ကမ္ဘာ့ဆရာများနေ့ကို ရုံးပိတ်ရက် သတ်မှတ်ခြင်းအပေါ် EI မှ ကြိုဆို

နိုင်ငံတကာ ပညာရေးအဖွဲ့အစည်း EI မှ အဖွဲ့ဝင် အဖွဲ့အစည်းဖြစ်သည့် ယူဂန်ဒါ အမျိုးသား ကျောင်း ဆရာများ သမဂ္ဂ UNATU အနေဖြင့် အောက်တိုဘာ ၅ ရက်နေ့၊ ကမ္ဘာ့ဆရာများနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် အမျိုးသားရုံးပိတ်ရက်အဖြစ်ကြေညာခြင်းကို ကြိုဆိုလိုက်သည်။

EI နှင့် UNESCO တို့ ပူးတွဲ ကျင်းပမည့် ဆရာများနေ့မှာ အရည်အသွေးပြည့်မီသော ပညာရေးကို အဆင့်တိုင်းတွင် ရရှိရန်မှာ ဆရာများ၏ အခန်းကဏ္ဍအရေးကြီးကြောင်းကို ထုတ်ဖော်ရန်ဖြစ်သည်။ ကလေးများ၊ လူကြီးများမှ ရပ်ရွာများနှင့် ကမ္ဘာ့ လူ့အဖွဲ့ အစည်းအတွင်းတွင် ပါဝင်ဆောင်ရွက်နိုင်ရန် ကျင်းပရခြင်းဖြစ်သည်။

၂၀၁၀ ကမ္ဘာ့ဆရာများနေ့ ဆောင်ပုဒ်မှာ 'Recovery begins with teachers" - ပြန်လည်ထူတောင်မှု ကျောင်းဆရာများနှင့် အစပြု” ဖြစ်သည်။

Source: EI

Powered by Bullraider.com

Notice: Undefined index: data in /home/maukkha/public_html/plugins/system/jsocial_comments/libs/jsocial_tools.php on line 238