ပြည်သူများ၏အားကိုးယုံကြည်မှုနှင့်ရှင်သန်လျက်ရှိသည့် မိတ်ဆွေကောင်း စာကြည့်တိုက်

ဘဝတစ်ခုကို ပိုင်ဆိုင်ထားသူ မှန်သမျှ သည် အောင်မြင်ကျော်ကြားကြီးပွား လိုသည့် ဆန္ဒများကိုယ်စီ ရှိကြပေ လိမ့်မည်။ ယင်းကဲ့သို့ အောင်မြင်ရန် မိမိအား အထောက်အကူပြုပေးနိုင်မည့် အဖော်မွန်ကောင်း (သို့မဟုတ်) ညွှန်ပြ နိုင်မည့် မိတ်ဆွေကောင်းလိုအပ်မည် ဖြစ်သည်။ ထိုကဲ့သို့သော မိတ်ဆွေ ကောင်းသည် တခြားမဟုတ်၊ ဝေးဝေး လံလံတွင်လည်း ရှာစရာမလိုဘဲ သင်တို့၏ ပတ်ဝန်းကျင်တွင် တွေ့ရှိနိုင် သည့် အဖိုးမဖြတ်နိုင်သော စာအုပ် စာပေများစုဝေးရာ စာကြည့်တိုက်များ ပင် ဖြစ်သည်။

ပြည်ထောင်စုနယ်မြေ နေပြည် တော် ဗုဗ္ဗသီရိမြို့နယ် စက်ကုန်း ကျေးရွာရှိ "မိတ်ဆွေကောင်း" ကိုယ့် အားကိုယ်ကိုး စာကြည့်တိုက် ကလေးသည် စာအုပ်စာပေ၊ သုတ၊ ရသစာပေများ၊ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ဘာသာရေးနှင့် ပတ်သက် သည့် စာပေများစုံလင်များပြားလှသည့် အတွက် လာရောက်ငှားရမ်းသည့် စာဖတ်သူ၊ ဗဟုသုတ လေ့လာရှာမှီးလို သူများဖြင့် သက်ဝင် လှုပ်ရှားလျက်ရှိနေ သည်။

အဆိုပါ "မိတ်ဆွေကောင်း" စာကြည့်တိုက်ကို ဒေသခံတစ်ဦးလည်း ဖြစ်၊ စစ်မှုထမ်းဟောင်းတစ်ဦးလည်း ဖြစ်သော ဦးသိန်းဆွေက လွန်ခဲ့သည့် ခြောက်နှစ်က ကိုယ်တိုင်ဖန်တီး တည်ထောင်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ "မိတ်ဆွေကောင်း" စာကြည့်တိုက်လေးကို တည်ထောင်ခဲ့ သည့် အဓိကရည်ရွယ်ချက်နှင့် ပတ်သက်ပြီး စစ်မှုထမ်းဟောင်း ဦးသိန်းဆွေအား သွားရောက်တွေ့ဆုံ မေးမြန်းခဲ့သည်များကို ပြန်လည်ဖော်ပြ လိုက်ပါသည်။

မေး။ ။ ပထမဆုံးအနေနဲ့ ဆရာ စာပေလေ့လာ ဖြစ်ခဲ့ပုံနဲ့
ဘဝဖြတ် သန်း မှုလေးတွေကို ရှင်းပြ ပေးစေလိုပါ တယ်။

ဖြေ။ ။ ကျွန်တော်က ဒီရွာသား၊ ဒီရွာလေးမှာ ကြီးပြင်းခဲ့ ရတာပါ။ ငယ်ငယ်တုန်းက တော်တော် လေးဆင်း ရဲခဲ့ တယ်။ ကျွန်တော်တို့ရဲ့ မိဘကိုယ်တိုင်က ဆင်းရဲတဲ့အခါမှာ ဘေးပတ်ဝန်းကျင်ကို သွားလည်ရင် တောင် ပတ်ဝန်းကျင်က အထင်အမြင် သေးတဲ့ အမြင်မျိုးတွေနဲ့ အကြည့်ခံ ရတယ်။ ဒီလိုနဲ့ အရွယ်ရောက်တော့ တပ်မတော်ထဲကို ဝင်ရောက်ခဲ့တယ်။ တပ်ထဲမှာ တပ်မတော်စာစဉ်လေးတွေ ဖတ်ကြည့်ရင်းကနေ စာပေရဲ့အဖိုးတန် မှုကို သိလာခဲ့ပြီး အဲဒီကနေကျွန်တော် စာပေတွေကို အမြဲတွန်းဖတ် လာခဲ့တာ ဖြစ်ပါတယ်။

မေး ။ ။ ဆရာအနေနဲ့ ကိုယ့်ဒေသမှာ အခုလို ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်လေး ဖြစ်ပေါ်လာအောင် ဘယ်လိုရည်ရွယ်ချက်နဲ့ တည်ထောင်ခဲ့ တယ်ဆိုတာ ရှင်းပြပေးပါ။

ဖြေ ။ ။ တပ်မတော်ထဲမှာ ဒီစာပေ ဖတ်လိုက်ရ တဲ့ အကျိုး ကျေး ဇူးကြောင့် စိတ်ဓာတ်ခွန်အားတွေ မျိုးစုံရပြီးတော့ ဘဝရဲ့ နောက်ဆုံးအချိန် လေးမှာ ကိုယ့်လို ဘဝတူ လူတန်းစားတွေ၊ စိတ်ဓာတ်ခွန်အား မရှိတဲ့သူတွေအတွက် စိတ်ဓာတ် ခွန်အားရရှိစေဖို့ စာကြည့်တိုက် ကလေး တစ်ခု ဖြစ်အောင် လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ခဲ့တာပါ။တပ်မတော်မှာ တာဝန်ထမ်းဆောင်စဉ် ကတည်းက စာအုပ်စာပေတွေ စုဆောင်းခဲ့တယ်။ အချိန်ရသရွေ့ စာဖတ် တယ်။ အချိန်ကို အလဟဿအကုန် မခံဘူး။ အဲဒါကြောင့် ဘဝရဲ့နောက်ဆုံး နေဝင်ချိန်လေးမှာ စာကြည့်တိုက်ကလေး တစ်ခုဖြစ်မြောက်အောင် ဖန်တီးပြီး ကျွန်တော် အသက်ရှင်နေသရွေ့ ဒီပေါ် မှာပဲ ဘဝကိုမြှုပ်နှံမယ်ဆိုပြီးတော့ အခုလိုစာကြည့်တိုက်ကို ထူထောင် ခဲ့ခြင်း ဖြစ်ပါ တယ်။

ပထမဦးဆုံးအနေနဲ့ ၂ဝ၁ဝ ပြည့်နှစ် ခြောက်လပိုင်းမှာ ကျွန်တော်စုဆောင်း ထားတဲ့ စာအုပ်တွေကို အခမဲ့စတင် ငှားရမ်းပေးခဲ့တယ်။ တပ်မတော်သား ဘဝကတည်းက ကျွန်တော့်ဆရာတစ်ဦး က စာကြည့်တိုက်အတွက် အလှူငွေကျပ် ၂၅ သိန်း မတည်ပေးတယ်။ အဲဒါနဲ့ ကျွန်တော်က စာကြည့်တိုက်နေရာ အတွက် မြေကွက်ရော၊ တခြားလိုအပ်တာ တွေပါ အကုန်စိုက်ထုတ်လုပ်ခဲ့တာ အခုဆို ခြောက်နှစ်ကျော်သွားပါပြီ။
စာကြည့်တိုက်ကို ကျွန်တော်က ရွာအတွက် လှူထားတာဖြစ်ပါတယ်။ စာကြည့်တိုက်နေရာအတွက် ပေ ၄ဝ၊ ၆၅ ပေ မြေနေရာပါ တစ်ခါတည်းလှူထား တာပါ။ ပင်မစာကြည့်တိုက် အဆောက် အအုံက အရှည်ပေ ၄ဝ၊ အနံ ၁၈ ပေ၊ သွပ်မိုး အုတ်ကပ်တစ်ထပ်တိုက် ဖြစ်ပါ တယ်။ ရှေ့အဆောင်က အရှည်ပေ ၄ဝ၊ အနံ ၁ဝ ပေ ရှိပါတယ်။

မေး။ ။ ဒီမိတ်ဆွေကောင်း ဆိုတဲ့ စာကြည့်တိုက်လေး ဒီနေ့ အထိ အောင်မြင် ရှင်သန်နေအောင် ဘယ်လိုပုံစံမျိုးနဲ့ ဆောင်ရွက်ထားတယ် ဆိုတာ ရှင်းပြပေးပါ။

ဖြေ။ ။ စာကြည့်တိုက်ကို နေ့စဉ် နံနက် ၈ နာရီ ကနေ ညနေ ၄ နာရီ အထိ ပိတ်ရက်မရှိဖွင့်ပေးတယ်။ စာကြည့်တိုက်ဆိုတော့ လူမျိုးပေါင်းစုံ လာရောက်ကြတယ်။ တချို့ကလည်း စာအုပ်ကို ညစ်ပတ်ကိုင် တွယ်တာ တွေ့ရတယ်။ တချို့က ခါးကြားထိုးတာ၊ လိပ်ခေါက်ပြီး အိတ်ထဲထည့်သွားတာတွေ တွေ့တယ်။ ပျောက်တာရှိရင် ပြန်ဝယ်လို့ ရရင် ပြန်ဝယ်လိုက်တယ်။ ပြောစရာရှိရင် စောင်းပါးရိပ်ခြည်လောက်ပဲ ပြောပါ တယ်။ ကျွန်တော့်စာကြည့်တိုက်က စာအုပ်တွေကို ကျွန်တော်တို့ စက်ကုန်း ကျေးရွာက ပြည်သူတွေအပြင် အေးမြ သာယာ၊ ချောင်းစောက်၊ ရွာသစ်နဲ့ သရက်သမိန်စတဲ့ အနီးဝန်းကျင်မှာရှိတဲ့ ကျေးရွာတွေအထိ၊ တချို့လည်း ပျဉ်းမနား မြို့ပေါ်ကနေအထိ လာရောက်ငှားဖတ် တာ တွေရှိပါတယ်။

စာဖတ်ပရိသတ်တွေ လာရောက်ငှား တဲ့အခါမှာလည်း စိတ်ချမ်းသာအောင် သူတို့ဖတ်ချင်တာတွေ ကိုယ်တိုင်လိုက်ရွေး ပေးတယ်။ ညွှန်ပြပေးတယ်။ ဒါ့ကြောင့် ကျွန်တော့် စာကြည့်တိုက်ကလေးက အထိုက် အလျောက်တော့ အောင်မြင်မှု ရရှိပါတယ်။ နောက်ပိုင်းမှာ အီးလိုင် စင်ရ အောင်အထိ မျှော်လင့်ထားတယ်။ အီးလိုင်စင် ကတော့ နောက် ဆုံးမျှော်လင့် ချက်ပေါ့။ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကိုယ်တိုင် မကြာမီ ရက်က လာရောက်ကြည့်ရှုအားပေးပြီး အားနည်းမှုရှိတာတွေ၊ လိုအပ်တာတွေ မေးတော့ လိုအပ်တာတွေကို ပြည်ထောင် စုဝန်ကြီးကို တင်ပြခဲ့တယ်။ ဒီပင်မ စာကြည့်တိုက်ရဲ့ ဘေးနားမှာ ကလေး စာကြည့် တိုက်ဆောက်ပြီး သီးသန့်ဖွင့် လှစ်သွားဖို့လည်း ရည်ရွယ်ထားပါတယ်။
ကျွန်တော့် မိတ်ဆွေတချို့က အများကြီး ပံ့ပိုးပေးတာတွေရှိပါတယ်။ တချို့ကလည်း ငွေအားနဲ့ ကူညီပေးတယ်။ ဒါပေမယ့် ကျွန်တော်က ဒီစာကြည့် တိုက်ဆောက်လုပ်ပြီဆိုကတည်းက ငွေ လက်ခံတာမရှိဘူး။ မိတ်ဆွေတချို့က တိုးချဲ့ဆောင်လေးတွေ လုပ်ပေးတာရှိ တယ်။ ကူညီတဲ့သူတွေကလည်း သူတို့ ကိုယ်တိုင်ပဲ လက်သမားငှားခဲ့တယ်။ တချို့က စာအုပ်ဘယ်လောက် လှူမယ် ပြောတယ်။ ကျွန်တော်က ငွေကိုလက်မခံ ဘူး။ စာအုပ်ရောင်းတဲ့ဆိုင်ကို ကျွန်တော် လိုက်ပို့ပေးတယ်။ လာလှူတဲ့အလှူရှင် တွေရဲ့ မှတ်တမ်းတွေ၊ စာအုပ်အမျိုးအစား၊ စာအုပ်အရေအတွက် အကုန်မှတ်တမ်း လုပ်ထားပါတယ်။

မေး။ ။ စာကြည့်တိုက် တစ်ခုကို ပြည်သူတွေ တကယ် အားကိုး ပြီး အသက်ဝင်လာစေဖို့ ဘယ်အရာတွေ က ပိုအရေးကြီးပါသလဲ။ ဘာတွေလုပ် ဆောင်သင့်ပါသလဲ။

ဖြေ။ ။ ကျွန်တော်တို့ရဲ့ အတွေ့ အကြုံအရ လက်လှမ်းမီ သလောက်ပြော ရရင် ကျေးရွာစာကြည့် တိုက်တစ်ခု အသက်ဝင်ဖို့ဆိုတာက အခုခေတ်နဲ့ ဆို ငွေကျပ် ၁ဝ သိန်း ဝန်း ကျင်လောက်မှ လည်ပတ်လို့ ရနိုင်တယ်။ စာကြည့် တိုက်မှူးမရှိတဲ့ ဘယ်စာကြည့် တိုက်မဆို ရေရှည် မရှင်သန်နိုင် တာ တွေ့ရတယ်။ ပြောရရင် ပြည်သူတွေ ယုံကြည်ကိုးစားလောက်တဲ့ အဆင့်ထိ မရောက်ခင် ပျက်စီးသွားကြတာများ ပါတယ်။ နိုင်ငံ အဝန်းမှာ ကျေးရွာစာကြည့် တိုက်တွေတော့ ဖွင့်ကြတယ်။ သိပ်မကြာ ဘူး ပိတ်သွားတာများတယ်။ စာကြည့် တိုက်တွေ ဘာကြောင့်ပျက်စီးလဲဆိုတာ ကတော့ အဓိကက စာကြည့်တိုက်မှူး မရှိတဲ့အတွက်ကြောင့်ပဲလို့ မြင်ပါတယ်။
စာကြည့်တိုက်မှူး ခန့်ဖို့ဆိုတာ ကလည်း ခုခေတ်ကနေ့စားလပေး တောင် တစ်လတစ်သိန်းဝန်းကျင် လောက်ပေးနိုင်မှသာ လုပ်ချင်ကြ တာ။ ကျေးရွာ ဆိုတာကလည်း စာကြည့်တိုက်နဲ့ ပတ်သက်ရင် ထက်ထက်သန်သန်ရှိတဲ့သူ က နည်းပါးတယ်။ စာကြည့်ဖို့ကိုတောင် တော်တော်လေး စည်းရုံးရတယ်။ စာကြည့်တိုက်ပေါ် အသင်းဝင်ကြေး ကောက်ခံတာတွေ၊ စာအုပ်ငှား ရမ်းခတွေ တောင်းမယ်ဆိုရင် အဲဒီစာကြည့်တိုက် လူမလာနိုင်တော့ဘူး။ အခမဲ့တောင် လာရောက်ကြည့်ရှုဖို့ မနည်းစည်းရုံးနေရ တာ။ စာကြည့်တိုက်မှူးတွေ သီးသန့်ခန့် ထားတာမရှိတော့ ဘယ်သူက ဘာစာအုပ် ငှားရမ်းမှန်းမသိ၊ ဟိုစာအုပ်ပျောက်၊ ဒီစာအုပ်ပျောက်နဲ့ ဒီလိုနဲ့လုံးပါးပါးကုန် တာတွေ အများကြီးတွေ့ရတယ်။ ဒါ့ကြောင့် ကျွန်တော့်စာကြည့်တိုက်ကို ကိုယ်တိုင်ပဲ စာကြည့်တိုက်မှူးလုပ်တယ်။ ကျွန်တော် လုပ်နိုင်သရွေ့ လုပ်သွားမယ်။ ဒီစာကြည့်တိုက် ဆိုတဲ့အလုပ်က လောကီ အတွက်ရော၊ လောကုတ္တရာအတွက်ရော အကျိုးရှိတယ်ဆိုတာ တချို့ကမသိကြ တော့ စိတ်အားမထက်သန်ကြဘူး။
စာကြည့် တိုက်များ ဖောင်ဒေးရှင်းက ရန်ကုန်မှာ ညီလာခံလုပ်တော့ ကျွန်တော် သွားတက်တယ်။ ကျွန်တော်လည်း လိုအပ်တာတွေတင်ပြတယ်။ လွန်ခဲ့တဲ့ ၂ဝဝ၆ ခုနှစ်စာရင်းအရ မြန်မာနိုင်ငံမှာ ကျေးရွာပေါင်း ၆ဝဝဝဝ ကျော် ရှိတဲ့အထဲ ကျေးရွာပေါင်း ၅ဝဝဝဝ ကျော်မှာစာကြည့် တိုက်တွေ ဖွင့်ပြီးပြီ လို့သိရတယ်။ ဒါပေမယ့် ဒီကနေ့မှာတော့ အမှန်တကယ် ရှင်သန်တဲ့ စာကြည့်တိုက်က ငါးထောင် ဝန်းကျင်မှာပဲရှိမယ်လို့ ထင်ပါတယ်။ ဒါဘာကြောင့်လဲ။ စာကြည့်တိုက်မှူးတွေ လိုအပ်နေလို့ပါပဲ။ အမှန်တကယ် ရှင်သန် နေတဲ့ စာကြည့်တိုက်လေးတွေကို စာကြည့်တိုက်မှူးတွေ ချပေးထားသင့် တယ်လို့တော့ အကြံပြုတင်ပြပေးခဲ့တယ်။

မေး။ ။ ဆရာ့ဘဝရဲ့ မှတ်တမ်းတစ်ခု လို့ ခေါ်ထိုက်တဲ့ ဒီမိတ်ဆွေ
ကောင်းစာကြည့် တိုက်လေးကို ဆရာကိုယ် တိုင် ဆောက်လုပ် ထားတယ်ဆိုတော့ ဘယ်လိုလေ့လာသင်ယူပြီး ဆောက်တာ ပါလဲ။

ဖြေ။ ။ စာပေက လူ့ဘဝကို ပြောင်းလဲပေးနိုင်တယ်။ စာပေတွေ ဖတ်ခြင်းဖြင့် စိတ် ဓာတ်ခွန် အားတွေရပြီး စာကြည့်တိုက်ဆောက်တာ၊ ကျွန်တော့်အိမ်ဆောက်တာ ကိုယ်တိုင်ပဲ ဆောက်လုပ်ခဲ့တာ။ ဒါက ဘာလို့လဲ ဆိုတော့ စာပေကပေးတဲ့အကျိုးကျေးဇူး ကြောင့်ပဲ။ နိုင်ငံခြားဘာသာပြန်စာအုပ် တစ်အုပ်မှာ ဖတ်ဖူးတာကနေအကြံ ရတာ။ လူတစ်ဦးက ငယ်ရွယ်တဲ့အချိန်မှာ ကတည်းက သူနေတဲ့အိမ်ကို သူကိုယ်တိုင် ဆောက် နေမယ်လို့ ရည်မှန်းထားခဲ့တယ်။ သူက အင်ဂျင်နီယာတစ်ဦးပါ။ သူအိမ် မဆောက်ခင်မှာ ယာဉ်မတော်မတမှု ဖြစ်ပွားခဲ့ပြီး အောက်တစ်ပိုင်းသေသွား တယ်။ ဒါပေမယ့် သူ့ရည်ရွယ်ချက် အပျက်မခံဘူး။ စတီးကြိုး၊ တွန်းလှည်း လေးနဲ့ သူကိုယ်တိုင် အမြင့်ထိပါတက် ပြီး ဆောက်လုပ်ခဲ့တယ်။ အဲဒီလိုမျိုးစာပေ တွေကို ဖတ်လိုက်ရတော့ စိတ်ဓာတ် ခွန်အားတွေရပြီး ကိုယ်တိုင်ဆောက် လုပ် ဖြစ်ခဲ့တာ၊ စာကြည့်တိုက်တင်မကဘူး။ အိမ်ကိုလည်း ကိုယ်တိုင်ဆောက်နိုင် ခဲ့ပါ တယ်။ အဓိကကတော့လုပ်ဖို့ဆန္ဒပဲ လိုတာ။ ကျွန်တော်တစ်ယောက်တည်း အချိန်တစ်လကြာယူပြီး စာကြည့်တိုက်ကို ဆောက်ခဲ့တယ်။

ကျွန်တော်အတွေ့အကြုံအရ ဆိုရင် လူကြီးပိုင်းအရွယ်တွေက စည်းရုံးဖို့ မလွယ်ဘူး။ လူလတ်ပိုင်းနဲ့ လူငယ်ပိုင်း ကိုသာ အတတ်နိုင်ဆုံးစည်းရုံးတယ်။ ကလေးတွေကိုလည်း အမြဲတက်ြ<ွက နေအောင်၊ ပုံပြင်ပြောပြတာတွေ၊ ဘာသာရေးသင်တန်းတွေ လုပ်ပေးတယ်။ ကလေးတွေ စာကြည့်တိုက်ကို စာကြည့် တိုက်မှန်းသိအောင် အသက်သွင်းပေးတာ မျိုးတွေလည်း လုပ်ပေးပါတယ်။

မေး။ ။ မိတ်ဆွေကောင်း ဆိုတဲ့ စာကြည့်တိုက် ရဲ့ အမည် လေး ပေးဖြစ် ပုံလေးနဲ့ လက်ရှိစာအုပ် အရေအတွက် ဘယ်လောက်ရှိတယ် ဆိုတာလေး ပြောပြပေးပါဦး။

ဖြေ။ ။ ဗုဒ္ဓစာပေ တွေထဲမှာ ညီတော် အာနန္ဒာက မိတ်ဆွေကောင်း ရှိရင် လုပ်ငန်း တစ်ဝက်အောင်မြင်နိုင်တယ် ထင်ပါ တယ်လို့ မြတ်စွာ ဘုရားကို လျှောက်တဲ့ အခါ မြတ်စွာဘုရားက မဟုတ်ဘူး ညီတော်အာနန္ဒာ မိတ်ဆွေကောင်း ရှိရင် လုပ်ငန်းရာနှုန်းပြည့်အောင်မြင် တယ်လို့ ပြန် လည်ဟောကြားတော် မူခဲ့ တာရှိတယ်။ ဒါ့ကြောင့်ဘဝမှာ အောင်မြင်မှု လမ်းကြောင်းတွေကို အဓိက ပို့ဆောင်ပေးနိုင်တဲ့ မိတ်ဆွေ ကောင်းဆိုတဲ့အ မည်ကို ရွာမှာရှိတဲ့ လူငယ်တွေနဲ့ညှိနှိုင်းပြီး စာကြည့်တိုက် လေးအမည်ကို အခုလိုပေးဖြစ်သွား တာဖြစ်ပါတယ်။ မိတ်ဆွေကောင်း ဆိုတဲ့ အတိုင်းပဲ ကျွန်တော့်ရဲ့ စာကြည့်တိုက်လေးက မိတ်ဆွေ ကောင်းတွေရှိလို့သာ အခုလိုရှင်သန် နိုင်တာ ဖြစ်ပါတယ်။

ကျွန်တော့်ရဲ့ စာကြည့်တိုက်မှာ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ဘာသာရေး အစရှိတဲ့ စာအုပ်တွေ စုံစုံလင်လင် ရှိပါတယ်။ ဝတ္ထု၊ မဂ္ဂဇင်း၊ ဘာသာပြန်၊ အင်္ဂလိပ်-မြန်မာ၊ ဘာသာ ရေးနယ်ပယ် လေ့လာချင်သူတွေ အတွက် မြန်မာ့ စွယ်စုံကျမ်းတွေ၊ ကလေးတွေအတွက် ရုပ်ပြ၊ ကာတွန်း၊ ဂျာနယ် အစုံအလင်ရှိ ပါတယ်။ လက်ရှိ ကျွန်တော့် စာကြည့်တိုက်မှာ စာအုပ် ပေါင်း ၁ဝဝဝဝ ကျော် ရှိပါတယ်။ အဲဒီ ၁ဝဝဝဝ ကျော်မှာ ရသစာပေက ၈ဝဝဝ ကျော်ရှိတယ်။ ဒီမှာက ရသစာပေပဲ အဓိကဖတ်ကြတယ်။ သုတစာပေ ကိုတော့ လူနည်းစုပဲ ဖတ်ကြတာ တွေ့ရတယ်။ စာကြည့်တိုက်တစ်ခုက စာအုပ်ရှိရုံ၊ စာအုပ် ငှားပေးရုံလောက် နဲ့တော့ မလုံလောက်ဘူး။ ဘာဖြစ်လို့ လဲဆိုတော့ စာကြည့် တိုက်တစ်ခုက ကိုယ့်ပတ်ဝန်းကျင်ကို တတ်နိုင် သလောက် အကျိုးပြု လုပ်ငန်းလေးတွေ လုပ်ပေးနိုင်မှ ပိုပြီးတော့အောင်မြင် တယ်လို့ ထင်ပါတယ်။

တွေ့ဆုံမေးမြန်း - တင်မောင်လွင် (မြန်မာ့အလင်း)
ဓာတ်ပုံ - မောင်လွင်

မြန်မာ့အလင်းသတင်းစာ (၁၄.၈.၂၀၁၆)

Powered by Bullraider.com