ဆယ်နှစ်အတွင်း ကလေးသေဆုံးမှု လေးသန်း ရှိကြောင်း Save the Children ပြော
- Details
- Category: သတင်း
- Published on Monday, 27 September 2010 03:17
- Written by Super User
- Hits: 755
ပြီးခဲ့တဲ့ ဆယ်နှစ်အတွင်းတွင် ကာကွယ်ကုသမှုမရရှိဘဲ သေဆုံးခဲ့ရသော ကလေးအရေအတွက် လေးသန်းရှိခဲ့ပြီး၊ အဆင်းရဲဆုံးသူများကို ကူညီဖို့ ပျက်ကွက်ခဲ့သည့် အစိုးရ များကြောင့် ဖြစ်ကြောင်း Save the Children အဖွဲ့ကြီးမှ ပြောကြားလိုက်သည်။
![]() |
နောက်ထပ် ကုလသမ္မဂ ကလေးများစောင့်ရှောက်ရေး အေဂျင်စီဖြစ်တဲ့ Unicef အစီရင်ခံစာတွင်လည်း ချမ်းသာသော သူများရဲ့ ကလေးများနှင့် ဆင်းရဲသူများရဲ့ ကလေးများအကြား ကွာခြားချက် ချောက်ကမ်းပါးမှာ ကြောက်စရာကောင်းအောင် ကြီးမားနေကြောင်း၊ ဆင်းရဲသူများထဲမှ အဆုံးစွန် ဆင်းရဲသူများအတွက် ကျန်းမာရေး စောင့်ရှောက်မှုများ ပေးဖို့ မဟာဗျူဟာ ချနေကြောင်း တင်ပြထားသည်။ အထူးသဖြင့် နိုင်ငံရေး မတည်မငြိမ် ပဋိပက္ခ ဒေသများရှိ ကလေးများမှာ ထိခိုက်ခံစားရမှုများ၊ ငတ်မွတ်ခေါင်းပါးမှုများနှင့် ဆေးဝါး မပြည့်စုံမှုတို့ကြောင့်ဟု ပြောဆိုထားသည်။
ငါးနှစ်အောက် ကလေး အများစု သေဆုံးရသော ရောဂါများမှာ ၀မ်းလျှော၊ တုတ်ကွေး၊ နူမိုးနီးယား၊ ငှက်ဖျား စတဲ့ ကာကွယ်ကုသနိုင်သော ရောဂါများ ဖြစ်ပြီး၊ စာရင်း အတိအကျ မဖော်ပြနိုင်လောက်အောင် သေဆုံးမှုမှာ မွေးကင်းစ ကလေးများ ဖြစ်သည်။ ကလေးများ မွေးကင်းစမှ စာသင်ခန်း ရောက်တဲ့အထိ အစိုးရမှ ဦးဆောင်တာဝန်ယူဖို့ Unicef နှင့် Save the Children အဖွဲ့ကြီးတို့မှ တိုက်တွန်းလိုက်သည်။
သတင်း Aljazeera
Notice: Undefined index: data in /home/maukkha/public_html/plugins/system/jsocial_comments/libs/jsocial_tools.php on line 238









