အ၀လွန်သော ကလေးများ ခွဲခြားဆက်ဆံခံရ
- Details
- Category: သတင်း
- Published on Friday, 24 September 2010 23:51
- Written by Super User
- Hits: 739
အ၀လွန်သော ကလေးများသည် ကျောင်းနှင့် လူမှုဆက်ဆံရေးတွင် ခွဲခြားဆက်ဆံမှု ခံရသည်သာ မကဘဲ အိမ်တွင်လည်း မိဘများက ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံတတ်ကြကြောင်း လေ့လာတွေ့ရှိထားသည်။
မိဘများမှ အ၀လွန်ကလေးများကို ကောလိပ်ကျောင်းလခ မပေးလိုကြသည်သာမက ကားဝယ်ပေးရန်လည်း ဆန္ဒမရှိကြကြောင်းကို ဒန်တွန်အခြေစိုက် မြောက်ပိုင်း တက္ကဆက်တက္ကသိုလ်၏ သုတေသန လေ့လာမှုကဆို၏။
“အ၀လွန်သူများကို လူ့အဖွဲ့အစည်းက ခွဲခြားဆက်ဆံတာကို ဘယ်သူကမှ မအံ့သြကြပါဘူး။ ဒါပေမယ့် မိဘတွေကိုယ်တိုင် လုပ်တာကတော့ အံ့သြစရာလို့ ကျွန်တော်ထင်ပါတယ်။” သုတေသီ အေဒရီယယ်ဘိုးလ်မှ ရိုက်တာသတင်းဌာန (ကျန်းမာရေးအစီအစဉ်) သို့ ပြောကြားခဲ့သည်။

Journal Obesity - http://link.reuters.com/faq25p တွင် ဘိုးလ်နှင့် သုတေသီ အမန်ဒါကရာဟာတို့၏ လေ့လာမှုက အမေရိကန် လူကြီး သုံးပုံ ၂ ပုံကျော်မှာ အ၀လွန်ခြင်း၊ သို့မဟုတ် အလွန်အမင်း ၀နေကြခြင်းကို တွေ့ရှိထားသည်။ ဤလူများအနေဖြင့် အလုပ်၊ ကျောင်းနှင့် ဆက်ဆံရေးတို့တွင် ခွဲခြားဆက်ဆံမှု ခံရသည်ဟုလည်း ဆိုသည်။ ၀င်ငွေအရနည်းပြီး လက်ထပ်လိုသူလည်း ရှားပါးလှသည်။
ဝခြင်း၊ အ၀လွန်ခြင်းမှာ အနုတ်လက္ခဏာသဘောဆောင်သော စိတ်ပိုင်းဆိုင်ရာ အကျိုးဆက်များရှိကြောင်းကိုလည်း သက်သေပြထားကြသည်။ ဥပမာ စိတ်ဓါတ်ကျဆင်းခြင်းနှင့် မိမိကိုယ်ကို ယုံကြည်မှုနည်းခြင်းတို့မှာ ကျဉ်ဖယ်ခံထားရသည့် ဆိုးကျိုးများဖြစ်၏။
မိဘများက ကားဝယ်ပေးသည့် ကျောင်းသားများ၏ ခန္ဓာကိုယ်အလေးချိန် အညွှန်းကိန်း (Body mass index BMI) မှာ ပိုမြင့်ကြောင်းဆိုသည်။ သူတို့၏ ပျမ်းမျှ BMI မှာ ၂၅ ဖြစ်ပြီး၊ ကားမရှိသည့် ကျောင်းသားများမှာ ၂၃ ဖြစ်သည်။
BMI အညွှန်းကိန်း ၂၅ ကို ၀ခြင်း၊ အညွှန်းကိန်း ၃၀ ကို အ၀လွန်ခြင်းဟူ၍ သတ်မှတ်ထားသည်။
မောက္ခနိုင်ငံတကာသတင်း
Source: Reuters
Notice: Undefined index: data in /home/maukkha/public_html/plugins/system/jsocial_comments/libs/jsocial_tools.php on line 238








