နောက်ဆုံး အသစ်ထွက်လာသော Ubuntu 11.10 အကြောင်း တစေ့တစောင်း
- Details
- Category: နည်းပညာ
- Published on Wednesday, 02 November 2011 04:19
- Written by ko blade
- Hits: 2175
တစ်ကမ္ဘာလုံးစောင့်မျှော်နေကြတဲ့ ubuntu 11.10 Oneiric Ocelot ကတော့ လွန်ခဲ့တဲ့ အောက်တိုဘာ ၁၃ ရက်နေက ထွက်လာပါပြီ။
11.10 ကတော့ အရင်ရှိပြီးသား အဟောင်းများနဲ့ အသစ်အသစ် ထပ်ထုတ်ထားတဲ့ Open-source နည်းပညာတွေ ပေါင်းစပ်ပြီး အရည်အသွေးမြင့်မြင့် နဲ့ အသုံးပြုရ အလွန်လွယ်ကူအောင် လုပ်ဆောင်ထားပါတယ်လို့လည်း အဲဒီထုတ်ကုန် အဖွဲ့က သူတို့ website ရဲ့ Unbutu 11.10 ကြော်ငြာမှာ ထည့်သွင်းရေးသားထားပါတယ်။
Unbutu 11.10 က ဘာသာစကား ၃၈ မျိုးနဲ့ အသုံးပြုလို့ရမှာ ဖြစ်ပြီး Canonical က ထုတ်လုပ်တဲ့ အခမဲ့ Llinux Operation System ဖြစ်ပါတယ်။ အခုဆိုရင် သူ့ရဲ့ website မှာ Download လုပ်နိုင်ပါတယ်။ သူ့ အရင် version ဖြစ်တဲ့ Ubuntu 11.04 အသုံးပြုသူတွေကတော့ Ubuntu ထဲမှာပါရှိတဲ့ Update Manager ကနေတစ်ဆင့် Upgrade လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ ဘယ်လို Upgrade လုပ်ဆောင်ရမလည်း ဆိုတာကိုလည်း website မှာ အဆင့်အဆင့် အလုပ်လုပ်ပုံတွေကို ရှင်းပြထားပါတယ်။
Ubuntu 11.10 က ဘယ်လိုတွေ အလုပ်လုပ်လည်းဆိုတာ ကနဦးအနေနဲ့ လေ့လာချင်သေးတယ်ဆိုရင်တော့ Online tour မှာ စမ်းသပ်အသုံးပြုကြည့်နိုင်မှာဖြစ်ပြီး slide-show အနေနဲ့လည်း အွန်လိုင်းမှ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
Ubuntu 11.10 အတွက် ပုံမှန် update ကိုတော့ ဧပရယ် ၂၀၁၃ အထိ နောက် ၁၈ လ အထိပေးထားမှာဖြစ်ပြီး Long Term Support(LTS) ကာလရှည် (၅ နှစ်) အတွက်ကတော့ နောက်နှစ် ဧပရယ်လမှာ အသစ်ထွက်မယ့် Ubuntu 12.04 Precise Pangolin မှာ ရမှာဖြစ်ပါတယ်။
A Smoother Unity
အရင် version 11.04 မှာပါတဲ့ မိုဘိုင်းစတိုင် Unity Interface ကို ပဲ အနည်းအကျဉ်းပြုပြင်ပြီး ပုံသေအနေနဲ့ ထားပေးထားပါတယ်။ ဒါပေမယ့်လည်း Gnome က အသစ်ထုတ်ထားတဲ့ Gnome3 (Gnome-shell) ကိုလည်း သွင်းပြီး အသုံးပြုနိင်မှာ ဖြစ်ပါတယ်။
အသုံးပြုသူများရဲ့ စမ်းသပ်လေ့လာချက်များအရတော့ Ubuntu 11.10 မှာ Unity Interface ကိုပဲ ပိုမိုကောင်းမွန်နဲ့ အသုံးပြုရလွယ်ကူအောင် လုပ်ထားတာပဲ ဦးတည်နေပါတယ်လို့ဆိုကြပါတယ်။
Open for Business
ကိုယ်အသုံးပြုချင်တဲ့ အသုံးတည့်မယ့် ဆော့ဝဲလ် တွေကို ရှာဖွေ တင်သွင်းဖို့ကတော့ Ubuntu Software Center က အခုဆိုရင် ပိုမိုလွယ်ကူအောင် ရှာဖွေရ မြန်ဆန်အောင် လုပ်ပေးထားပါတယ်။ အုပ်စုအလိုက် ရှာဖွေ၍ ရသလို ဆော့ဝဲလ် နာမည်နဲ့လည်း ရှာဖွေရတာ လွယ်ကူစေပါတယ်။ ဆော့ဝဲ တော်တော်များများကိုလည်း မျက်စိပဌာသ ဖြစ်အောင် အသုံးပြုချင်စိတ်ပေါက်အောင် အလှဆင်ပေးထားပါသေးတယ် လို့ Project team က ညွှန်းထားပါသေးတယ် ခင်ဗျ။
ကျွန်တော်ကတော့ Thunderbird နဲ့ အသစ်တစ်ခုဖြစ်တဲ့ Deja Dup Backup tool ပါလာတာကို အကြိုက်ဆုံးပါပဲ။ Thunderbird က Evolution ထက် လူကြိုက်ပိုများပြီး သုံးလို့ပိုကောင်းတယ်ထင်လို့ပါ။ Deja Dup Backup ကတော့ ကလိရင်း ခနခန Data တွေ ပျက်ပျက်ကုန်တာကို ကောင်းကောင်း အကူအညီပေးမယ့်ဆော့ဝဲလ် ပဲလေ။
Ubuntu 11.10 က Open for business အတွက်အသေအချာပါပဲ။ Desktops, Servers and Clouds အတွက် ရွေးချယ်စရာ အခမဲ့ ဆော့ဝဲလ် အများအပြားနဲ့ တစ်ခြား လိုချင်သေးတယ်ဆိုရင် full-service support and consulting တွေကိုပါရနိုင်ပါသေးတယ်လို့လည်း Canonical က ပြောပါတယ်။
20 Million Strong
ငွေကုန်ကြေးကျ သက်သာစွာနဲ့ အခမဲ့ ဆော့ဝဲများကို Micorsoft WIndows မဟုတ်ပဲ တစ်ခြား Operation system တစ်ခုခု ကို Windows လိုပဲ End user အနေနဲ့ အသုံးပြုချင်တယ်ဆိုရင်ဖြင့် သင်တို့ဘေးနားလေးမှာ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ဆိုရင် 20 millon လောက်အသုံးပြုနေကြတဲ့ Ubuntu ကရှိနေမှာပါလို့လည်း Canonical ကထပ်ပြောပါသေးတယ်ခင်ဗျ။
ကျွန်တော်လည်း Ubuntu fan ပါခင်ဗျာ။ အခုလက်ရှိလည်း Ubuntu 11.10 အသုံးပြုနေပါတယ်။ စာဖတ်သူတို့လည်း Windows ကလွဲပြီး တစ်ခြားတစ်ခုခုကို ပြောင်းသုံးချင်တဲ့ ဆိုရင်တော့ အခုအချိန်က အသင့်တော်ဆုံးအချိန်ပဲလို့ အကြံပြုပါရစေ။
မြန်မာနဲ့ အသုံးပြုချင်တယ်ဆိုရင်တော သာလွန် ကို အသုံးပြုနိုင်ပါတယ်။
Source:computerWorld
တွဲလျှက် ဖတ်ရှုသင့်သည်များ
LINUX ပြောင်းသုံးဖို့ အဆင်သင့်ဖြစ်ပြီလား
Ubuntu 11.10 အသစ်မှာ လိုအပ်တဲ့ ဆော့ဝဲလ် တွေ တင်မယ်
နေ့တိုင်းနီးပါး သုံးရမယ့် Linux command ၁၀ ခု
Notice: Undefined index: data in /home/maukkha/public_html/plugins/system/jsocial_comments/libs/jsocial_tools.php on line 238








