မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်မှ အလယ်တန်းပြ ဆရာမ ဒေါ်မြင့်မြင့်ဇော်နှင့် တွေ့ဆုံမေးမြန်းခြင်း

ကဗျာများရွတ်ဆိုသင်ကြားရာတွင် အသံနေအသံ ထားဖြင့် ရွတ်ဆိုသင် ကြားပြီး အသံကောင်းလွန်းသည့် အတွက် ဖေ့စ်ဘွတ်ခ် စာမျက်နှာများပေါ် တွင် လူအများ သဘောကျနှစ်သက်လေးစားမှုခံခဲ့ရသော မကွေးတိုင်း ဒေသ ကြီး ပေါက်မြို့နယ်မှ အလယ် တန်းပြ ဆရာမ ဒေါ် မြင့်မြင့်ဇော်ကို ပညာတန်ဆောင် က ယခုနှစ်အတွက် ထူးချွန်ဆရာဆု ရွေးချယ်ပေး အပ်မည်ဖြစ် သည်။

သို့ဖြစ်ရာ ဆရာမဒေါ်မြင့်မြင့်ဇော်နှင့်ဆက်သွယ် ပြီး မေးမြန်းဖြစ်ခဲ့သည်များ ကို ကောက်နုတ်ဖော်ပြပေး လိုက်ပါသည်။

(အယ်ဒီတာ)

မေး။ ။ ဆရာမရဲ့ ကဗျာရွတ်သင်ကြားတဲ့အသံဖိုင်တွေ ဖေ့စ်ဘွတ်ခ် မှာပျံ့နှံ့လာတော့ တော်တော်များများက နှစ်သက်ကြပါတယ်။ အဲဒီ ကဗျာရွတ်တဲ့ဗွီဒီယိုဖိုင်တွေ ဘယ်လိုပျံ့နှံ့သွားတာလဲဆိုတာသိချင်ပါ တယ်။

ဖြေ။ ။ အဲဒီဗွီဒီယိုဖိုင်တွေက အစတုန်းက ဘာမှရည် ရွယ်ချက်မရှိပါဘူး။ သူငယ်ချင်းတွေက အဲလိုလေးတင် လိုက်ပါလားဆိုတာနဲ့ အမှတ်တမဲ့ပဲ တင်လိုက် တာပါ။ ဒီလိုပဲတင်လိုက်တာ ထွေထွေထူးထူးတော့ ရည်ရွယ်ချက် မရှိပါဘူး။

မေး။ ။ အခုဆိုရင် ဖေ့စ်ဘွတ်ခ် အသုံးပြုတဲ့သူတော်တော်များများ က နှစ် သက်နေကြ တာဆိုတော့ ဆရာမအနေနဲ့ ဒီအပေါ်မှာ ဘာများ ပြော ချင်ပါသ လဲ။ ဘယ်လိုခံစားမိလဲ။

ဖြေ။ ။ အဲဒီလိုမျိုးလေးတွေတင်လိုက်တော့ တခြား ဆရာမတွေကလည်း သူတို့လည်း အဲလိုမျိုးတွေသင်ချင် တယ်ဆိုတော့ ပိုပြီးမှ သင်ကြားရေးမှာ ထိရောက်မယ်ဆို တော့ပိုပြီးမှ အဆင်ပြေတာပေါ့လေ။

မေး။ ။ ဆရာမအနေနဲ့ ကဗျာတွေကို အမြဲတမ်းဒီလိုပဲသင်ဖြစ်တာ လား။

ဖြေ။ ။ ကဗျာတွေသင်တဲ့အခါ ကိုယ်သိတဲ့ကဗျာတွေအ ကုန်လုံးကတော့ အဲဒီလိုလေးပဲ သင်ပါတယ်။

မေး။ ။ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ နေရာကိုလည်းသိပါရစေ။

ဖြေ။ ။ အခုတာဝန်ထမ်းဆောင်နေတဲ့ကျောင်းက မကွေး တိုင်း၊ ပေါက်မြို့နယ်၊ အ-လ-ကခွဲ၊ ရွှေဘုံသာပါရှင်။
မေး။ ။ တာဝန်ယူထားတဲ့ အတန်းတွေကိုလည်း သိပါရစေ။

ဖြေ။ ။ စာသင်ပေးနေတဲ့အတန်းတွေကတော့ ငါးတန်း၊ ခြောက်တန်း၊ ခုနစ်တန်း၊ ရှစ်တန်းမြန်မာစာတွေကို သင်ပေးနေပါတယ်။ သင်္ချာ၊ သိပ္ပံတွေကိုလည်း တွဲပြီး သင်ပေးပါတယ်။

မေး။ ။ ဆရာမအနေနဲ့ အခုထူးချွန်ဆရာဆုအတွက်လည်း အရွေးခံ ရတယ်လို့ သိရပါတယ်။ အဲဒီအပေါ်မှာ ဆရာမရဲ့ခံစားချက်လေးသိပါ ရစေ။

ဖြေ။ ။ ထူးချွန်ဆရာဆုရတယ်ဆိုတာနဲ့ပတ်သက်ပြီး တော့ မပြောတတ်သေးဘူးရှင့်။ အဲဒီလိုမျိုးကြီးကျတော့ မပြောတတ်ဘူး(ရယ်လျက်)၊ ၀မ်းသာတာတော့ဝမ်းသာ တယ်။

မေး။ ။ ဆရာမအနေနဲ့ အနာဂတ်မှာရော ဘယ်လိုရှေ့ဆက်လုပ် ဆောင်သွားမလဲဆိုတာလေးပါ ဖြေကြားပေးပါရှင်။

ဖြေ။ ။ ကဗျာလေးတွေကိုပေါ့လေ။ ကိုယ်မသိသေးတဲ့ ကဗျာလေးတွေကို သင်ချင်သေးတယ်။ လေ့လာချင်သေး တယ်။ အဲဒီလိုမျိုး သင်ရိုးမှာပါတဲ့ကဗျာတွေအကုန်လုံး ကိုသင်ချင်တယ်။ လေ့လာရဦးမယ်။ မသိသေးတာတွေ ကိုလေ့လာပြီးလို့ရှိရင်လည်း သူငယ်ချင်းတွေလည်းသိ အောင် အကုန်လုံးကိုမျှပေးမယ်လို့ ပြောချင်ပါတယ်။

မေး။ ။ တခြား ဆရာ၊ ဆရာမတွေ သင်ချင်၊ အသုံးပြုချင်ကြတယ် ဆိုတော့ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ သူငယ်ချင်း ဆရာ၊ ဆရာမ တွေကို ကဗျာရွတ်နည်းသင်ပေးဖြစ်တာမျိုးရှိပါသလား။

ဖြေ။ ။ ဒါလေးကို ဘယ်လိုရွတ်လဲဆိုပြီးတော့ မေးလာ ရင်တော့ ဘယ်လိုလေးတော့ရွတ်တယ်ဆိုပြီးတော့ ပြော ဖြစ် တာမျိုးရှိ တယ်။ အခုလိုမျိုး နတ်မောက်ဘက်တွေ မှာ သူငယ်ချင်းတွေရှိတယ်။ သူတို့လည်းသင်ချင်တယ် ဘယ်လိုသင်လဲလို့မေး လာရင်တော့ အဲဒီလိုလေးတော့ သင်ပါတယ်လို့ ဖုန်းနဲ့ဆိုပြဖူးပါတယ်။

မေး။ ။ ဒီလိုမျိုးကဗျာတွေကိုရွတ်ပြနိုင်ဖို့အတွက် ဘယ်လိုမျိုးလေ့ လာဖြစ်ခဲ့ပါသလဲ။

ဖြေ။ ။ တချို့ကဗျာတွေပေါ့ ပထမဆုံးရွတ်ဖူးခဲ့တဲ့ " နေ၀င်စချိုးမရယ်ကူ" ဆိုတဲ့ ကဗျာကကျတော့ တောင်ကြီး ပညာရေးကောလိပ် က ဆရာမကြီးကသင်ပြလိုက်တဲ့ ဟာနဲ့ အဲဒီအသံနဲ့ဆိုတာပါရှင့်။ ကျန်တဲ့ကဗျာကကျတော့ ကိုယ့်ဘာသာကိုယ် သီချင်းလေးတွေထဲ ကလေ့လာပြီး တော့အခါကျတော့ အသံအသွားလေးတွေနဲ့ပေါ့လေ "ရိုးတလျှောက်" တို့ဘာတို့ဆိုလို့ရှိရင် လူရွှင်တော်တွေ၊ ခွန်းတောက်တို့ ဘာတို့ကိုကြားဖူးတာတွေနဲ့ပဲ ကိုယ့်ဘာ သာကိုယ်လေ့လာပြီးတော့ သင်တာပါ။ မန်းတောင်ရိပ် ခိုကဗျာလေးတွေကျတော့ ဒေါ်မာမာအေး ရဲ့သီချင်းက အဲဒီလိုလေးတွေဆိုတာဆိုပြီးတော့ဆိုဖြစ်တာပေါ့။ ကိုယ့် ဘာသာကိုယ် ခံစားရတာတော့ရှိတာပေါ့နော်။ ဒါပေမဲ့ အကုန် လုံးတော့ ပြည့်ပြည့်စုံစုံ မတတ်သေးဘူးလေ။

မေး။ ။ ကဗျာစုစုပေါင်း ဘယ်နှပုဒ်လောက်ကို ဆရာမအနေနဲ့ အသံနေအ သံထားကောင်းကောင်းနဲ့ အခုလိုဆိုနိုင်တာလဲရှင့်။

ဖြေ။ ။ အလယ်တန်းအဆင့်မှာဆိုရင်တော့ ဆိုနည်းမှန် တာ၊ မမှန်တာတော့ ကျွန်မမသိဘူးလေ။ အဲဒီလိုမျိုး လေးတွေဆိုတတ် တာတော့ ၁၅ ပုဒ်လောက် ရှိပါတယ်။

မေး။ ။ ကဗျာတွေကို အခုလိုရွတ်ဆိုလိုက်တဲ့အခါမှာ ဆရာမအနေနဲ့ ကိုယ့်ပတ်ဝန်း ကျင်ဆီက ဘယ်လိုအသံတွေကို လက်ခံရရှိတာမျိုးရှိလဲ။

ဖြေ။ ။ ဒီလိုမျိုး ကဗျာတွေကိုစိတ်ဝင်စားတယ်။ အဲဒီ လိုမျိုးသင်ချင်တယ် ဆိုပြီးတော့ ဃသာာနညအ လေးတွေ ဖတ်မိပါတယ်။

မေး။ ။ ထူးချွန်ဆရာဆုနဲ့ပတ်သက်ပြီးတော့ ဆရာမဆီကိုဆက်သွယ် လာတာရှိပြီလား။

ဖြေ။ ။ ထူးချွန်ဆရာဆုနဲ့ပတ်သက်ပြီးတော့ တိုင်းပညာ ရေးမှူးက ဖုန်းနံပါတ်ပေးပြီးတော့ ဆက်လိုက်ပါလို့ပြော လို့ ဆက်လိုက်ပါတယ်။ အဲဒီမှာ ဆရာကြီးဒေါက်တာတင် ညိုနဲ့ အဆက်အသွယ်ရပါတယ်။ ဆုကိုတော့ ရန်ကုန်မှာ ဒီဇင်ဘာ ၂၅ ရက်ကျလို့ရှိရင် လာခဲ့လို့တော့မှာထား တယ်။ နောက် မှ ပဲပြန်ဆက်သွယ်ဖို့လည်းပြောထားပါ တယ်။ ထွေထွေထူး ထူးတော့ မရှိသေးပါဘူး။

မေး။ ။ တခြား ဆရာ၊ဆရာမတွေအတွက်ကို ဆရာမအနေနဲ့ ဘာ များပြောချင်တာရှိပါသေးလဲ။

ဖြေ။ ။ ဘယ်လိုပြောရမလဲမသိဘူး။ အခုလိုမျိုး ကဗျာ လေးတွေဆိုပြီးတော့ သင်ကြားတဲ့နည်းကပေါ့။ ကလေး တွေပျော်လည်းပျော်တယ်၊ ကိုယ်သင်တာကို သူများတွေ သဘောကျတယ်ဆိုတော့ ၀မ်းသာတယ်။ ရှစ်တန်းကျောင်း သားလေးတစ်ယောက်ကို ဆရာမအခုလိုသင်တာ ဘယ် လိုခံစားရလဲဆိုတော့ သားတို့က အဲဒီလိုမျိုးသင်ရတာ ပျော်တယ်။ မှတ်လည်းမှတ်မိတယ်။ ခုနစ်တန်းတုန်းက ကဗျာတွေကိုတောင် မှတ်မိနေသေးတယ်လို့ပြောတယ်။

မေး။ ။ ဆရာမအနေနဲ့ ကဗျာတွေကိုသင်ပေးနေရတဲ့အခါ ဘယ်လို ခံစားရလဲ။

ဖြေ။ ။ ကိုယ်ကတော့ ၀ါသနာပါတော့ပျော်တာပေါ့။ရှစ်တန်းတွေကို မဟော်သဓာသင်ရမယ့်နေ့မှာတောင် ကလေးတွေကို မဟော်သဓာစာအုပ်ထုတ်ခိုင်းရင်တောင် ဆရာမ ကဗျာ၊ ကဗျာဆိုပြီးတော့ အော်ကြတယ်။ စိတ် ၀င်စားကြတယ်။ ကဗျာပဲသင်ချင်နေကြတယ်။

မေး။ ။ ဆရာမလုပ်သက် ဘယ်လောက်ရှိပြီလဲရှင့်။

ဖြေ။ ။ လုပ်သက်ကတော့ ၁၄ နှစ်ထဲမှာရှိပြီ။ ပထမဦး ဆုံးတာဝန်ကျတာကတော့ ရှမ်းမြောက်၊ သီပေါမြို့နယ်၊ နမ့်ပန်မှာတာဝန်ကျခဲ့တယ်။ မူလတန်းပြရာထူးတိုးကို ကျတော့ နမ့်ဆန်ဘက်က ပလောင်ဒေသမှာ ကျတယ်။ပေါက်မြို့နယ် ကိုပြောင်းခဲ့တာကတော့ လေးနှစ်လောက် တော့ရှိသွားပြီ။

မေး။ ။ ဆရာမတစ်ယောက်အနေနဲ့ ခံယူချက်လေးပါဖြည့် စွက်ပြီး တော့ ဖြေကြားပေးစေ ချင်ပါတယ်။

ဖြေ။ ။ ဆရာမဖြစ်ရတဲ့ခံယူချက်ကတော့ ဆရာမလုပ် ရတာ ကုသိုလ်လည်း ရတယ်။ ဒီအလုပ်က မွန်လည်းမွန် မြတ်တယ်။ ပျော်ပါတယ် လို့ခံယူပါတယ်။

အခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

#Democracytoday (2.10.2016)

Powered by Bullraider.com