စုစုပေါင်း အမျိုးသား ပျော်ရွှင်မှု (GNH) ဆိုတာ ဘာလဲ

ဘူတန်နိုင်ငံရဲ့ တိုင်းပြည်တိုးတက်မှုလုပ်ငန်းက စုစုပေါင်း အမျိုးသား ထုတ်ကုန် (gross national product-GNP) မြင့်တက်ရေး မဟုတ်ဘဲ၊ စုစုပေါင်း အမျိုးသား ပျော်ရွှင်မှု (gross national happiness-GNH) တွင် အခြေတည်ထားသည်။

အဲဒီ လုပ်ငန်းအတွက် ဘူတန်နိုင်ငံသားတွေက နက်နဲသိမ့်မွေ့တဲ့ အစဉ်အလာ ဗုဒ္ဓဘာသာ အသိပညာမှ နှိုက်ယူပြီး၊ အရေးပါလွန်းသည့် အမျိုးသား တိုးတက်မှုနှင့် တည်ငြိမ်အေးဆေးမှုကို တည်ဆောက်ထားသည်။ အခု အဲဒီ ဘူတန်ရဲ့ GNH ဖော်မြူလာက အခြားနိုင်ငံများအားလုံးအတွက်ပါ အားကျစရာ ဖြစ်လာနေသည်။

ဘူတန်ရဲ့ GNH ဆောင်ရွက်မှုမှာ လူထုအတွက် အခြေခံလိုအပ်ချက်တွေ ဖြည့်ဆည်းပေးမှုက အဓိကဖြစ်သည်။

ကျန်းမာရေးစောင့်ရှောက်မှု တိုးတက်စေရေး၊ မိခင်နှင့် ကလေး သေဆုံးမှုနှုန်း လျော့ကျရေး၊ အထက်တန်းဆင့်အထိ အခမဲ့ ပညာသင်ကြားရေး၊ လျှပ်စစ်မီး သောက်သုံးရေ ပတ်ဝန်းကျင်သန့်ရှင်းမှုနှင့် ဆေးရုံ စသည့် အခြေခံအဆောက်အအုံများ ကောင်းမွန်စေရေးတို့က အဓိက လုပ်ငန်းဖြစ်သည်။

GNH အဓိပ္ပါယ်က ဆင်းရဲသားများ တိုးတက်လာစေရေး ဆိုတာထက် ပိုမိုကျယ်ပြန့် လေးနက်သည်။ ဘူတန်က စီးပွားရေးတိုးတက်မှုနှင့် သဘာဝ ပတ်ဝန်းကျင် စဉ်ဆက်မပြတ်ထိန်းသိမ်းဖို့ကို ပေါင်းစပ်ဖို့ ကြိုးစားသည်။

တိုင်းပြည်တနံတလျားရှိ ကျယ်ပြောသော သစ်တောများနှင့် ဇီဝမျိုးစိတ်များ ကာကွယ်ဖို့ အင်တိုက်အားတိုက် ကြိုးပမ်းသည်။ တန်းတူညီမျှရေးနှင့် ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းကြသည်။ မြို့ပြထွန်းကားမှု၊ သတင်းနည်းပညာထွန်းကားမှုစတဲ့ အလျင်အမြန်ပြောင်းလဲမှု ခေတ်အောက်တွင် တစ်ဦးချင်း စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှုကို အလေးပေး တည်ဆောက်ကြသည်။ ဗုဒ္ဓဘာသာက ဘူ့တန်သားတွေရဲ့ စာရိတ္တမဏ္ဍိုင် ကြံခိုင်စေမှု၊ ပျော်ရွှင်စွာ ဘ၀နေထိုင်မှုနဲ့ အုပ်ချုပ်မှုကောင်း ပေါ်ထွန်းမှုကို ကူညီပေးနိုင်ခဲ့သည်။

Powered by Bullraider.com