ကွဲကွာနေတဲ့ မြောက်ကိုရီးယားမှ မိသားစုကို တောင်ကိုရီးယား အမျိုးသမီးကြီးတစ်ဦး ရှာဖွေ
- Details
- Category: အာရှ လူမှုရှုခင်း သတင်းများ နားဆင်ရန်
- Published on Thursday, 05 January 2012 11:32
- Written by Asia Calling & DVB
- Hits: 719

မကြာခင်က မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီလ် အသက် ၆၉ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ သူဟာ ၂၀၀၈ ခုနှစ်ကတည်းက လေဖြတ်ရောဂါ ခံထားရပြီး၊ လအတော်ကြာ အများပြည်သူမြင်ကွင်းကနေ ပျောက်နေခဲ့ပါတယ်။
တိုင်းပြည်အတွက် သူချန်ထားခဲ့တဲ့ အမွေတခုကတော့ ကိုရီးယားကျွန်းဆွယ်ရဲ့ နှစ်ဖက်စလုံးမှာ ကွဲကွာနေတဲ့ မိသားစု ထောင်ပေါင်းများစွာ ရှိနေခြင်း ဖြစ်ပါတယ်။ အဲဒီမိသားစုတွေဟာ ကိုရီးယားစစ်ပွဲ ကတည်းကဆိုရင် ကွဲကွာနေခဲ့တာ ဆယ်စုနှစ် ခြောက်ခု ရှိပါပြီ။
ကွဲကွာနေတဲ့ နှစ်ဖက်ဆွေမျိုးတွေကြား ပြန်လည်ဆက်သွယ်တာကို မြောက်ကိုရီးယားက တရားမ၀င် အဖြစ် သတ်မှတ်ထားပါတယ်။ မိသားစုပြန်လည်ပေါင်းစည်းရေးကိုလည်း လက်မခံပါဘူး။
အခု ကင်ဂျုံအီလ် သေဆုံးတော့မှ တောင်ကိုရီးယားက သူတို့ရဲ့ မြောက်ဘက်မှာရှိတဲ့ ဆွေမျိုးတွေနဲ့ တွေ့ဆုံဖို့ အတွက် အားတက်နေပါတယ်။
တောင်ကိုရီးယားမှ အသက် ၆၇ နှစ်ရှိ ‘ကင်ယန်းဂျာ’ ဆိုတဲ့ အမျိုးသမီးကလည်း သူကလေးဘ၀တုန်းက ကွဲကွာ ပျောက်ဆုံးသွားတဲ့ မိခင်ကို မြောက်ဖက်မှာ ရှာဖွေဖို့ စိတ်အားတက်ကြွနေပါတယ်။
‘ဂျဆင် စထိုလာ’ က တောင်ကိုရီးယားမှ သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။
(၂၆၊ ဒီဇင်ဘာ၊ ၂၀၁၁)








