စာမူနှစ်ခုနဲ့ ပအိုဝ်းစာပေ ဘယ်လဲ

လူမျိုးတစ်မျိုး၏ အသက်ကာ စာပေဖြစ်သလို စာပေတိုးတက်မှ လူမျိုးတိုးတက်နိုင်မှာ ဖြစ်ပါသည်။ စာပေသည် အလင်းရောင်ကိုဆောင်သလို ညီညွှတ်မှုနှင့် အပြန်အလှန် ဆက်နွယ်ပေါင်းကူးမှုကိုပါ ဖော်ဆောင်စေပါသည်။ ထို့အတူ ပအိုဝ်းအမျိုးသားတို့၏ စာပေကာ ပအိုဝ်းစာဖြစ်သလို၊ ပအိုဝ်းစာသင်ကြားရေး၊ ပအိုဝ်းစကား ပြောဆို ရေးကို အင်တိုက်အားတိုက် လုပ်ဆောင်မှသာ ပအိုဝ်းစာပေထွန်းကားလာမှာ ဖြစ်ပါသည်။ 

ပအိုဝ်းစာ တက်မြောက်သင်ကြားခြင်းဖြင့် တောင်ပေါ်၊ မြေပြန့် ပအိုဝ်းအချင်းချင်း ဂီတ၊ ဓလေ့၊ အမြင်ချင်း ဆက်နွယ်ပေါင်းကူးနိုင်မှာ ဖြစ်ပါသည်။ ပအိုဝ်းလူငယ်လူရွယ်များလည်း အကျိုးရှိလာမှာဖြစ်သလို ယဉ်ကျေးမှု၊ စာပေ ထိန်းသိမ်းရေး အတွက်ပါ တာဝန်တရပ်၊ တွန်းအားတရပ်လို အနာဂတ်အတွက် ဖြစ်လာစေမှာပါ။ 

ယနေ့အချိန်မှာတော့ ပအိုဝ်းစာပေရှိနေလျှက် စာပေသင်ကြားတက်မြောက်ရေး သိရှိမှု၊ စိတ်ဝင်စားမှု နည်းပါးသည်ကို လူငယ်များအကြား တွေ့မြင်နိုင်သလို ပအိုဝ်း စကားပြောဆိုမှု၊ တက်ကျွမ်းနားလည်မှု နည်းပါးလာရ သည်ကို အောက်ပြည် ပအိုဝ်းဒေသအတော်များများတွင် အနည်းနှင့်အများ တွေ့မြင်လာရပါသည်။ အထူးသဖြင့် ပအိုဝ်းအမျိုးသားနေ့ တွေမှာ ပအိုဝ်းစာပေ၊ ပအိုဝ်းစကားပြောဆို ၊ အသုံးပြုခြင်းထက် အခြားဘာသာစကား နေရာယူလာရခြင်းမှာ လူငယ်လူရွယ်အကြား ပအိုဝ်းစကားနားလည်မှု၊ သဘောပေါက်မှုများ မရှိသည့်အခြေ အနေများ ပိုမိုများပြားလာသည်ကို ယနေ့အချိန်မှာ တွေ့မြင်နေရပြီးဖြစ်ပါတယ်။ အကြောင်းမှာ သထုံစာမှု-ပအိုဝ်းစာပေ သင်ကြားပေးမှု အလေ့အထ နည်းပါးခြင်းကြောင့်ဖြစ်ပါသည်။ ထို့ပြင် ပအိုဝ်းစာပေရှိပါလျက် ပအိုဝ်းစကားပြောတက်သော်ဌား အခြေအနေအရပ်ရပ်ကြောင့် ပအိုဝ်းစာပေသင်ကြားခွင့် မရှိခြင်းကြောင့် ပအိုဝ်းစာပေမှေးမိန်းခဲ့ခြင်း ဖြစ်ပါသည်။ 

ဘာသာစာပေရှိနေပါလျက် သင်ကြားမှုနည်းပါးလာခြင်းမှာ အောက်ပြည် ပအိုဝ်းစာပေယဉ်ကျေးမှုကော်မတီ၏ လုပ်နိုင်ကိုင်နိုင်မှု နည်းပါးခြင်း၊ မိဘများ၏ စိတ်ဝင်စားမှုနှင့် အားပေးမှု နည်းပါးခြင်း၊ ပတ်ဝန်းကျင်ဘာသာစကား လွန်စွာလွှမ်းမိုးခြင်းများကြောင့် စာပေနှင့် ဘာသာစကား တနေ့ထက်တနေ့ မှေးမိန်လာရခြင်း ဖြစ်ပါသည်။ အစိုးရတရပ်၏ တာဝန်ကင်းမဲ့မှုနှင့် ဖိနှိမ့်မှုများကြောင့်လည်း ပါဝင်ပတ်သတ်ပါသည်။ တဘက်တချက်တွင် စာပေလုပ်ဆောင်မှုအားနည်းသလို တခြားတဘက်တွင်လည်း ပအိုဝ်းစာပေသင်ကြားလာရေး ကျယ်ကျယ် ပြန့်ပြန့် အစပြုလုပ်ဆောင်လာသည်ကို ပအိုဝ်းဒေသ၊ နေရာအသီးသီးမှာ တစတစ တွေ့မြင်လာရပါသည်။ အချိန်ကာ နောက်မကျသေး၊ ဂုဏ်ပုဒ်နှင့် အညီ အားတက်သဖွယ် လုပ်ဆောင်သည်ဟု မှတ်ယူပါသည်။ စာပေ သင်ကြားခြင်းသည် ပအိုဝ်းလူငယ်များအတွက် အနာဂတ်ပညာအလင်းရောင် ဖြစ်ပါသည်။

၎င်းပအိုဝ်းစာပေ မှေးမိန်လာရခြင်းကို ဖန်တီးသူမှာ စာမှုနှစ်မျိုးနဲ့ ပအိုဝ်းစာပေ၏ ဆိုးကျိုးသတ်ရောက်မှုကြောင့် မဟုတ်နိုင်သလို၊ ရှိရင်းစွဲ သထုံစာမှု-ပအိုဝ်းစာပေကို တက်မြောက်သင်ကြားစေရေး အလေ့အထပြုမှု နည်းပါးခြင်းကြောင့် ပအိုဝ်းစာပေ မှေးမိန်းရခြင်း ဖြစ်ကြောင်း သိရှိနိုင်ပါသည်။ သို့သော် ပအိုဝ်းစာပေတက် မြောက်မှုမှာ ယနေ့အထိ အနည်းအကျဉ်သား တွေ့မြင်ဆဲပါ။ “ခမ်းကောင်လိတ်သည် န်ီလိတ်၊ ခမ်းဒွန်လိတ်သည် န်ီလိတ်” ပအိုဝ်း စည်းလုံးညီညွတ်ရေး ဆောင်ပုဒ်အတိုင်း စာပေတခုတည်း ဖြစ်လာရေးသည် ပအိုဝ်းအမျိုးသားတို့ အရေးကြီးတမျှ ညီညီညွတ်ညွတ် လုပ်ဆောင်ရမှာ ဖြစ်ပါသည်။ စာမှုနှစ်ခုနဲ့ ပအိုဝ်းစာပေ အတွက် ပအိုဝ်းခေါင်းဆောင် အချင်းချင်း ဒေသစွဲ၊ စာပေစွဲ ငြင်းခုံခဲ့ဖူးကြောင်း သမိုင်းအရ ရှိခဲ့ဖူးပြီးဖြစ်ပါသည်။ သူ့စာပေ၊ ငါ့စာပေ သင်ကြားရေး အစွဲရှိခြင်းများကြောင့် ညီညွတ်ရေး ပျက်ပြားနိုင် သလို ပအိုဝ်းအမျိုးသား အားလုံးအတွက် အနာဂတ် အနှောင့်အယှက်တခု ဖြစ်စေနိုင်ပါသည်။ စာပေတခုတည်း ဖြစ်လာရေးအတွက် ပအိုဝ်းအမျိုးသား အားလုံး၊ ခေါင်းဆောင်နှင့် လူငယ်မကျန် ၀ိုင်းဝန်းလုပ်ဆောင် အချိန်တန်ပြီးဖြစ်ကြောင်း ၂၀၁၃ ခုနှစ်- အစိုးရ၏ တိုင်းရင်းသား ဘာသာသင်ကြားရေး ခွင့်ပြုချက်က သက်သေထူပြီး ဖြစ်ပါတယ်။

၎င်းတိုင်းရင်းသားစာပေ သင်ကြားစေရေ မြန်မာအစိုးရကျောင်းမှုအရ ပအိုဝ်းစာသင်ကြားခွင့် ရရှိခြင်းနှင့် ပတ်သတ်ပြီး စာမှုနှစ်ခုနဲ့ ပအိုဝ်းစာပေ ဘာလုပ်မည်နည်း။ အောက်ပြည်စာ-သထုံစာမှု အောက်ပြည်မှာ သင်မှာလား။ တောင်ပေါ်စာ-တောင်ကြီးစာမှု တောင်ပေါ် ပအိုဝ်း သင်ကြားမှာလား။ မိုးရွာတုန်း ရေခံစကားအတိုင်း ပအိုဝ်းအမျိုးသားတိုင်း တခုတည်းသော ပအိုဝ်းစာပေသင်ကြားခြင်းဖြင့် ညီညွတ်မှုကို ပြသမှာလား၊ အခွင့်အရေး ကို လက်မလွတ်တမ်း ကမ်းမည်လား၊ ပအိုဝ်းအမျိုးသားတိုင်း ရှင်းလင်းတိကျသည့် မျက်နှာစုံဆွေးနွေးပွဲရလဒ် အဖြေထုတ်သင့်ပြီး ဖြစ်သည်။ လူမျိုးတစ်မျိုး- စာပေနှစ်မျိုးသင်ကြားခြင်းဖြင့် ညီညွတ်မှုကို မဆောင်ကြဉ် နိုင်သလို၊ ရေရှည်အကျိုးအတွက် သဟဇာတရှိမည်မဟုတ်ကြောင်း ထင်မြင်ပါသည်။ စာပေရှိမှလူမျိုးတိုးတက် နိုင်သလို၊ စာပေတခုတည်းဖြစ်လာရေးအတွက် ပအိုဝ်း အမျိုးသားတို့ စည်းလုံးညီညွတ်နိုင်မှ ဖြစ်နိုင်ပါသည်။ ဖြစ်ချင်တာထက် ဖြစ်သင့်တာ လုပ်ဆောင်ခြင်းသည် ပအိုဝ်းတမျိုးသားလုံးအတွက် အကျိုးဖြစ်ပါသည်။ ညီညွတ်ခြင်းဖြင့် ညီအစ်ကို တိုင်းရင်းသားအကြား ပအိုဝ်းဂုဏ်သတင်းလည်း မွေးပျံ့စေပါသည်။

အောက်ပြည်စာ အောက်ပြည်ပအိုဝ်းသင် သင့်သလို တောင်ကြီးစာမှု တောင်ပေါ်ပအိုဝ်း သင်နိုင်သည့် ထင်မြင် ယူဆချက်၊ မဖြစ်သင့်တော့ပါ။ ပအိုဝ်းတမျိုးသားလုံးစာပေသည် ပအိုဝ်းအတွက်ဖြစ်စေရမည့်အတိုင်း တခုတည်း သော ပအိုဝ်းစာပေကို ပအိုဝ်းတစ်မျိုးသားလုံး သင်ကြားနိုင် ရမည် ဆောင်ပုဒ်အတိုင်း ပအိုဝ်းလူငယ်များ နည်းတူဖြစ်စေချင်ပါသည်။ ညီညွတ်ခြင်းမှ ပန်တိုင်းသို့ ရောက်နိုင်သလို ပအိုဝ်းအမျိုးသားများ ကဏ္ဍအလိုက် ညီညွတ်မှ ကျန်ုပ်တို့ ရောက်ချင်သည့် နိုင်ငံရေးပန်းတိုင်ကို တက်လှမ်းနိုင်မှာ ဖြစ်ပါသည်။ ဒေသစွဲကင်းကင်းနှင့် ရှိရင်စွဲ အခြေအနေကို ပအိုဝ်းပြည်သူတို့ မှန်မှန်ကန်ကန် ဆုံးဖြတ်ချက်ချ လုပ်ဆောင်နိုင်ဖို့ လိုပါသည်။ လူများစုဒေသက လူနည်းစုဒေသကို အထင်မြင်သေးသည့် ယူဆချက်နှင့် တဘက်သတ် အပြစ်တင်မှု၊ ဖိအား ပေးမှုကို ပအိုဝ်းအချင်းချင်း ဆောင်ကြဉ်ဖို့ လိုအပ်ပေသည်။

အကြောင်းမှာ သထုံစာမှု-ပအိုဝ်းသင်ကြားစေရေးသည် အောက်ပြည်ပအိုဝ်းတို့ ပအိုဝ်းစာတက်မြောက်ရေး ရည်ရွယ်ချက် ဆိုနိုင်သလို၊ သထုံစာမှု- ပအိုဝ်းစာဆက်လက်တည်ရှိခြင်းသည် အောက်ပြည်ပအိုဝ်းတို့၏ အထွန်ုမြတ်ဆုံး အလံတရာဘုရား တည်ရှိခြင်း၏ သက်သေ သင်္ကေတလည်း ဖြစ်ပါသည်။ အကြောင်းမှာ သထုံစာမှုကို အလံတရာမှ အစပြုခဲ့ခြင်းပင်တည်း။ ပအိုဝ်းစာပေကို အလံတရာနေ ပညာတက် ဆရာတော် များမှ တီထွင်ပြီး အလံတရာနေ ပအိုဝ်းပြည်သူများနှင့် မယ်သီလရှင်(ဖီဖွာ)များမှ ပထမဆုံး သင်ကြား တက်မြောက်ခြင်းကြောင့် သထုံစာမှု-ပအိုဝ်းစာပေသည် အလံတရာနေ ပြည်သူတို့၏ သမိုင်းတစိတ်တဒေသ ဖြစ်ပါသည်။ ထို့မှတဆင့် သထုံမြို့ အနီးဝန်းကျင်နှင့် ကရင်ပြည်နယ် သာမညတောင်နေ ပအိုဝ်းပြည်သူအချို့ သထုံစာမှု -ပအိုဝ်းစာ တက်မြောက်ခဲ့ကြသည်။ ဒါကြောင့် အောင်ပြည်-သထုံစာမှုကို လွယ်လွယ်နှင့် အောက် ပြည်နေသူတို့ မမေ့နိုင်သလို ၊ အခြားသောပအိုဝ်းစာတခုနှင့် အစားထိုးဖို့ မလွယ်ကူသေးပါ။ အစိုးရအပြင်၊ ပအိုဝ်းအများဆုံး သဘောတူ၊ လက်ခံသင်ကြားသည့် တောင်ကြီးစာမှုအတိုင်း အောက်ပြည်ပအိုဝ်းတို့ သင်ကြား နိုင်ဖို့ ညှိနှိုင်းတိုင်ပင် ရအုံးမည်ဖြစ်ကြောင်း ထင်မြင်မိသည်။ သည့်အတွက် ပအိုဝ်းခေါင်းဆောင်များ စာမှုတခု-ပအိုဝ်းစာပေ ပေါ်ထွန်းရေးအတွက် ဆယ်စုနှစ်ချီ ငြင်းခုံခဲ့ပြီး အောင်မြင်မှု မရရှိပဲ ဆွေးနွေးပွဲများ ပြီးဆုံးခဲ့သည့် သက်သေများ ရှိခဲ့ဖူးပြီး ဖြစ်ပါသည်။ 

အမှန်တော့ လူများစုသင်ကြားသည့် တောင်ကြီးစာမူ -ပအိုဝ်းစာပေသင်ကြားခြင်းသည် အရပ်ဒေသ အသီးသီးရှိ အောက်ပြည်၊ တောင်ပေါ်ပအိုဝ်း ပြည်သူအတွက် အကျိုးများစွာ ဖြစ်ထွန်းစေသလို၊ အချင်းချင်းအပြန်အလှန် ချိတ်ဆက်စေပါတယ်။ လက်တွေ့မှာလည်း အောက်ပြည်နေ ပအိုဝ်းဆီသို့ တောင်ပေါ် အခြေအနေ အရပ်ရပ်များ စီးဆင်းနေပါသည်။ အောက်ပြည်နေ ပအိုဝ်းအများစုကို နိုင်ငံရေး၊ အမျိုးသားရေး၊ ယဉ်ကျေးမှုပါ မကျန် ဆက်စပ် ကွန်ယက်-ပေါင်းစည်းစေပါသည်။ လက်ရှိပအိုဝ်းတို့၏ အရပ်က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပအိုဝ်းဒေသက ပိုပြီး ပေါ်လွင်နေပါသည်။ တောင်ပေါ်နေ ပအိုဝ်းတို့၏ အညီညာဆုံး ယဉ်ကျေးမှု၊ ဆန်းသစ်ဆုံး ပအိုဝ်းဝတ်စား ဆင်ယင်ပုံ၊ ပအိုဝ်းရိုးရာဆန်ဆန် ဂီတဖန်းတီမှု၊ နိုင်ငံရေး ပြောင်းလဲ ဆန်သစ်မှုများတွေကာ အောက်ပြည်နေ ပအိုဝ်းဆီသို့ တနေ့တခြား စီးဆင်းနေပါသည်။ သူတို့၏ နေ့တဓူဝ လှုပ်ရှားမှုကိုလည်း ရိုက်ခတ် စိတ်လှုပ်ရှား စေပါသည်။ တောင်ပေါ်နေ ပအိုဝ်းတို့ ပအိုဝ်းဝတ်စာ ဆင်ယင်သလို အောက်ပြည်နေ ပအိုဝ်းများလည်း ရိုးရာ ၀တ်စုံကို မြတ်မြတ်နိုးနိုး ပိုပြီး ၀တ်ဆင်လာသည်ကို တွေ့မြင်နိုင်ပါသည်။ ဒါက တူညီယဉ်ကျေးမှု အချင်းချင်း ပေါင်းစည်း စီဆင်းခြင်းပါပဲ။ ဒီအပြင် ပအိုဝ်းအမျိုးသား စာပေအား တခုတည်း ပေါင်းစည်းနိုင်ရင် အောက်ပြည်၊ တောင်ပေါ် ပအိုဝ်းအချင်းချင်းပိုပြီး ဘက်ပေါင်းစုံ အပြန်အလှန် စီးဆင်းနိုင်ပါလိမ့်မည်။ ဂီတဘက်မှာလည်း တောင်ပေါ်သီချင်းက အောက်ပြည်နေ ပအိုဝ်းတို့ကို များစွာ ရိုက်ခတ်စေပါသည်။ “တီးရီးရီးရော့စ် နှင့် စမူးနံ”ံ ခေတ်ဟောင်းပအိုဝ်းသီချင်းများက အောက်ပြည်နေ ပအိုဝ်းတို့အတွက် ထာဝရ သီချင်းသဖွယ် ဖြစ်စေပါသည်။ ယနေ့ထက်ထိ မရိုးနိုင်သော အောက်နေ ပြည်သူတို့အတွက် ရေပန်းစားနေဆဲပါပဲ။

ဒါကြောင့် တစ်မျိုးတည်းသော ပအိုဝ်းစာပေဖြစ်ပေါ်လာရေးမှာ တမျိုးသားအားလုံး၏ တာဝန်ဖြစ်သလို၊ ညီညီ ညွတ်ညွတ်နှင့် အပြန်အလှန် သဘောတူ လုပ်ဆောင်သွားရမှာလည်း ဖြစ်ပါသည်။ စာပေတခု ပေါ်ပေါက်လာ ခြင်းဖြင့် ပအိုဝ်းအမျိုးသားများ အချင်းချင်း အမျိုးသားရေး၊ စီးပွားရေးနှင့် ပညာရေး၊ ယဉ်ကျေးမှု ကဏ္ဍများတွင် အပြန်အလှန် ပိုမိုချိတ်ဆက်လုပ်ဆောင်နိုင်မည်ကြောင်း နိဂုံးချုပ်အနေဖြင့် တင်ပြချင်ပါသည်။

ခွန်မင်းနိုင် (၂၇၊ ၄၊၂၀၁၃)

Taunggyi Time

Powered by Bullraider.com

Notice: Undefined index: data in /home2/maukkha/public_html/plugins/system/jsocial_comments/libs/jsocial_tools.php on line 238