ကြက်ဆူပင် ပညာရေး

မြန်မာနိုင်ငံရဲ့ ပညာရေးကား လက်ရှိအတိုင်း ဆက်သွားလို့ကတော့ တောင်ကိုမဖောက် တောင်းကိုဖောက် ပညာရေးအမြင် ကြက်ဆူပင်သာ ဖြစ်လိမ့်မည်။

အာဏာရှိသူများက မတတ်လို့မပြင်၊ ပညာရှိသူများက ကြောက်လို့မပြင်။ တိုင်းပြည်ရဲ့ အနာဂတ်ကား လူငယ်တွေက အော်နေရုံနဲ့မပြီး၊ ဆောင်ပုဒ်တွေနဲ့မပြီး၊ လုပ်သင့်တာ လုပ်ဖို့အချိန်တန်ပါပြီ။ ဒီမိုကရေစီ လမ်းကြောင်းလို့ပြောတယ်။ ဒီအချိန်မပြင်ရင် ဘယ်အချိန်ပြင်ကြမလဲ။

ကြက်ဆူပင်ပညာရေး အကြောင်းပါ။ ၁၀ တန်း (တက္ကသိုလ်ဝင်တန်း) ပေါ့။ အဲဒီအတန်းမှာ အင်္ဂလိပ်လို သင်ရတဲ့ ဘာသာ ၅ ဘာသာပါ ပါတယ်။ ဓါတုဗေဒ ဘာသာထဲမှာပါ။ စာမျက်နှာ ၂၇၈ မှာ 'ခြံစည်းရိုးကြက်ဆူပင်စေဆီ' လို့ အထူးဘာသာပြန်ဆိုချက်တစ်ခုပါတယ်။

ထူးခြားချက်ကတော့ အင်္ဂလိပ်လိုသင်ရတဲ့ ၅ ဘာသာလုံး အဲဒီတစ်လုံးကိုသာ မြန်မာလို ရေးပေးထားတာပါ။ ဒါတောင် 'စေ'့ ကို 'စေ' လို့ ရေးထားတာ ၅နှစ် လောက်ရှိပြီ ခုထိမပြင်သေးဘူး။ ပြောချင်တာက ဘာသာပြန်မယ်ဆို ဘာသာရပ်အားလုံး လုပ်ပေးပါ။ ကလေးတွေကော ဆရာတွေပါ သင်ထောက်ကူ ဖြစ်ပါတယ်။

အဲဒီခေတ်က ပေါ်လစီ သီးနှံမို့ သင်ရိုးပြုစုသူများ မင်းအကြိုက်လိုက်ရတယ်ထင်ပ။ Jactrova plant seed oil ကို ခြံစည်းရိုးကြက်ဆူပင်စေဆီ လို့ ဘာသာပြန်ထားပါတယ်။ ၄င်းအင်္ဂလိပ်စာလုံးထဲမှာ ခြံစည်းရိုး ဆိုတာမပါ။ တကယ်ဆို ကြက်ဆူပင်စေ့ဆီ လို့ ဖြစ်သင့်တယ်မို့လား။

အဓိကပြောချင်တာ ခြံစည်ရိုးအကြောင်း မဟုတ် (ခြံစည်းရိုး လုံတာကောင်းတာပေါ့။ တရုတ်နယ်စပ်နဲ့ ကုလားနယ်စပ် စိုက်ရင် ပိုတောင်ကောင်းသေး)။ အစိုးရက လုပ်ချင်ရာလုပ်ပေမဲ့၊ နိုင်ငံမှာရှိတဲ့ ပညာရှင်တွေကတော့ မြန်မာပညာရေးကို ကြက်ဆူပင်ပညာရေး ဖြစ်အောင်မလုပ်စေလို။

ထိန်အောင်လင်း

 

Powered by Bullraider.com

Notice: Undefined index: data in /home/maukkha/public_html/plugins/system/jsocial_comments/libs/jsocial_tools.php on line 238