ပညာရေး တိုးတက်ဖို့အတွက် ဈေးချိုတဲ့ လက်ပ်တော့ပ်

အိန္ဒိယ ကျောင်းသားများ တီထွင်လိုက်တဲ့ ကမ္ဘာ့ ဈေးအချိုဆုံး laptop ကွန်ပျူတာမှာ အိန္ဒိယနိုင်ငံ ပညာရေး ကဏ္ဍတွင် နည်းပညာ ဖွံ့ဖြိုးစေဖို့ အများကြီး အထောက်အကူပြု ကြောင်း Intel ကော်ပိုရေးရှင်း အိန္ဒိယ တာဝန်ခံက ပြောကြားလိုက်သည်။

“ပညာရေးမှာ နည်းပညာကို ထိထိရောက်ရောက် အသုံးပြုနိုင်တာဟာ  ဘက်စုံတိုးတက်ဖို့အတွက် အများကြီး အထောက်အကူ ဖြစ်စေတယ်။ ကျောင်းသားတွေအတွက် ကမ္ဘာ့ဈေးအချိုဆုံး လက်ပ်တော့ပ် ထုတ်လုပ်နိုင်တာဟာ ပြိုင်ဆိုင်မှုအတွက် အိန္ဒိယအနေနဲ့ မှန်ကန်တဲ့လမ်းရောက်ဖို့ ခြေလှမ်းတစ်ခုပဲ၊ ကျောင်းသားတွေအနေနဲ့ သုတေသနနနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ အများကြီးတိုးတက်အောင် လုပ်နိုင်လိမ့်မယ်” ဟု ပြောခဲ့သည်။

အလျား ၉လက်မ၊ အနံ ၇လက်မရှိ touchscreen စနစ်ကို အသုံးပြုထားပြီး 2 GB RAM memory, Wi-Fi, USB စတဲ့ အခြေခံအားလုံးပါဝင်သည်။ ရူးပီးငွေ ၁၅၀၀ (၃၄ ဒေါ်လာခန့်)သာရှိသည်။

လူသားရင်းမြစ်ဖွံဖြိုးရေး ၀န်ကြီး Kapil Sibal က “ ၉၀ ပြည့်လွန် အိုင်တီ မျိုးဆက်သစ်တွေ အဆင့်မြင့်ပညာရေးကို အောင်အောင်မြင်မြင် တက်လှမ်းနိုင်ဖို့ပဲ။ နည်းပညာကွာဟချက် ကျဉ်းသွားစေဖို့နဲ့ ကျောင်းသားတွေအတွက် ဘုရားသခင်က လက်ပ်တော့ပ် အသစ် လက်ဆောင်ပေးလိုက်တာ” ဟု ဂုဏ်ယူ ပြောဆိုသည်။

သတင်း IANS

Powered by Bullraider.com

Notice: Undefined index: data in /home/maukkha/public_html/plugins/system/jsocial_comments/libs/jsocial_tools.php on line 238