင် ကလေးတွေကို ပေးအိပ်ပါတယ်။ ကောင်းတဲ့ အလေ့အကျင့်ဖြစ်ပါတယ်။

ကျောင်းနေအရွယ် ကလေးတွေဟာ အသက် ၆ နှစ်မှ ၉ နှစ်အရွယ်အထိဆိုရင် တစ်ညကို ၁၀ နာရီမှ ၁၁ နာရီလောက်အထိ အိပ်ချိန်ရသင့်ပါတယ်။ သူတို့ဟာ နေ့ခင်းဘက် အိပ်စက်ရမှာ မဟုတ်တဲ့အတွက် ညအိပ် ချိန်မှာ နှစ်ခြိုက်စွာ အိပ်စက်နိုင်ဖို့ အရေးကြီးတယ်။

မေး - သားလေးက စိတ်အရမ်းကြီးတာပဲ။ အိပ်ယာကနိုးရင် အရမ်းစိတ်ကောက်တယ်။ ဘာဖြစ်လို့လဲ။

ဖြေ - အမေဖြစ်သူက နိုးနေပြီး သူနိုးချိန်မှာ စိတ်ကောက်နေရင် သူအိပ်ရေးမဝလို့ ဖြစ်နိုင်တယ်။ ဒါမှမဟုတ် ပြန်အိပ်ချင်သေးလို့လည်း ဖြစ်နိုင်တယ်။ သူ့ကို ဂရုစိုက်ပြီး ချော့မော့ပေးပါ။

မေး - သားက သုံးနှစ်ရှိပြီ။ ညဆိုရင် ညဥ့်နက်မှ နို့ထတောင်းတယ်။ အမြဲတစ်ပုလင်းထဖျော်ပေးရတယ်။ ပုံမှန် တောင်းဆိုမှုလား။ ပြဿနာတစ်ခုခုရှိသလား။

သူ့မှာ နို့သောက်လိုက်ရမှ အိပ်ပျော်တဲ့ အစွဲတစ်ခုခုတော့ ရှိနေပြီ။ သူက ညဥ့်နက်ရင် လန့်နိုးတိုင်း ပြန်အိပ်ဖို့ နို့စို့ရမယ်ဆိုတာ စိတ်ထဲမှာ ဖြစ်နေပုံရပါတယ်။

ဒီလို ညဘက်မှာ နို့ထတောင်းပြီး ကောင်းကောင်းမအိပ်တဲ့ ကလေးတွေအတွက် ပထမရွေးချယ်ချက်ကတော့ နို့ဖြတ်ဖို့ပါပဲ။ ဒါကြောင့် ကလေးကို နို့ဖြတ်ဖို့ နားလည်အောင် ရှင်းပြသင့်တယ်။ နို့အစား သူ့ကို အရုပ်လေး တစ်ရုပ်ပေးပြီး အိပ်စက်စေခြင်း၊ နှစ်သိမ့်အားပေးခြင်းတွေကိုလည်း လုပ်ပေးသင့်တယ်။ ကလေးက နို့ဖြတ်မယ် ဆိုရင် သူ့ကို တစ်ခုခု ဆုအဖြစ်ပေးသင့်တယ်။ ဒါမှမဟုတ် မွေးနေ့ပွဲလေးလုပ်ပေးပြီးတော့ နို့ဖြတ်ခိုင်းတာမျိုးပေါ့။ နို့ဖြတ်ပြီလို့ စီစဉ်ပြီးရင် ပြန်မတိုက်နဲ့တော့။ သူ့ကို ရှေ့ဆက်နိုင်အောင် တစ်ခုခုနဲ့ ဖြေသိမ့်ပေးပြီး ကျော်လွှား နိုင်အောင် လုပ်ရတော့မယ်။

(Ref : Raising Children Network)

Powered by Bullraider.com