မတူကွဲပြား ယုံကြည်သူများ တွေ့ဆုံပွဲကျင်းပ

http://cola.siu.edu/music/_common/images/childrens-choir/choir4.jpg

အမေရိကန်ပြည်ထောင်စု၊ အီလီနွိုက်စ်ပြည်နယ်မှ လူငယ် အုပ်စုတစ်စုဖြစ်သည့် Children of Abraham အဖွဲ့၏ ဦးဆောင်မှုဖြင့် မူလတန်းကျောင်းမှ ကျောင်းသားလေးများ စုဝေးကာ ဘာသာမျိုးစုံ ယုံကြည်မှုကွဲပြား သူများ ချစ်ကြည်ရေးနှင့် မိတ်ဖြစ်ဆွေဖြစ်တွေ့ဆုံပွဲကို စပရင်းဖီးလ်မြို့တွင် ကျင်းပခဲ့ကြောင်း The Washington Times သတင်းတွင်ဖော်ပြထားသည်။

လူငယ်နှင့် ကလေးများတွေ့ဆုံရာတွင် တစ်ဦးနှင့် တစ်ဦး မိတ်ဆွေဖွဲ့ခြင်း၊ ပျော်ရွှင်စွာဖြင့် အတူစုဝေး ကစား ကြခြင်း၊ ပျော်ပါးစွာ စားသောက်ခြင်းများ အတူတကွပြုလုပ်ခဲ့ကြကြောင်း ယင်းသတင်းကဆိုသည်။

ဘာသာပေါင်းစုံ လူငယ်များတွေ့ဆုံပွဲကို ဦးဆောင်သူ အမ်ဘရင်း ဂျက်ဘာက မိမိတို့အားလုံး စပရင်းဖီးလ်မြို့ရှိ ဗလီတစ်ခုတွင် စုဝေးတွေ့ဆုံပွဲကို ကျင်းပခဲ့ကြကြောင်း၊ လာမည့် နွေဦးရာသီတွင် ဒုက္ခသည်ကလေးများထံ သွားရောက် အကူအညီပေးရန် ဆုံးဖြတ်ချက်များ ချထားကြောင်း ပြောကြားသည်။

ဂျက်ဘာက သူမအနေဖြင့် ယခုပွဲကို ဦးဆောင် ကျင်းပရခြင်းမှာ မိမိကလေးနှစ်ဦးအတွက်ဖြစ်ကြောင်း၊ ကလေးများအနေဖြင့် အခြားဘာသာများနှင့် ယုံကြည်ကိုးကွယ်မှုများအပေါ် အလေးထားရန် အရေးကြီးကြောင်း ပြဆိုလိုသဖြင့် ဤပွဲကို ဦးဆောင်ကျင်းပခဲ့ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

“တစ်ဦးနဲ့ တစ်ဦး လေးစားဖို့ဆိုတာ ဒီလိုပေါင်းစည်းစုရုံး လှုပ်ရှားပေးတာတွေနဲ့ ထုတ်ဖော်ပြဖို့လိုပါတယ်။ တစ်ဦးနဲ့တစ်ဦး အပြန်အလှန်လေးစားတတ်အောင် လုပ်ပေးဖို့လိုပါတယ်” ဟု သူမကပြောကြားသည်။

ဘာသာပေါင်းစုံ ကလေးများတွေ့ဆုံပွဲကို ပထမဆုံးအကြိမ်အဖြစ် စက်တင်ဘာလတွင် ကျင်းပခဲ့ပြီး၊ ကလေးများ အားလုံးသည် ကစားစရာများ စုပေါင်းလှူဒါန်းကြရာ ကစားစရာဘူးပေါင်း ၄၀ကို စိန့်ဂျွန်ကလေးဆေးရုံကြီးသို့ ပေးပို့သွားမည်ဖြစ်ကြောင်း ဂျက်ဘာကဆိုသည်။

အသက် ၁၂ နှစ်အရွယ်သမီးတစ်ဦး၏ ဖခင်ဖြစ်သူက မိမိတို့အဖွဲ့သည် ကျေးဇူးတော်နေ့အထိမ်းအမှတ်ပွဲနေ့ ကလည်း မီးများထွန်းကာ ဆုတောင်းပေးမှုများ ပြုလုပ်ခဲ့ကြကြောင်းပြောဆိုခဲ့သည်။

Powered by Bullraider.com