ကွန်ပျူတာတက္ကသိုလ် မဟာဘွဲ့သင်တန်းပြဿနာ ဖြေရှင်းပေးပါ။
- Details
- Category: ပေးစာကဏ္ဍ
- Published on Monday, 20 February 2012 08:36
- Written by MCS Parents
- Hits: 2424
သို့
နိုင်ငံတော်သမ္မတကြီး
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်။
အကြောင်းအရာ။ ။ သားသမီးများ၏ ပညာရေးအတွက် ရတတ်မအေးရပါသော မိဘများဘက်မှ ငဲ့ကြည့်ပေးပါရန် အသနားခံ တင်ပြခြင်း။
အထက်ပါကိစ္စနှင့် ပတ်သက်၍ ကျွန်တော်တို့၏ သားသမီးများသည် ရန်ကုန် ကွန်ပျူတာတက္ကသိုလ်တွင် မဟာဘွဲ့ကို ၂၀၀၉-၂၀၁၀ ပညာသင်နှစ်မှ စတင်၍ တတ်ရောက်ခဲ့ပါသည်။ မဟာဘွဲ့အတွက် ပညာသင်နှစ်ကို ၂ နှစ်ဟု သက်မှတ်ထားပါသော်လည်း ၂၀၁၂ ခုနှစ် (၁၄) ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားသို့ (M.C.Sc) ဘွဲ့ယူမည့်သူများ တတ်ရောက်ခွင့် မရှိခဲ့ပါ။ ၃ ဦး (သို့) ၄ ဦးသာ ပါခဲ့ရပါသည်။ အကြောင်းအရင်းမှာ မဟာသိပ္ပံဘွဲ့ (M.C.Sc) သင်တန်းသား/သူများကို seminor ပြုလုပ်ခွင့်မပေးဘဲ - ဆရာမများ မအားသေးပါ - ဟူသည့် အကြောင်းဖြင့်ရပ်ထားပြီး၊ (M.C.Tech) မဟာနည်းပညာဘွဲ့ ယူမည့် ကျောင်းသားများနှင့် Hardware Department မှ ဆရာမများ၏ တပည့်များကိုသာ seminar လုပ်ခွင့်ပြုခဲ့ပါသည်။ ငါ့တပည့်တွေကို လုပ်လို့ကတော့ ငါနဲ့တွေ့မည်ဟု ကြိမ်းထားသော Hardware Department မှ ဆရာမများ၏ M.C.Tech ကျောင်းသားများကိုသာ မျက်နှာသာပေးပြီး M.C.Sc ဘွဲ့ယူမည့် သူများကို နှိပ်ကွပ်ထားပါသည်။ ပြဿနာ အမျိုးမျိုးရှာပါသည်။ M.C.Tech ဘွဲ့သင်တန်းတက်ပြီးထားသော၊ ကလေးများ လုပ်ထားသော Thesis များမှာ ကလေးကစားစရာမျှသာ ဖြစ်သော်လည်း supervisor များမှာ Hardware Department မှ ဆရာမများဖြစ်နေ၍ seminar စစ်ဆေးသူ ဆရာမများမှာ မည်သို့မျှ မပြောဘဲ ကလေးများမှာ အချောင်ပြီးသွားရခြင်း ဖြစ်ပါသည်။

ရန်ကုန်ကွန်ပျူတာတက္ကသိုလ်တွင် ပညာရပ်ကို တိုးတတ်အောင် သင်ကြားရန် ရည်ရွယ်ချက်မရှိဘဲ ဤ C.T ဘာသာရပ်ကို ယူပါက ဤကျောင်းတွင် ဤသို့ အခွင့်အလမ်းများရမည်ဟု သွေးဆောင်ဖြားယောင်းခြင်းသာ ဖြစ်ပါသည်။ အလုပ်ဝင်ရောက်သောအခါ M.C.Tech ဘွဲ့ရများမှာ ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်တွင်သာ နေရာရပြီး အပြင်လုပ်ငန်းခွင်တွင် အလွန်အလုပ်ရှားပါသည်။ အပြင်တွင် သင်တန်းများ တက်ထားသူများအတွက်သာ လွယ်ကူပါသည်။
ကွန်ပျူတာတက္ကသိုလ်တွင် မဟာဘွဲ့ကို ဆက်ထားရသည်မှာ မည်သည့်ပညာမျှ တိုးတတ်မလာဘဲ supervisor ရွေးချယ်တတ် စေရန်သာ အကျိုးရှိခဲ့ပါသည်။ တချို့ supervisor များဆိုလျှင်လည်း ရေးပေးမည်- ဘယ်လောက်ပေး ဆိုတာတောင် ရှိသည်။ မည်သည့် supervisor က မည်သို့လုပ်တတ်သည်၊ seminar တွင် မည်သို့အဆင်ပြေသည်။ မည်သူ့ကို ရွေးချယ်လျှင် ဘွဲ့မြန်မြန် ရမည် ဟူသည်သာ သိလာရပါသည်။ အချိန်ကုန်၊ ငွေကုန်ပြီး အကျိုးမရှိခဲ့ပါ။ မဟာဘွဲ့ မပြီးသေး၍ လုပ်ငန်းခွင်သို့ ပို့ဆောင်ရန်လည်း အဆင်မပြေသေးပါ။ မည်သည့် အချိန်တွင်ပြီးမည် ဟူ၍လည်း တွက်၍မရခဲ့ပါ။ မရေရာသော သားသမီးများ၏ ပညာရေးဖြစ် မိဘများမှာ ရတတ် မအေးနိုင်ခဲ့ပါ။
ရင်ဖွင့်ချင်တာ ကြာပြီဖြစ်သော်လည်း ကလေးများက သူတို့ကို ပိုပြီး နှိပ်ကွပ်တတ်သည့် အကျင့်ရှိသည်ဟူသော အတွေးဖြင့် ကြောက်နေကြ၍ ကြန့်ကြာ နေရခြင်းသာ ဖြစ်ပါသည်။
အချုပ်အားဖြစ်ဆိုသော် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်တွင် ပညာသင်ကြားရမည့် အချိန်ကို အတိအကျ သတ်မှတ်စေလိုပါသည်။ ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်တွင် စည်းကမ်းတကျ သတ်မှတ်ထားသော ဥပဒေမရှိဘဲ ပါးစပ်မှ ပြောသော “လူကိုခင်ရင် မူပြင်တယ်၊ လူကိုမုန်းရင် မူသုံးတယ်” ဟူသော ဥပဒေသာ ရှိပါသည်။ ပညာအရည်အချင်းဖြင့် ဆုံးဖြတ်မှုမရှိဘဲ တံစိုးလက်ဆောင်များနှင့် မျက်နှာသာပေးမှုပေါ်တွင်သာ မူတည်ပါသည်။ သက်ဆိုင်ရာများအနေဖြင့် မျှတပြီး စည်းကမ်းရှိသော ပညာရေးဖွံ့ဖြိုးတိုးတက်မူကို အမှန်တကယ် လိုလားပါက လိုအပ်သလို ဆောင်ရွက်ပေးသင့်ပါကြောင်း သမ္မတကြီးသို့ တင်ပြလိုက်ရခြင်းဖြစ်ပါသည်။
သမ္မတကြီးရဲ့ ပညာခေတ် ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေး အမြန်ဆုံး အောင်မြင်ပါစေ။
ကွန်ပျူတာတက္ကသိုလ်ကျောင်းသားမိဘများ
Notice: Undefined index: data in /home/maukkha/public_html/plugins/system/jsocial_comments/libs/jsocial_tools.php on line 238








