တရုတ်ပြည်မှာ အခြေချနေထိုင်တဲ့ ကာဇက်လူမျိုးများ
- Details
- Category: အာရှ လူမှုရှုခင်း သတင်းများ နားဆင်ရန်
- Published on Thursday, 05 January 2012 13:25
- Written by Asia Calling & DVB
- Hits: 2303

မကြာသေးခင်က အေးရှားကောလင်းက သတင်းထောက် ‘ကလဲရင့်ချွာ’ ဟာ တရုတ်ပြည်အနောက်ဖက် ပိုးလမ်းမကြီး တလျှောက်ကို ခရီးသွားခဲ့ပါတယ်။ သူဟာ တရုတ်အနောက်ဖက် ဂန်စု ပြည်နယ်က ကာဇက်လူမျိုး အများစုနေထိုင်တဲ့ တမူထူးခြားတဲ့ မြို့လေးကို ရောက်သွားပါတယ်။
ကာဇက်လူမျိုးတွေဟာ မူလက ဆားဗီးယားနဲ့ ပင်လယ်ပြာဒေသတွေ ကြားမှာ နေထိုင်ခဲ့သူတွေဖြစ်ပြီး နောက်ပိုင်းမှာ ရေကြည်ရာမြက်နုရာ ရွှေ့ပြောင်းအခြေချနေထိုင်သူတွေ ဖြစ်လာပါတယ်။ ၁၉၉၀ခုနှစ် ဆိုဗီယက်ယူနီယံ ပြိုကွဲပြီးနောက်မှာတော့ ကာဇစ်စတန်နိုင်ငံရယ်လို့ သီးသန့် ထွက်ပေါ်လာပါတယ်။
ဒါပေမဲ့လည်း ဒီကနေ့ ကာဇက်လူမျိုးအများအပြားကို ဗဟိုအာရှနဲ့ အရှေ့ဥရောပက နိုင်ငံ ၁၄ နိုင်ငံမှာ တွေ့မြင်ရပါတယ်။ ခေတ်သစ်တရုတ်ပြည်မှာ နေထိုင်နေကြတဲ့ ကာဇက်လူမျိုးတွေ အကြောင်း သတင်းထောက် ‘ကလဲရင့်ချွာ’ က သူ့အတွေ့အကြုံကို ပြန်ပြောပြ သတင်းပေးပို့ထားတာကို နားဆင်ကြရမှာ ဖြစ်ပါတယ်။








