နေရပ်ပြန်လာသည့် အလုပ်သမားများ ထိုင်းနိုင်ငံ၌ ပြန်လည်အလုပ်လုပ်လိုသူများကို အလုပ်ခေါ်စာအသစ်များနှင့် ပြန်လည်သွားရောက်လုပ်ကိုင်နိုင်ရေး စီစဉ်ပေးမည်

ထိုင်းနိုင်ငံ ရချပူရီခရိုင်Siam Rachaburi Industry Co., Ltd ဂျယ်လီ စက်ရုံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများ နေရပ်ပြန်လာသည့် ကိစ္စရပ်နှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံတွင်ရှိသည့် မြန်မာအလုပ်သမားသံအရာရှိ၏ ဆက်လက် ဆောင်ရွက်ပေးနေမှုများကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်နွေဦးနှင့် တွေ့ဆုံမေးမြန်းထားသည်။

မေး။ ။ Siam Rachaburi Industry Co., Ltd ဂျယ်လီစက်ရုံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား တွေ နေရပ်ပြန်လာတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာအလုပ်သမားသံအရာရှိရဲ့ ဆောင်ရွက်ပေးမှုအခြေအနေ ကို ပြောပြပေးပါဦး။

ဖြေ။ ။ Siam Rachaburi Industry Co., Ltd က တစ်ဆင့် K. Chanroen Inter Co., Ltdမှာ အလုပ်လုပ် နေတဲ့ မြန်မာအလုပ်သမား ၁၇၆ ဦး ရှိပါတယ်။ အဲ့ဒီထဲက အလုပ်သမား ၁၆ ဦးက စုဝေးတောင်းဆိုမှုမှာ ပါဝင်ခြင်း မရှိ ဘဲ ဆက်လက်အလုပ်လုပ်ကိုင်လျက်ရှိပါတယ်။ အလုပ်သမား ၁၆ဝ က အခန်းခ၊ ရေခ၊ မီးခ ဖြတ်တောက်ခံရလို့ ကျေနပ်မှု မရှိတဲ့အတွက် အလုပ်ဝင်ရောက်လုပ်ကိုင်မှုမရှိဘဲ ဇူလိုင် ၆ ရက်မှ ဇူလိုင် ၉ ရက်အထိ သုံးရက်ကြာ စုဝေးတောင်းဆို ခဲ့ရာမှာ အလုပ်သမားသံအရာရှိက ထိုင်းနိုင်ငံရဲ့ ဥပဒေနဲ့ အညီ အလုပ်သမားတွေ ဆုံးရှုံးနစ်နာမှု အနည်းဆုံးဖြစ်အောင် အလုပ်ရှင်နဲ့ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါတယ်။
အဲ့ဒီလို ညှိနှိုင်းဆောင်ရွက်ပေးရာမှာ အလုပ်ရှင်က အလုပ်သမားတွေရဲ့ တောင်းဆိုချက်အားလုံးနီးပါး လိုက်လျော ပေးခဲ့ပါတယ်။ ဦးဆောင်လူစုဝေးသူ အလုပ်သမား ရှစ်ဦးက လွဲပြီး ကျန်အလုပ်သမားတွေကို လုပ်ငန်းခွင်ပြန်လည်ဝင် ရောက်ဖို့ လက်ခံပေးခဲ့ပေမယ့် အလုပ်သမားတွေက ဦးဆောင် သူ ရှစ်ဦးကို အလုပ်ပြန်လည်ခန့်အပ်ချင်လို့ ဆိုပြီး အလုပ်ခွင် ကို ပြန်လည်မဝင်ရောက်ဘဲ စုဝေးခဲ့ကြတာ ဖြစ်ပါတယ်။

အဲ့ဒီလို ဖြစ်ပွားခဲ့တဲ့နေရာကို ထိုင်းတပ်မတော်၊ ရချပူရီ ခရိုင်တာဝန်ခံ၊ ခရိုင်ရဲမှူး၊ လူဝင်မှုကြီးကြပ်ရေးဌာနနဲ့ အလုပ် အကိုင်ဌာနတို့က တာဝန်ရှိသူတွေ ရောက်ရှိလာပြီး အလုပ် သမားတွေ စုဝေးနေတာကို အလုပ်သမား သံအရာရှိ၊ အလုပ် ရှင်နဲ့ အဲ့ဒီကုမ္ပဏီရဲ့ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးညှိနှိုင်းပေး ခဲ့ပါတယ်။

မေး ။ ။ ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာအလုပ်သမား သံအရာရှိ က မြန်မာအလုပ်သမားတွေကို အတင်းအကျပ် ပြန်လည် ပို့ဆောင်ခဲ့တယ်လို့ လူမှုကွန်ရက်သတင်းတွေ ဖြစ်ပေါ်တာနဲ့ ပတ်သက်ပြီး ရှင်းပြပေးပါ။

ဖြေ။ ။ အလုပ်သမားတွေအနေနဲ့ လုပ်ငန်းခွင်ကို ပြန်လည် ဝင်ရောက်ဖို့နဲ့ နေရပ်ကိုပြန်ဖို့ တစ်ခုခုကိုရွေးချယ်ဖို့ လိုအပ် ပါတယ်။ အလုပ်သမားတွေအနေနဲ့ တောင်းဆိုခဲ့တဲ့ အချက် တွေကိုလည်း အလုပ်ရှင်က ဆောင်ရွက်ပေးမယ်လို့ ကတိပြု ထားပါတယ်။ အဲ့ဒါကြောင့် အလုပ်သမားတွေအနေနဲ့ မိမိတို့ ရဲ့ အကျိုးကို စဉ်းစားဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အလုပ် သမားတွေ လုပ်ငန်းခွင်ဝင်ရောက်ခြင်းမရှိဘဲ စုဝေးတောင်းဆို တာ သုံးရက်လောက်ကြာမြင့်ခဲ့ပါတယ်။ အဲ့ဒီနယ်မြေဟာ မည်သူ့ကိုမျှ ငါးဦးနှင့်အထက် စုဝေးခွင့်၊ ဆန္ဒပြခွင့်မပြုဘဲ ကန့်သတ်ထားတဲ့ နယ်မြေဖြစ်တဲ့အတွက် အခုလို စုဝေးနေ မယ်ဆိုရင် ထိုင်းနိုင်ငံဥပဒေ ပုဒ်မ ၄၄ အရ အရေးယူမှုခံရမှာ ဖြစ်ကြောင်းနဲ့ ထိုင်းနိုင်ငံရဲ့ ပုဒ်မ ၄၄ ဟာ ငါးဦးနဲ့အထက် စုဝေး ရင် အနည်းဆုံး ထောင်ဒဏ်တစ်နှစ်ကျခံရမှာ ဖြစ်ကြောင်း၊ မိမိ တို့အနေနဲ့ ထိုင်းနိုင်ငံရဲ့ ဥပဒေကို ကျော်လွန်ဆောင်ရွက်ပေးလို့ မရကြောင်း အလုပ်သမားသံအရာရှိက ရှင်းလင်းပြောကြားခဲ့ တယ်လို့ သိရပါတယ်။
ဒါကြောင့် အလုပ်သမားသံအရာရှိအနေနဲ့ ဖြစ်ပေါ်နေတဲ့ အခြေအနေကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဆီ တင်ပြ ပြီး ထိုင်းနိုင်ငံဥပဒေအရ ဖမ်းဆီးခံရမယ့် အခြေအနေကို ရှောင်လွှဲနိုင်ဖို့ အလုပ်သမားတွေအတွက် အကောင်းဆုံး နည်းလမ်းကို ချင့်ချိန်ဆောင်ရွက်ပေးခဲ့ခြင်းသာ ဖြစ်ပါတယ်။

မေး။ ။ နေရပ်ပြန်လာတဲ့ မြန်မာအလုပ်သမားတွေရဲ့ အခြေ အနေကို သိရှိလိုပါတယ်။

ဖြေ။ ။ လုပ်ငန်းခွင် ဝင်ရောက်ခြင်းမရှိဘဲ စုဝေးခဲ့တဲ့ အလုပ် သမား ၁၆ဝ အနက် ၃၈ ဦးဟာ မူလလုပ်ငန်းခွင်ကို ပြန်လည် ဝင်ရောက်ခဲ့ကြပါတယ်။
ပန်းရောင်ကတ်ကိုင်ဆောင်ထားတဲ့ အလုပ်သမား ၄ဝ ဟာ ထိုင်းအေဂျင်စီRKT 46 ရဲ့ အစီအစဉ်နဲ့ ဘန်ခဲမြို့အနီး အုန်းနွဲ့အုန်းယိုင်ဒေသကို ထွက်ခွာသွားခဲ့ပါတယ်။ အဲ့ဒီအထဲမှာ အလုပ်ရှင်က အလုပ်ပြန်ခန့်ဖို့ ငြင်းပယ်ခဲ့တဲ့ အလုပ်သမား ခေါင်းဆောင်အချို့လည်း ပါသွားပါတယ်။

မြန်မာနိုင်ငံကို ပြန်လာတဲ့ အလုပ်သမား ၈၂ ဦးအနက် ဇူလိုင် ၁၁ ရက်မှာ အေဂျင်စီတွေက စေလွှတ်ထားတဲ့ အလုပ် သမား ၁၂ ဦးနဲ့ ပန်းရောင်ကတ်ကိုင်ဆောင်ထားတဲ့ အလုပ် သမား ၁ဝ ဦးတို့ဟာSiam Rachaburi Industry Co.,
Ltdမှာ ပြန်လည်အလုပ်လုပ်ကိုင်ဖို့အတွက် ဗန်ကောက်မြို့ကို ပြန်လည်ထွက်ခွာသွားခဲ့ပြီး အလုပ်သမား ၆ဝ သာ မြဝတီမြို့ကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။
အလုပ်သမားပို့ဆောင်တဲ့ အေဂျင်စီတွေအနေနဲ့ အလုပ်ခွင် မှာ အလုပ်သမားတွေ အဆင်ပြေမှုရှိ မရှိကို ဆက်သွယ်စုံစမ်း မေးမြန်းပြီး အလုပ်ရှင်နဲ့ လိုအပ်တာတွေကို ညှိနှိုင်းဆောင်ရွက် ပေးရမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံကို ပြန်လာတဲ့ အလုပ်သမား ၆ဝ မှာ မကွေးက ၂၅ ဦး၊ ပဲခူးက ၁၄ ဦး၊ မ္တလေးက လေးဦး၊ စစ်ကိုင်းက တစ်ဦး၊ နေပြည်တော်က တစ်ဦး၊ ကယားက နှစ်ဦးနဲ့ ရခိုင်က ၁၃ ဦး တို့ဖြစ်ပါတယ်။ သူတို့ရဲ့ နေရပ်အသီးသီးကို ပို့ဆောင်ပေးဖို့ ထူးသစ်ဇေကုမ္ပဏီ၊ ပြည့်စုံသောစီမံဆောင်ရွက်မှုကုမ္ပဏီ၊ ဇွဲသုခ ကုမ္ပဏီ၊ ရွှေရည်ဖြိုးအောင် ကုမ္ပဏီတွေက စီစဉ်ပေးလျက် ရှိပါ တယ်။

မေး။ ။ နေရပ်ပြန်လာတဲ့ အလုပ်သမားတွေနဲ့ ပတ်သက်ပြီး ဝန်ကြီးဌာနက ဆောင်ရွက်ပေးမယ့် အခြေအနေတွေကို သိရှိ လိုပါတယ်။

ဖြေ။ ။ နေရပ်ပြန်လာတဲ့ အလုပ်သမားတွေထဲက ထိုင်းနိုင်ငံ မှာ ပြန်လည်အလုပ်လုပ်လိုတဲ့ အလုပ်သမားတွေကို အလုပ် ခေါ်စာအသစ်တွေနဲ့ ပြန်လည်သွားရောက်လုပ်ကိုင်နိုင်ရေး စီစဉ်ပေးမှာဖြစ်ပါတယ်။ ပြည်တွင်းမှာ အလုပ်ဝင်ရောက်လုပ်ကိုင် လိုတဲ့ အလုပ်သမားတွေကိုလည်း သူတို့ကျွမ်းကျင်တဲ့ လုပ်ငန်း တွေအလိုက် ဝင်ရောက်လုပ်ကိုင်နိုင်ဖို့ သက်ဆိုင်ရာအလုပ် အကိုင်နဲ့ အလုပ်သမားရှာဖွေရေးရုံးတွေကတစ်ဆင့် စီစဉ်ဆောင် ရွက်ပေးသွားမှာ ဖြစ်ပါတယ်။

မေး။ ။ ပြည်ပကို သွားရောက်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာ အလုပ်သမားတွေအတွက် အသိပေးလိုတဲ့အချက်ရှိရင် ပြောပေးစေလိုပါတယ်။

ဖြေ။ ။ မြန်မာအလုပ်သမားတွေအနေနဲ့ နှစ်နိုင်ငံလက်မှတ် ရေးထိုးထားတဲ့ နားလည်မှု စာချွန်လွှာMoUအရ ထိုင်းနိုင်ငံ ကို သွားရောက်အလုပ်လုပ်ရာမှာ သက်ဆိုင်ရာ နိုင်ငံရဲ့ ဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံတွေကို လေးစား လိုက်နာနေထိုင်ဖို့ လိုအပ်ပါတယ်။ လုပ်ငန်းခွင်မှာလည်း လုပ်ငန်းခွင် စည်းကမ်းတွေနဲ့အညီ နေထိုင်ဖို့၊ မလိုလားအပ်တဲ့ ဆူပူမှုတွေ မပြုလုပ်ဖို့ လိုပါတယ်။

အလုပ်သမားတွေအနေနဲ့ မကျေနပ်ချက်တွေကို သက်ဆိုင်ရာ သံရုံးအလုပ်သမားသံအရာရှိနဲ့ မြန်မာနိုင်ငံမှာ ရှိတဲ့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနကို ဆက်သွယ် အကြောင်းကြားဖို့ လိုအပ်ပါတယ်။ မိမိတို့ အခွင့်အရေး တွေ အပြည့်အဝရရှိဖို့အတွက် အလုပ်သမားသံအရာရှိတွေရဲ့ အကြံပြုချက်တွေ၊ ညှိနှိုင်းနေမှုတွေကိုလည်း အလေးထား လိုက်နာပူးပေါင်းဆောင်ရွက်သွားဖို့ လိုအပ်ပါတယ်။ အလုပ် သမား သံအရာရှိအနေနဲ့ အလုပ်သမားရေးရာ ပြဿနာရပ် တွေကို ဖြေရှင်းဆောင်ရွက်နေသလို ထိုင်းနိုင်ငံမှာရှိတဲ့ အလုပ် သမားအရေး ဆောင်ရွက်ပေးနေတဲ့ မြန်မာလူမှုအဖွဲ့အစည်း တွေနဲ့လည်း ပူးပေါင်းဆောင်ရွက်ပေးနေပါတယ်။ လုပ်ငန်း ခွင် ငြိမ်းချမ်းသာယာရေး၊ မိမိ လုပ်ကိုင်နေတဲ့ လုပ်ငန်းရဲ့ ကုန် ထုတ်လုပ်မှု တိုးတက်ရေးအတွက်စဉ်းစားပြီး win-win
situation အခြေအနေမှာ နှစ်ဦးနှစ်ဖက်အကျိုးများမယ့် နည်းလမ်းနဲ့ အလုပ်လုပ်ကိုင်ဆောင်ရွက်သွားဖို့ အကြံပြု တိုက်တွန်းလိုပါတယ်။

Powered by Bullraider.com