တရုတ်ပြည်မှ အစိမ်းရောင်သူရဲကောင်း
- Details
- Category: အာရှ လူမှုရှုခင်း သတင်းများ နားဆင်ရန်
- Published on Thursday, 05 January 2012 13:13
- Written by Asia Calling & DVB
- Hits: 2602

အသက် ၇၁ နှစ်ရှိ တရုတ်လူမျိုး ‘၀ူဒန်မင်း’ ဟာ လယ်သမား၊ စစ်သား၊ အစိုးရအရာရှိ၊ တက္ကသိုလ်ပါမောက္ခ စတဲ့ ဘ၀မျိုးစုံကို ကျင်လည်ဖြတ်သန်းခဲ့သူ ဖြစ်ပါတယ်။ ဒါပေမဲ့ သူ့စိတ်ထဲမှာ စွဲစွဲလန်းလန်းအမြဲရှိနေတဲ့ အလုပ်ကတော့ သဘာဝပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်တဲ့ အလုပ်ပါပဲ။ သူ့ကို တရုတ် သတင်းမီဒီယာတွေက ‘အစိမ်းရောင် သူရဲကောင်း’ လို့ ခေါ်ကြပါတယ်။
ဆောက်လုပ်ရေးကုမ္ပဏီတွေက စီချွမ်ပြည်နယ်ရဲ့ သစ်တောတွေ ခုတ်ထွင်ရှင်းလင်းနေတာကို တွေ့ရတော့၊ တရားမ၀င်ခုတ်လှဲမှုတွေဖြစ်ကြောင်း မီဒီယာတွေကနေ ကျယ်ကျယ်လောင် သူ ပြောခဲ့ပါတယ်။ အစိုးရရဲ့ ကြီးမားတဲ့ စွမ်းအင်တည်ဆောက်ရေး စီမံကိန်းကြီးတခုကို ရပ်တန့်ဖို့ သူပြောဆိုခဲ့တာလည်း အောင်မြင်မှု ရခဲ့ပါတယ်။ အရင်က သူ့ရဲ့ သဘာဝပတ်ဝန်းကျင် လှုပ်ရှားမှုတွေကို ဆန့်ကျင်ခဲ့တဲ့ ပြည်နယ်အစိုးရကတောင် အခု သူ့ကို ထောက်ခံ အားပေးလာပါတယ်။
ဒီအကြောင်းကို သတင်းထောက် ‘ရေဘက်ကာ ဗဲလ်လီ’ (Rebecca Valli) က ချောင်ကင်းတက္ကသိုလ်ရှိ ပါမောက္ခ ‘၀ူဒန်မင်း’ ရဲ့ ရုံးခန်းကို သွားရောက်ပြီး သူ့ရဲ့ လုပ်ဆောင်မှုတွေကို တွေ့ဆုံမေးမြန်းထားပါတယ်။








