ကျောင်းသားတွေ စာမေးပွဲဖြေနေချိန်မှာ တောင်ကိုရီးယား တစ်နိုင်ငံလုံး ဘာကြောင့် တိတ်ဆိတ်
- Details
- Category: ဗွီဒီယိုမှတ်တမ်း
- Published on Sunday, 18 December 2011 04:37
- Written by ၀င့်ထန်း
- Hits: 975
တောင်ကိုရီးယား အထက်တန်း ကျောင်းသူ ကျောင်းသား ၇၀၀,၀၀၀ ကျော် စာမေးပွဲဖြေနေချိန်မှာ တစ်နိုင်ငံလုံးက လူတွေ အသံတိတ်နေပါတယ်။ ကျောင်းသားတွေဟာ တနှစ်ပတ်လုံး အသေအလဲ ကြိုးစားလာသမျှကို ကြောက်မက်ဖွယ် ကိုးနာရီကြာ မေးခွန်းမှာ တိုက်ပွဲဝင်ရတော့မှာ ဖြစ်ပါတယ်။
မိဘတွေက ကျောင်းရှေ့တွေမှာ စောင့်ပြီး ဆုတောင်းပေးနေတယ်။ ယဉ်ထိန်းတွေက ၀ိစီတွေမှုတ်၊ ရဲကားတွေက လှည့်၊ ရဟတ်ယာဉ်တွေက ကောင်းကင်မှာဝဲပြီး စာမေးပွဲခန်းကို စောင့်ပေးနေပါတယ်။ စာမေးပွဲဖြေသူ အနှောင့်အယှက် ဖြစ်မှာစိုးလို့ ဆရာမတွေကို ဒေါက်မြင့်ဖိနပ်စီးခွင့်မပေးပါဘူး။ လျှပ်ပေါ်လော်လီ ၀တ်စားခွင့် မပြုပါဘူး။
ဒီစာမေးပွဲဟာ ကျောင်းသားတွေ ဘယ်တက္ကသိုလ်တက်ခွင့်ရမလဲဆိုတာ ရွေးချယ်တဲ့ပွဲ ဖြစ်ပါတယ်။ သူတို့ဘ၀အတွက်၊ မိသားစုဘ၀အတွက် အကြိတ်အနယ်ပွဲပါပဲ…။ ဖာရဒ် ဇာကာရီယာ က တင်ပြထားပါတယ်။








