တနင်္သာရီတိုင်း ပညာရေးမှူးရုံး၏ ခေါင်းပုံဖြတ်မှုများ (ပေးစာ)
- Details
- Category: ပေးစာကဏ္ဍ
- Published on Thursday, 22 December 2011 10:37
- Written by Editor
- Hits: 2083

မောက္ခပညာရေးမဂ္ဂဇင်း ရှင့် ........
တနင်္သာရီတိုင်းဒေသကြီး တိုင်းပညာရေးမှူးရုံး၏ လွန်ကဲလာသော ခေါင်းပုံဖြတ် လုပ်ငန်းစဉ်များကို ပြောလိုပါတယ်။
၁။ နှစ်စဉ်နှစ်တိုင်း ပြက္ခဒိန်များ အဓမ္မရောင်းချလာရာ ယခုနှစ် ၂၀၁၁ တွင် ဆရာတစ်ဦး ပြက္ခဒိန်တစ်ခု ၉၀၀ ကျပ် နှုန်းဖြင့် သုံးခုစီအထိ မ၀ယ်မနေရဖြစ်လာခြင်း၊
၂။ ဓာတ်ပုံပါ ၀တ်စားဆင်ယင်မှုအတိုင်း ၀တ်ဆင်ရမည်ဟု ကျောင်းတစ်ကျောင်းလျှင် လေးပုံကျစီ ဆရာမနှစ်ဦး၏ ပုံကို ၁၀၀၀ ကျပ်ဖြင့်ရောင်းချနေခြင်း၊
၃။ မည်သည့်နေ့ရက်၊ နေရာ၊ ဒေသတွင် ကျင်းပကြောင်း မသိရသည့် အာစရိယ ပူဇော်ပွဲများအတွက် ဆရာတိုင်း တွင် ၄၀၀၀ ကျပ်၊ ၃၀၀၀ ကျပ်၊ ၂၀၀၀ ကျပ်နှုန်းဖြင့် ကောက်ခံခဲ့ခြင်း၊
၎။ အားကစားကြေးကို ကျောင်းသားတစ်ဦးချင်းသာမက ဆရာများအထိပါ ၁၀၀၀၊ ၅၀၀၊ ၃၀၀ ကျပ် နှုန်းများဖြင့် ကောက်ခံနေခြင်း၊
၅။ တိုင်းစစ်ဆေးရေးအဖွဲ့ဝင်များသည် ဒေသတွင်းကျောင်းများသို့ ၀င်ရောက်စစ်ဆေးသည့်အခါတွင် တရားခံများ စစ်ဆေးသကဲ့သို့ ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမများ အစစ်ဆေးခံနေရခြင်း၊
၆။ ၄င်းတိုင်းစစ်ဆေးရေး ၀န်ထမ်းများသည် ကျောင်းသားကျောင်းသူများ တက်ရောက် သင်ကြားနေသည့် အခြေခံ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်း တက်ရောက်ရန် အထူးလိုအပ်လျက်ရှိပါကြောင်း နေပြည်တော်မှ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကို အသိပေးလိုပါသည်။
မောက္ခအဖွဲ့သားများအားလုံး ကောင်းကျိုးလိုရာ ဆန္ဒပြည့်ဝကြပါစေ။
တနင်္သာရီတိုင်းဒေသကြီးမှ ပညာရေးဝန်ထမ်းတစ်စု
Notice: Undefined index: data in /home/maukkha/public_html/plugins/system/jsocial_comments/libs/jsocial_tools.php on line 238








