ဗြိတိန်ကျောင်းများ လိင်ပညာပေးရေး (SRE) သင်ရိုး စတင်
- Details
- Category: သတင်း
- Published on Friday, 24 September 2010 02:16
- Written by Super User
- Hits: 1466
ဗြိတိန် အမျိုးသားသင်ရိုးညွှန်းတမ်းတွင် လိင်နှင့်ပေါင်း သင်းဆက်ခံမှု ပညာရေး (Sex and Realationships Education) ကို လူမှုကျန်းမာရေး ဘာသာရေး အစိတ် အပိုင်းတစ်ခုအဖြစ် တရားဝင် စတင် သင်ကြားပေးနေသည်။
![]() |
SRE ရည်ရွယ်မှာ
(၁) အိမ်ထောင်ပြုမှု အရေးပါမှု၊ တည်ငြိမ်သော မိသားစုဘ၀ ဆက်ဆံရေးနှင့် ကလေးမွေးမြူ ပျိုးထောင်မှုတို့ကို လေးစား အသိအမှတ်ပြုကြဖို့၊
(၂) အသက်အရွယ်အလိုက် သင့်တင့်လျောက်ပတ်သော အသိဗဟုသုတတို့ သင်ကြားပေးထားဖို့၊
(၃) ကလေး လိင်ပညာ သင်ကြားမှုတွင် မိဘများ ဖြစ်နိုင်သမျှ ပါဝင်စေဖို့၊
(၄) ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်မှုနှင့် လိင်ဆက်ဆံမှုမှ ကူးစက်ရောဂါများ ကျဆင်းစေဖို့ ဖြစ်သည်။
၂၀၁၁ စက်တင်ဘာတွင် အသက် ၁၅ နှစ်နှင့် ၁၆ နှစ်ကြားရှိ ကလေးများအတွက် မသင်မနေရ ဘာသာရပ်ဖြစ်လာမည်။ သို့သော် SRE သင်ကြားမှုကို မနှစ်မြို့ပါက အသက် ၁၉ နှစ်မပြည့်သေးသော ကလေးကို မိဘများအနေဖြင့် အတန်းထဲမှ ပြန်လည်ခေါ်ဆောင်နိုင်ခွင့် ရှိသည်။
အသက်အရွယ်အလိုက် သင်ကြားမည့် သင်ရိုးပုံစံလမ်းညွှန်မှုမှာ
အသက် ၅-၇ နှစ်။ ကြီးကောင်ဝင်မှု၊ ကျားမ၊ ပတ်ဝန်းကျင်၊ မိသားစု ဆက်ဆံရေး
အသက် ၇-၁၁ နှစ်။ ကြီးကောင်ဝင်မှု၊ ဆက်ဆံရေး (လက်ထပ်မှု၊ ကွာရှင်းမှု၊ လိင်တူ၊ မိသားစု အပါအ၀င်)၊ စိတ်ခံစားချက်များနှင့် အဆိုးမြင်မှုများကို စီမံထိန်းချုပ်ခြင်း။
အသက် ၁၁-၁၄ နှစ်။ ခန္ဓာကိုယ် ဂရုပြုမှု၊ မိဘအဖြစ် ကျွမ်းကျင်မှု၊ မိသားစုဘ၀၊ ကွာရှင်းခြင်း တို့ဖြစ်သည်။
သတင်း UK education
Notice: Undefined index: data in /home/maukkha/public_html/plugins/system/jsocial_comments/libs/jsocial_tools.php on line 238









