အင်္ဂလိပ်စာလေ့လာမှုဆိုင်ရာ အကောင်းဆုံး Application များ

ဘာသာစကားလေ့လာရာမှာ ရှေးကတော့ ဆရာ၊ ဖတ်စာအုပ်၊ ကျောက်သင်ပုန်း သုံးမျိုး ဆက်သွယ်မှုနဲ့ လေ့လာခဲ့ကြတယ်။ ဒါကိုတော့ one way လို့ခေါ်ပါတယ်။ ဆရာ နဲ့ ကျောင်းသားဆက်သွယ်မှုမှာ စာအုပ်နဲ့ ကျောက်သင်ပုန်းဆိုတာ medium အဖြစ် အသုံးချရတဲ့ တစ်ခုတည်းသော နည်းလမ်း ဖြစ်ပါတယ်။

၁၉၈၀ နဲ့ ၁၉၉၀ ပြည့်နှစ်အတွင်းမှာ audio နဲ့ video တွေအသုံးပြုပြီး လေ့လာသင် ယူမှုတွေ ခေတ်စားလာတယ်။ အဲဒီခေတ် မတိုင်မီကတော့ ကက်ဆက်ဆိုတာကို သုံးလိုက်ကြသေးတယ်။ Audio နဲ့ video သင်ကြားနည်းဟာ သင်ယူသူကို ပိုပြီး စိတ်ပါဝင်စားစေသလို၊ တတ်မြောက်မှု လည်းမြန်၊ ထိရောက်မှု လည်းရှိတာကြောင့်  အကြိုက်များလာတယ်။

ဒါပေမယ့် နည်းပညာပေါင်းစပ်ပါဝင်လာတာကြောင့် လူတိုင်းဝယ်နိုင် သုံးနိုင်တဲ့ အဆင့်မဖြစ်နိုင် သေးဘူး။ နောက်ပိုင်း MP3 လိုစက်လေးတွေ၊ ရေဒီယိုတွေပေါပေါများများ သုံးလာနိုင်မှ ပိုပြီး ထိရောက်လာတယ်လို့ဆိုရမယ်။

ခုခေတ်ကတော့ အင်တာနက်ခေတ်၊ အွန်လိုင်းခေတ်ဖြစ်လာပြီ။ ကိုယ်လိုချင်တဲ့ အပိုင်း၊ လေ့လာချင်တဲ့ဘာသာစကားတွေကို အွန်လိုင်းကရနိုင်သလို၊ လေ့လာမှုကို ပိုပြီး သွက်လက်မြန်ဆန်စွာ အထောက်အကူပြု နိုင်တဲ့ application ဆော့ဖ်ဝဲတွေလည်း တီထွင်လာကြတာတွေ့ရတယ်။ အထူးသဖြင့် အွန်လိုင်းကနေ အင်္ဂလိပ်စာ လေ့လာမှုဆိုင်ရာ application တွေကို ရယူ နိုင်တာကြောင့် စမတ်ဖုန်းရှိတဲ့သူတွေ၊ tablet ကွန်ပျူတာရှိသူတွေ ပိုပြီး အဆင်ပြေ လာပါတယ်။

အင်္ဂလိပ်ဘာသာစကားကို second language အနေနဲ့ သင်နေတဲ့ကျောင်းတွေ၊ ဒါမှမဟုတ် ကိုယ်တိုင်လေ့လာသင်ယူနေသူ တွေအတွက် application တွေဟာ တန်ဖိုး မဖြတ်နိုင်လောက်အောင် ထိရောက်မှုရှိပါတယ်။ သိမြန်၊ တတ်မြန်အောင် အထောက် အကူပြုတယ်လို့ဆိုနိုင်တယ်။
ဒါကြောင့် စမတ်ဖုန်းတွေ၊ တက်ဘလက်တွေ၊ ကွန်ပျူ တာရှိသူတွေအတွက် လေ့လာသင်ယူမှုကို အထောက်အကူပြုနိုင်တဲ့ အင်္ဂလိပ်စာသင် application တွေထဲက အသုံးအဝင်ဆုံး အထိရောက်ဆုံး၊ အကောင်းဆောင်း ၅ ခုကို ဖော်ပြလိုက်ပါတယ်။

1.    Sounds: The Pronunciation App

 
ဒီ application ကို macmillan Education အဖွဲ့က တီထွင်ထားတာပါ။ အင်္ဂလိပ်စာလုံး တွေနဲ့ အသံထွက်တွေကို လေ့လာနိုင်ပါ တယ်။ အသံကို ဗြိတိန်လေသံရော၊ အမေရိကန်လေသံနဲ့ပါ ထွက်ခိုင်းလို့ရတယ်။ အထူး လေ့ကျင့်ခန်းကဏ္ဍမှာ listening, writing, reading တွေကို လေ့ကျင့်လို့ရတယ်။ ဆရာတွေအတွက်လည်း သင်ခန်းစာတွေပါတယ်။

2.    Byki

 
ဘာသာစကား ၇၄ မျိုးနဲ့ အထူးလေ့လာလို သူတွေအတွက် application ဖြစ်ပါတယ်။ ပြင်သစ်လို လေ့လာနိုင်သလို၊ အင်္ဂလိပ်လိုလည်း လေ့လာနိုင်တယ်။ ရှုပ်ထွေးတဲ့ grammar ဆိုင်ရာသဘောတရားတွေ၊ စိတ် အနှောင့်အယှက်ဖြစ်နေတဲ့ အသုံးအနှုန်းတွေကိုမေ့ထားပြီး စတင်လေ့လာလိုသူတွေ vocabulary နဲ့ ပျော်ပျော်ကြီးလေ့လာနိုင်တယ်။ ဘာသာစကားကို သုတေသနပြုမှု အသွင်နဲ့ ချဉ်းကပ်ထားတာကြောင့် နည်း နည်းတော့ အဆင့်မြင့်တယ်။ လေ့လာဖို့ အကောင်းဆုံး၊ မှတ်ထားသင့်တဲ့ phrase တွေကိုလည်း ဖော်ပြပေးထားတယ်။

3.    SnaPanda

 

လွယ်ကူပြီး အသုံးဝင်တဲ့ application လေး တစ်ခုဖြစ်တယ်။ ဒီဆော့ဖ်ဝဲထဲကို အင်္ဂလိပ်စာတွေထည့်ထားပြီး သူ့ကို ဖတ်ခိုင်းလို့ လည်းရတယ်။ မသိတဲ့ စာလုံးအပေါ်မှာ ထောက်ပြီး ဘာသာပြန်ခိုင်းလို့လည်းရတယ်။ သူ့ ဆော့ဖ်ဝဲထဲမှာပါတဲ့ dictionary နဲ့ အဓိပ္ပာယ်တွေကိုလည်း ဖော်ပြခိုင်းလို့ရတယ်။ စာလုံးလေးတစ်လုံးကို ထောက်လိုက်တာနဲ့ ရှင်းလင်းချက်တွေ ဘေးကနေထွက် လာလိမ့်မယ်။

4.    Vocopedia

 
Intermediat level လေ့လာရာမှာ အသုံးဝင်တဲ့ application ဖြစ်တယ်။ Flashcard ဂိမ်းနဲ့ Hangman ဂိမ်းကို အထောက်အကူအတွက် ထည့်ထားပေးတယ်။ အင်္ဂလိပ်စာလေ့လာလို သူတွေအတွက် အဲဒီဂိမ်းနှစ်မျိုးက ပျော်စရာ လည်းကောင်းသလို vocabulary လည်း ကြွယ်ဝစေပါတယ်။ တစ်ယောက်တည်းဂိမ်းကို ကစားနိုင်သလို၊ သူငယ်ချင်းနဲ့ နှစ်ယောက်ကစားနိုင်အောင် စီစဉ်ထားပေးတယ်။ စာလုံးရေ ၄၀၀၀ လောက်ကို အသုံး ချလေ့လာနိုင်တယ်။

5.    English Grammer in Use

 
Intermediate level လောက်အတွက် ရည်စူး ပြီး grammar ဗဟုသုတ ကြွယ်ဝစေဖို့ ထုတ်ထားတဲ့ application ဖြစ်ပါတယ်။ မေးခွန်းတွေအများကြီးထည့်ထားပေးပြီး လေ့လာသူတွေ ပါဝင်ဖြေဆိုစေအောင် စီစဉ်ထားတယ်။ အခန်းပေါင်း ၁၆  ခန်းခွဲထားတယ်။ မော်နီတာ screen ပေါ်မှာ စာသားတွေ အနေနဲ့ တွေ့မြင်နိုင်သလို အသံ audio အနေနဲ့လည်း နားထောင်နိုင်တယ်။

တင်ညွန့်

Powered by Bullraider.com

Notice: Undefined index: data in /home/maukkha/public_html/plugins/system/jsocial_comments/libs/jsocial_tools.php on line 238