လက်ဆင့်ကမ်း အမွေ

http://images.clipartpanda.com/teacher-clipart-ncE74e57i.gif

အခန်း(၁)

လွန်ခဲ့သောနှစ်ပေါင်း ၃၅ နှစ်ကျော်ကာလ။

မူလတန်းကျောင်း တစ်ကျောင်း၏ စာသင်ခန်း

“ဆန်းလွင်” ရှေ့ကိုထွက်ခဲ့စမ်းဟေ့”

ဆရာကြီး၏ ခေါ်သံကြောင့် ဆန်းလွင်တစ်ယောက် လက်ပိုက်၍ ဆရာကြီးစားပွဲရှေ့သို့ ရောက်ခဲ့ရ သည်။

“ ၆ နဲ့ ၅ ပေါင်းရင် ဘယ်လောက်ရသလဲကွ-ပြောစမ်းပါအုန်း”

“၁၁ ရပါတယ် ဆရာကြီး” ဆရာကြီး၏ စကားအဆုံးတွင် သွက်လက်စွာပင် အဖြေပြန်ပေးလိုက်သည်။

“အေး ဒါဖြင့်လဲ မင်းတွက်ထားတဲ့ ပုစ္ဆာကို ပြန်ကြည့်ပါအုံးကွ” ဆရာကြီးပေးလိုက်သော လေ့ကျင့်ခန်း စာအုပ်ကို လက်နှစ်ဖက်ဖြင့်ရိုသေစွာ လှမ်းယူ၍ ကြည့်လိုက်မိရာ အပေါင်းပုစ္ဆာ၏ ခုဂဏန်းရလဒ်အဖြေ မှာ “၁” ဖြစ်ရမည့်အစား သုညဖြစ်နေသည်ကို တွေ့လိုက်ရသည်။

“တွေ့ပြီလားကွ၊ မင်းရဲ့အမှား။ အခုအတန်းအောက်မှာရေးပြီး၊ ဆယ်အတန်းပေါ်ကို “၁” တင်ပေးရမှာ။ အခု အတန်းအောက်မှာ “၁” မဖြစ်ဘဲ သုညရေးထားတာတွေ့လား? ဒီပေါ့ဆမှုကြောင့် ပုစ္ဆာတစ်ပုဒ် လုံးမှားသွားပြီဆိုတာကိုရော သိရဲ့လား?

“ဟုတ် …. ဟုတ်ကဲ့ …. သိပါပြီ ဆရာကြီး”

ဆရာကြီးကို ချစ်ကြောက်ရိုသေရသူမို့ ထစ်ထစ်ငေါ့ငေါ့ အဖြေပေးလိုက်ရသည်။

“ကဲ …. ဒါဖြင့် မင်းအဲဒီမှာလက်ပိုက်ပြီး ငြိမ်ငြိမ်ရပ်နေ။ အတန်းသားအားလုံး နားထောင်ကြစမ်း “ဟော ဒီ မောင်ဆန်းလွင်ဟာ စာကြိုးစားတယ်၊ ပညာတော်တယ်၊ အေးဒါပေမယ့် သူ့မှာမကောင်းတဲ့အကျင့် တစ်ခုရှိတယ်။ အဲဒါဟာဘာလဲဆိုတော့ အလုပ်တစ်ခုကို သေသေချာချာ စေ့စေ့စပ်စပ်နဲ့ ဂရုစိုက်လုပ် ကိုင်မှုမရှိဘဲ ပေါ့ဆဆပြီးစလွယ်လုပ်တတ်တယ်။ အရေးမစိုက်ဘဲ နမော်နမဲ့လုပ်တယ်။ လျှမ်းတာန မော်နမဲ့လုပ်တယ်။ ဂရုမစိုက်တာတွေဟာ ကောင်းတဲ့အမူအကျင့် စရိုက်လက္ခဏာတွေ မဟုတ်ဘူး။ ဒီလိုမကောင်းတဲ့ အမူအကျင့်စရိုက်တွေကို ခုလိုငယ်ငယ်ရွယ်ရွယ်ကတည်းက မပြုပြင်ခဲ့ရင်နောင်ကြီး ပြင်းတဲ့အထိ အကျင့်ပါသွားတတ်တယ်။ အခုမှားတဲ့အမှားဟာ ခုဂဏန်းနေရာမှာဖြစ်လို့ ငွေဆိုရင်လဲ တစ်ကျပ်သာဖြစ်လို့ မပြောပလောက်ပေမယ့် ထောင်ဂဏန်း၊ သောင်းဂဏန်းလိုနေရာမျိုးမှာ မှားယွင်း သွားခဲ့ရင် တစ်ထောင်၊ တစ်သောင်း ဖြစ်သွားလိမ့်မယ်။ ဒါကြောင့် မင်းတို့အားလုံးကလည်း ဘာကိစ္စ မျိုးပဲဖြစ်ဖြစ် အသေးအမွှားကအစ ပေါ့ပေါ့ဆဆနဲ့ နမော်နမဲ့မလုပ်ကြဘဲ လေးလေးစားစားလုပ်ကြ။ “ကဲ ဆန်းလွင် ထုံးစံ”

ဆရာကြီး၏ “ထုံးစံ” စကားကြောင့် လက်နှစ်ဖက်ကို လက်သီးဆုပ်လျက် ရှေ့သို့ထုတ်ဆန့်ပေးလိုက်ရ သည်။ လက်သီးဆုပ်လိုက်ခြင်းကြောင့် ဖြစ်ပေါ်လာရသော လက်ခုံပေါ်ရှိ လက်ဆစ်ကလေးများပေါ်သို့ ပေတံစောင်းဖြင့် တဒေါက်ဒေါက်ခေါက်သံနှင့်အတူ ရင်ထဲမှာလည်း တဆတ်ဆတ်နာကျင်ခဲ့ရပါသည်။

အခန်း (၂)

လွန်ခဲ့သော အနှစ် ၂၀ ကျော်ကာလ မူလတန်းတန်းတစ်ကျောင်း၏ ကျောင်းအုပ်ဆရာကြီးရုံးခန်း-

“ဆရာ ဦးဆန်းလွင် ထိုင်ပါဦး။ ဒီမှာ ဆရာရေးသွင်းထားတဲ့ အမှတ်စာရင်းတွေ ကြည့်ပါဦး။ ဖျက်ရာ၊ ပြင်ရာတွေနဲ့။ ပြီးတော့ အမှတ်ပေါင်းတာတွေလည်း တစ်ချို့နေရာတွေ လွဲနေတယ်။ ဆရာဟာအသင် အပြကောင်းတဲ့ ဆရာကောင်းတစ်ယောက်ဖြစ်ပါလျက် အလုပ်ကျတော့ ဘယ်အလုပ်မဆို ပေါ့ပေါ့ဆ ဆနဲ့အလွယ်တကူပြီးပြီးရော လုပ်တတ်တယ်။ အလေးမထားတတ်ဘူး။ ဆရာတို့ကျွန်တော်တို့တစ် တွေဟာ နိုင်ငံဝန်ထမ်းတွေဖြစ်နေကြတယ်။ နောက်ဒီထက်ပို အရေးကြီးတာက ကျွန်တော်တို့ဟာ နောင်အနာဂတ်ကို ဖန်တီးတည်ဆောက်ကြမဲ့ ကလေးတွေရဲ့ ရှေ့ဆောင်လမ်းပြအဖြစ် အရေးအကြီး ဆုံးအခန်းမှာ ပါဝင်တာဝန်ယူနေကြရတဲ့ သူတွေဖြစ်နေတယ် ဆရာ။ မိမိကိုယ်တိုင်ကမှ ပေါ့ဆနေခဲ့ရင်၊ အလေးမထားတတ်ရင် ကိုယ့်ရဲ့သားသမီး တပည့်တွေကို ဘယ်လိုလမ်းပြရှေ့ဆောင်ပြုနိုင်မှာလဲ။ ဒီလို ပေါ့ပေါ့တန်တန် နမော်နမဲ့လုပ်တတ်တဲ့အကျင့်ဟာ ကောင်းတဲ့အစဉ်အလာ မဟုတ်တဲ့အတွက် ဆရာ ကိုယ်တိုင်ကလဲဂရုစိုက်ရှောင်ကြဉ်ပြီး ကလေးတွေကိုလည်း ကြပ်မတ်ဆုံးမပေးပါ ဆရာ - ဒါပါပဲ။

ရှည်လျားစွာရှင်းပြပြောဆိုနေသော ဆရာကြီး၏ စကားသံတို့ကရင်ထဲမှာ တဆတ်ဆတ်ခံစားလိုက်ရ သည်။

အခန်း (၃)

မူလတန်းကျောင်းတစ်ကျောင်း၏ ရုံးခန်း

လကုန်ရက်တိုင်း တင်ပြရသော ကျောင်းခေါ်ချိန်စာအုပ်နှင့် နေ့စဉ်မှတ်တမ်း စာအုပ်များတွင် လိုအပ် ချက်များကို မှတ်ချက်ရေးပေး၍ ပြန်လည်ရောက်ရှိလာသဖြင့် အသီးသီးမိမိတို့စာအုပ်များကို ဖတ်ရှုနေ ကြသော ဆရာမများ -

“ဟာ ဆရာကြီးကတော့ လုပ်ချလိုက်ပြန်ပါပြီဟေ့ - ငါ့စာအုပ်ထဲမှာ အသေးအမွှား ကိစ္စလေးတောင် မှတ်ချက်ရေးထားတယ် တကယ့်စံပဲ”

လက်ထောက် ဆရာမ ဒေါ်သူဇာဝင်း အသံ။

“ဟဲ့ ဒါကြောင့်လဲ တို့ဆရာကြီးကို ကွယ်ရာမှာ “ဦးတိကျ” လို့ ခေါ်နေကြတာပေါ့။ ဘာဖြစ်ဖြစ် စေ့စေ့ စပ်စပ်နဲ့ အသေးအမွှားကအစ ဒေါင့်စေ့အောင် မြင်တတ်တယ်။ ပေါ့ပေါ့ဆဆလုပ်လို့ မရဘူးကွ”

ဆရာမ ဒေါ်ရင်ရင်နွယ်၏ မှတ်ချက်အသံ။

“အဲဒီလို မထင်ကြပါနဲ့ ဆရာမတို့။ အလုပ်ကို လေးစားတယ်၊ ဂရုစိုက်တယ်၊ သေချာတယ်ဆိုတာ ကောင်းတဲ့အလေ့အကျင့်၊ အစဉ်အလာတွေပါ။ ဒီလိုကောင်းမွန်တဲ့ အစဉ်အလာလေးတွေ ရရှိဖို့ကျွန် တော်ရဲ့ ဆရာများကတစ်ဆင့် လက်ဆင့်ကမ်းအမွေ ရရှိခဲ့တာပါ။ ဒီတော့ကျွန်တော့်လိုပဲ ဒီလိုအစီအ လာကောင်း အမူအကျင့်ကောင်းလေးတွေကို ဆရာမတို့ကို ရရှိစေချင်လို့ “လက်ဆင့်ကမ်းအမွေ” ဆက်ပေးလိုက်တာပါပဲ။ အထင်မလွဲကြပါနဲ့ဗျာ” ဟု ပြောကြားရင်း ရုံးခန်းတံခါးဝမှာ ရပ်နေသူက “ဦးတိကျ” လို့ခေါ်နေကြတဲ့ ကျောင်းအုပ်ဆရာကြီး “ဦးဆန်းလွင်” ရယ်ပါ။

ပညာတန်ဆောင် မဂ္ဂဇင်း

အတွဲ (၄၈) အမှတ် (၅)၊ မေလ၊ ၁၉၉၉ ခုနှစ်

Powered by Bullraider.com