တက္ကသိုလ်ပညာရေး မြှင့်တင်ရန် အချိန်မကုန်စေလိုပါ
- Details
- Category: ဆောင်းပါး
- Published on Thursday, 29 November 2012 15:31
- Written by ဒေါက်တာထက်ဦးမောင်
.... ဒါဆိုရင် အလွန်အကျွံတော်သောသူများ စုဖွဲ့ထားတဲ့ ဗဟိုဌာနကြီးပဲပေါ့။ ခေတ် မကောင်းချိန်မှာ bias တွေ အမျိုးမျိုးအားပြုကာ နိုင်ငံခြားသွားပြီး ပြန်လာသူ အများစုနှင့် ပိုင်ရာဆိုင်ရာ များနှင့် နေရာရနေသော သူများသာ ပါဝင်ကြဦးမည်ဟု တွေးမိပါသည်။
... မကြာသေးမီက ရန်ကုန်တက္ကသိုလ်ကြီးတွင် မြန်မာနိုင်ငံ ၀ိဇ္ဇာနှင့်သိပ္ပံပညာရှင်များ စာတမ်းပေါင်း ၂၀၀ ကျော် ဖတ်ကြားသွားပါသည်။ ၁၂ ကြိမ်မြောက်တောင် ရှိခဲ့ပြီ။ နှစ်ပေါင်းများစွာ တင်သွင်းဖတ်ကြားကြသော စာတမ်းတွေ ဘယ်လောက်တောင် ရှိပြီလဲ တွေးဆကြည့်သင့်ပါသည်။ အဲဒီအထဲက စာတမ်း ဘယ်နှစ်စောင် နိုင်ငံခြား စာစောင်တွေမှာ ဖေါ်ပြခဲ့ပြီလဲ။ နိုင်ငံအကျိုးပြုသော တကယ်ပဲ အလုပ်ဖြစ်ခဲ့သော စာတမ်းဘယ်နှစ်စောင် ရှိပြီလဲ ဆိုတာ ကြည့်ရုံ သိရုံနဲ့တင် ပေါ်လွင်နေပါပြီ။
.. အဓိပ္ပါယ်မရှိသော အချိန်ကုန် ငွေကုန်ခံကာ ပညာရေးကို အရေခွံခြုံ ပြောင်းလဲရန် ကြိုးစားမည့်အစား ပကတိ အခြေအနေအတိုင်း သေချာစွာ သိမြင်ဖို့လိုပါသည်။ အခြေအနေမှန်ကို တင်ပြရလျှင် ဌာနတစ်ခုတွင် အကြီးအကဲဖြစ်သော ပါမောက္ခအများစုပင်လျှင် အထက်ကခိုင်းသမျှကို ခေါင်းငြိမ့်ရုံသာတတ်ပြီး အရည်အချင်းပြည့်ဝစွာ မရှိခြင်းနှင့် ပွင့်လင်းမြင်သာမှု (transparency) မရှိဘဲ နီးစပ်သော သူများနှင့်သာ အလုပ်လုပ်နေရခြင်းပင် ဖြစ်သည်။
ဒေါက်တာထက်ဦးမောင်
University education reform in Myanmar/ Burma
မောက္ခပညာရေးမဂ္ဂဇင်း
Notice: Undefined index: data in /home/maukkha/public_html/plugins/system/jsocial_comments/libs/jsocial_tools.php on line 238









