ချော့ကလက်နဲ့ ကလေးအလုပ်သမား
- Details
- Category: ဗွီဒီယိုမှတ်တမ်း
- Published on Thursday, 26 January 2012 12:28
- Written by မမေ
- Hits: 348
လူတိုင်းချော့ကလက်ကိုကြိုက်ကြပါတယ်။ ဒါပေမဲ့ အဲဒီချော့ကလက်ကြောင့် ကျွန်ပြုခံနေရသူပေါင်း ထောင်နဲ့ ချီရှိနေတယ်ဆိုတာပါပဲ။
ကျွန်ုပ်တို့ စားနေတဲ့ ချော့ကလက် ကိုထုတ်လုပ်တဲ့ cococa ပင်ကတော့ အာဖရိက တိုက် အနောက်ဖက်က ရရှိတာဖြစ်ပြီး အဲဒီသစ်ပင်ကိုစိုက်ပျိုး ရိတ်သိမ်း ပေးနေတဲ့ အလုပ်သမားတွေကတော့ တစ်ခြားလူတွေမဟုတ်ပါပဲ ကလေးငယ်များဖြစ်နေပါတယ်။
သူတို့လေးတွေမှာ အရွယ်ငယ်ငယ်နှင့် အဓမ္မခိုင်းခံပီး ပြုလုပ်ထားတဲ့ ချော့ကလက်ကို ကျွန်ုပ်တို့တွေက ပျော်ရွှင်စွာစားသောက်တတ်ကြပါတယ်။
Ivory Coast ကကလေး လူငယ်တွေ ဘာဖြစ်နေကြလည်းဆိုတာကို CNN freedom က David McKenzie ရဲ့ လေ့လာစုံးစမ်းမူပြုလုပ်ခဲ့ပါတယ်။ သူ့ရဲ့ လေ့လာစုံစမ်းထုတ်ဖော်မူက လူတွေအားလုံးရဲ့ မျက်စေ့ကိုဖွင့်ပေးလိုက်သလိုပါပဲ။
လွန်ခဲ့တဲ့ ၁၀နှစ်လောက်က ကမ္ဘာချော့ကလက်လုပ်ငန်းပိုင်ရှင်တွေ တွေ့စုံမူတွေပြုလုပ်ပြီး လုပ်ငန်းတွေအတွက် တူတူဆွေးနွေးမူများပြုလုပ်ခဲ့ကြပေမဲ့ ခုချိန် ထိ ကုန်ထုပ်လုပ်ငန်းစဉ်က တော့ မပြောင်းလည်းသေးပါဘူး။ ခုအချိန် ထိကလေးလူငယ်များသာ cococa စိုက်ပျိုးရေးလုပ်ငန်းမှာ ခိုင်းထားတုန်းပါပဲ။တစ်ချို့ကလေးများမှာ ချော့ကလက် တွက် စိုက်ပျိုးရေးလုပ်ငန်းမှာ လုပ်နေပေမဲ့ သူတို့လေးတွေ တစ်ခါဘူးမှ ချော့ကလက်ဆိုတာကို မမြည်းမစားဘူးသေးသလို ချော့ကလက်ဆိုတာ ဘာလည်းဆိုတာကို မသိသေးသူမှာ အများကြီးရှိပါသေးတယ်။
လယ်သမားများမှ ကလေးငယ်များကိုလစာနည်းနည်းနှင့် အဓမ္မခိုင်းစေခံနေရတယ်ဆိုတာပါပဲ။ ဒီကလေးငယ်များဟာကျောင်းနေ အရွယ်လေးများဖြစ်ပေမဲ့ ကျောင်းဆိုတာကိုဘာမှန်းတောင် မသိတော့ ပါပဲ တစ်နေ့လုံး ခြံထဲမှာ အလုပ်လုပ်နေရပါတယ်။ တစ်ချို့ ကလည်းရောင်းစားခံထားရတယ် တစ်ချို့ ကလေးတွေကြတော့လည်း အတင်းခေါ်ဆောင်သွားခြင်းခံခဲ့ရသလို တစ်ချို့ကလေးတွေကြပြန်တော့ မိဘများအစဉ်မပြေမူကြောင့် အလုပ်လာလုပ်နေကြရသူလေးတွေဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒါနဲ့ ပတ်သက်ပြီးတော့ CNN မှ လေ့လာတင်ပြထားတာလေးပါ။
ကမ္ဘာ့ ၄၀% သော cococa ဟာ Ivory coast မှ ထွက်ရှိ တယ်ဆိုတာကို သိရပါတယ်။ အဲဒီ cococa farm ကို အမှီပြုပြီး လုပ်ငန်းရှင်ကြီးများ စုပေါင်းပြီး တည်ဆောက်ထားသော ချော့ကလက်စက်ရုံကြီး များရှိသလို တစ်ခြား cosmetic လုပ်ငန်း နှင့် ဒီcococaကို အသုံးသာ စက်မူ လုပ်ငန်းများလည်း ရှိနေပါတယ်လို့ဆိုပါတယ်။ အခုလိုမျိုး စက်ရုံများမှာ အသုံးပြုတဲ့ cococa တွက် cococa farm မှာ အလုပ်လုပ်နေတဲ့ အလုပ်သမားများကတော့ ကလေးငယ်များ ဖြစ်ပြီး ကလေးအလုပ်သမားပေါင်း ၂၀၀၀၀၀ လောက်ရှိတယ်ဆိုပါတယ်။
ချော့ကလက် စက်ရုံ တွဲဘက်တည်ထောင်သူမှ ပြောကြားသည်မှာ
အခုလိုမျိုး တစ်ခြားသော စက်ရုံများမှာလည်း cococa ကိုအသုံးပြုနေပေမဲ့လည်း လူတိုင်းမှ အပြစ်တင် နာမည်တတ်ပေးလာတာကတော့ (Stop Chocolate Slavery ) ဟုဆိုကာ ချော့ကလက်စက်ရုံကို ကိုသာအမည်တတ်ကြောင်း၊
တစ်ခြားစက်မူလုပ်ငန်းများမှာလည်းအသုံးပြုနေကြတာပဲ ဖြစ်ကြောင်း၊ နောက်တစ်ခုကလည်း ခုအချိန် ကွန်ဂိုလ် နိုင်ငံမှာလည်း စစ် ဖြစ်နေသလို စစ်အတွင်းမှာလည်းကလေးငယ်များကို အသုံးပြုထားတာကိုလည်းတွေ့ရကြောင်း သူတို့ စက်ရုံတစ်ခုထဲမှ မဟုတ်ကြောင်း
မမေ
ကြိုး (မောက္ခ ရင်ထဲညိတဲ့ မြန်မာဗီဒီယို ဇာတ်လမ်းတို))
- Details
- Category: ဗွီဒီယိုမှတ်တမ်း
- Published on Friday, 06 January 2012 09:46
- Written by Maukkha
- Hits: 182
မောက္ခကတော့ အကောင်းဆုံး ဇာတ်လမ်းတိုဆု ရရှိတဲ့ 'ကြိုး' ရုပ်ရှင်လေးကို ရင်ထဲ ရေရေလည်လည် ငြိသွားသည်။ သရုပ်ဆောင်တွေရဲ့ စကားပြောခန်းတွေများလွန်းတဲ့ ခေတ်ဟောင်း မြန်မာ့ရုပ်ရှင်မျိုးမဟုတ်။ အိုဗာအက်ရှင်တွေနည်းပြီး နိုင်ငံတကာ တန်းဝင်မယ့် ရိုက်ကွက်မျိုး၊ အတွေးစိတ်ကူးမျိုးမို့ ဒါရိုက်တာ မင်းသိုက်ကို အော်စကာဆုပင် ပေးလိုက်ချင်တော့သည်။ ဒီလို အနုပညာလက်ရာမျိုး မြန်မာပရိတ်သတ်တွေ များများ ခံစားနိုင်ဖို့ အားပေးဖို့လိုပြီထင်သည်။
တရုတ်ရဲ့ အာကာသစိုးမိုးရေး စက္ကူဖြူစာတမ်း
- Details
- Category: ဗွီဒီယိုမှတ်တမ်း
- Published on Wednesday, 04 January 2012 07:33
- Written by ko blade
- Hits: 1858
ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ တရုတ်အစိုးရက ၄င်းရဲ့ အာကာသဖွံ့ဖြိုးရေးလုပ်ငန်းနဲ့ ပတ်သက်တဲ့ စက္ကူဖြူ စာတမ်းကို ထုတ်ပြန်ခဲ့သည်။ ၂၀၀၆ ခုနှစ်ကတည်းက စခဲ့တဲ့ အာကာသလုပ်ငန်းကို ပြန်လည် သုံးသပ်ထားရင်း နောက်လာမယ့် ငါးနှစ်စီမံကိန်းကို တရားဝင် ချပြခြင်း ဖြစ်သည်။
တရုတ်အစိုးရက အာကသ စူးစမ်းရှာဖွေရေးလုပ်ငန်းကို တိုင်းပြည်ရဲ့ အဓိက အရေးအကြီးဆုံး ဖွံ့ဖြိုးရေးမဟာဗျူဟာ အဖြစ် ယူဆပြီး၊ တရုတ်နိုင်ငံ ကြီးကျယ်ဖို့အတွက် ကမ္ဘာ့ပြင်ပကို စူးစမ်းရှာဖွေ အသုံးချဖို့ ကြိုးစားလိမ့်မည်ဟု စာတမ်းတွင် ဖော်ပြထားသည်။
ပြီးခဲ့တဲ့ ငါးနှစ်အတွင်း တရုတ်ရဲ့ အာကာသနည်းပညာမှာ ထူးထူးခြားခြား တိုးတက်လာပြီး၊ နောက် ငါးနှစ်တွင် အာကသကို ဦးဆောင်နေသော ကမ္ဘာ့နိုင်ငံကြီးများနှင့် ရင်ပေါင်တန်းနိုင်မည်ဟု ဆိုသည်။
တရုတ်ရဲ့ အနာဂတ် အာကာသလုပ်ငန်းတွေကတော့ လူသားလိုက်ပါသော ယဉ်များဖြင့် အကာသကို ရှာဖွေခြင်း၊ ကမ္ဘာမြေ ထောက်လှမ်းရေး ဂြိုဟ်တု အများအပြား လွှတ်တင်ထားခြင်း၊ စကြာဝဋ္ဌာကို လေ့လာခြင်း၊ လပေါ် လူဆင်းနိုင်ဖို့ ကြိုးစားခြင်း၊ အာကာသတွင် သုတေသနခန်းများ ထားရှိခြင်း စသည်တို့ ပါဝင်မည်ဟု စက္ကူဖြူစာတမ်းတွင် ဖော်ပြထားသည်။
ပုဂ္ဂလိက ပညာရေးစနစ်ကို ဆန္ဒပြနေတဲ့ ချီလီ ကျောင်းသားများ
- Details
- Category: ဗွီဒီယိုမှတ်တမ်း
- Published on Wednesday, 04 January 2012 07:43
- Written by ko blade
- Hits: 448
ချီလီနိုင်ငံ ကျောင်းသားတွေရဲ့ ဆန္ဒပြမှုက အရှိန်အဟုန်မြင့်လာပြီး ကျောင်းတွေနဲ့ မြို့တော် ဆန်တီယာဂို လမ်းတွေကိုပါ သိမ်းပိုက်စိုးမိုးထားသည်။
ချီလီ ကျောင်းသားတွေက လွတ်လပ်စွာ ပညာသင်ကြားခွင့်ကို တောင်းဆိုပြီး၊ တက္ကသိုလ်နှင့် ကျောင်းတွေကို ပုဂ္ဂလိပိုင်ပြုမှုအား အဆုံးသတ်ဖို့ တောင်းဆိုနေကြသည်။ ဈေးကွက်ဆန်လွန်းတဲ့ ပညာရေးစနစ်ကြောင့် ပညာသင်စရိတ် ကြီးမြင့်လွန်းမှုကို ကျောင်းသားများ ကန့်ကွတ်ဆန္ဒပြနေခြင်း ဖြစ်သည်။ ချီလီရဲ့ လွတ်လပ်တဲ့ဈေးကွက် အခြေခံပြု ပညာရေးစနစ်ကို အာဏာရှင် ပီနိုချေး မသေမီ အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်သည်။
ချီလီနိုင်ငံတွင် ဆင်းရဲချမ်းသာ ကွာဟမှု ကြီးမားနေသည်။ ချီလီကျောင်းသားတွေရဲ့ ဆန္ဒပြမှုက တကမ္ဘာလုံး ကော်ပိုရေးရှင်းတွေနဲ့ အရင်းရှင်တွေကို ဆန့်ကျင်ဆန္ဒပြမှုနဲ့လည်း တိုက်ဆိုင်နေသည်။
အာရှကျောင်းသားတွေကြား ရေပန်းစားနေတဲ့ ဟားဗတ်တက္ကသိုလ် ပါမောက္ခ
- Details
- Category: ဗွီဒီယိုမှတ်တမ်း
- Published on Wednesday, 04 January 2012 07:30
- Written by ၀င့်ထန်း
- Hits: 3344

အာရှကျောင်းသားများကြား ရော့ခ်စတား သဖွယ်ဖြစ်နေတဲ့ အနောက်တိုင်း ပညာရှင်တစ်ယောက်မှာ ဟားဗတ်တက္ကသိုလ်မှ နိုင်ငံရေး ဒဿနပညာရှင်မှာ မိုက်ကယ်လ် ဂျေ ဆန်ဒဲလ် (Michael J. Sandel)၊ ဖြစ်သည်။
တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား မှ လူငယ်တွေက သူ့အသံကြားရဖို့ ဟားဗတ်တက္ကသိုလ် စာသင်ခန်းမှာရော သူ့ရဲ့ ပြင်ပ အာရှခရီးစဉ် ဟောပြောပွဲတွေမှာပါ အလုအယက် တိုးဝှေ့နေကြသည်။
ဆန်ဒယ်လ် ရဲ့ တရားမျှတမှု (Justice) ဘာသာရပ် ပို့ချတဲ့ အတန်းတိုင်းမှာ ကျောင်းသား ၁၅,၀၀၀ ကျော် တက်ရောက်သည်။ ဟားဗတ် တက္ကသိုလ်နဲ့ ကမ္ဘာ့တက္ကသိုလ်များရဲ့ သမိုင်းမှာ လူအများဆုံး တက်ရောက်တဲ့ သင်တန်း ဖြစ်နေသည်။
ဆန်ဒဲလ် က အရစ္စတိုတယ်လ်၊ အင်မာနျူရယ်လ် ကန့်၊ ဂျွန် စကျူးအတ် မေးလ် တို့ရဲ့ ဒဿနများကို သရုတ်ဖော်ရှင်းပြဖို့ မျက်မှောက်ကာလ၊ လက်တွေ့ဘ၀ ဥပမာတွေကို အသုံးပြုရင်း သူ့အတန်းကို ဖမ်းစားထားတတ်သည်။
အသက် ၅၈ နှစ်ရှိ ဆန်ဒယ်လ်က သူ့အတန်းကို ခြောက်ပေါက်တွေ မေးပြီး စတတ်သည်။ “ကျနော်တို့ ဘိုးဘွား မိဘ မျိုးဆက်တွေရဲ့ အမှားတွေကို မှန်အောင်လုပ်ဖို့ ကျနော်တို့မှာ ကျင့်ဝတ်အရ တာဝန်ရှိပါသလား” ဆိုတာမျိုး။
ကျောင်းသားတွေက အပြိုင်စဉ်းစား ဖြေကြသည်။ စာသင်ခန်းမ ကျယ်ကြီးထဲမှာ တစ်ဦးကိုယ်တစ်ဦး ပျော်ပျော်ပါးပါး ချဲ့လင့်လုပ်ကြသည်။ ဒဿနပညာရှင်ကြီးတွေရဲ့ အိုင်ဒီယာများကို လူငယ်တွေ ဒီဘိတ် လုပ်ကြသည်။









