စက်ရုပ်များကို ဉာဏ်ရည်တုနှင့် ပူးပေါင်းထုတ်လုပ်ခြင်းက အနာဂတ်အတွက်စိုးရိမ်ရဟုဆို

https://s-media-cache-ak0.pinimg.com/736x/1c/69/13/1c6913d2e22634d1421580f7a9c1858e.jpg

လူသားတို့သည် စက်ရုပ်များနှင့်အပြိုင်၊ လူသားကို တုပလုပ်ဆောင်နိုင်သည့် ဉာဏ်ရည်တု (AI) စနစ်များကို ထည့်သွင်း အသုံးပြုလာကြသည့်အပြင်၊ စစ်ပွဲများတွင် လူသားများအစား စက်ရုပ်များ အပြိုင်အဆိုင် အသုံးပြုရန် ကြိုးပမ်းလာကြခြင်းက အနာဂတ် လက်နက်ပြိုင်ဆိုင်မှုကို ပိုပြီး ကြီးမားလာစေကာ လူသားတို့ အတွက် စိုးရိမ်စရာဖြစ်လာကြောင်း သြစတြေးလျနိုင်ငံ၊ UNSW တက္ကသိုလ်၊ ကွန်ပျူတာ သိပ္ပံနှင့် အင်ဂျင်နီယာ ဌာနမှ ပါမောက္ခ တိုဘီ ဝေါ့ရှ်၏ ပြောကြားချက်ကို The New York Times သတင်းတွင် ဖော်ပြထားသည်။

အမေရိကန်ပြည်ထောင်စု၊ တရုတ်နှင့် ရုရှားနိုင်ငံ အစိုးရများသည် ကမ္ဘာ့အင်အားကြီးနိုင်ငံများအဖြစ် ပြိုင်ဆိုင် ကြရာတွင် ဆိုက်ဘာစစ်ပွဲတစ်ရပ်ကို ဆင်နွှဲရန် အားထုတ်နေကြကြောင်း တိုဘီကပြောကြားသည်။

“လက်နက်ပြိုင်ဆိုင်မှုတွေ လုပ်နေကြပါပြီ။ ကျွန်တော်သာမက ကျွန်တော့် အပေါင်းအသင်းတွေလည်း စက်ရုပ် တီထွင်တဲ့ လုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်နေကြတယ်။ အင်အားကြီးနိုင်ငံကြီးတွေရဲ့ လက်နက်ပြိုင်ဆိုင်မှု ဟာ မြင့်တက်နေပါပြီ” ဟုယင်းကဆိုသည်။

ပါမောက္ခတိုဘီသည် နိုင်ငံကြီးများ စက်ရုပ်နှင့် ဉာဏ်ရည်တုများ ထုတ်လုပ်ပြီး လက်နက်ပြိုင်ဆိုင်မှုများ၏ အန္တရာယ်ကို ကုလသမဂ္ဂသို့ သွားရောက်ပြောကြားရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။

အမေရိကန်ကာကွယ်ရေးဌာန၏ အောက်တိုဘာလတွင် ထုတ်ပြန်ခဲ့သော နည်းပညာဖွံ့ဖြိုးမှုဆိုင်ရာ အစီရင်ခံစာ တွင် စက်ရုပ်စစ်သားများကို တန်ပြန်တိုက်ခိုက်နိုင်မည့် အဖွဲ့များ၊ အလိုအလျောက် မိုင်းများ၊ ဒုံးကျည်များနှင့် အဆုံးအဖြတ်ပေးနိုင်အာဏာများအကြောင်းကို ဖော်ထုတ်တင်ပြထားသည်။

နိုင်ငံကြီးများအနေဖြင့် အစွမ်းထက် လက်နက်များနှင့် တိုက်ပွဲဝင်စက်ရုပ်များကို တီထွင်နေကြသော်လည်း ယင်း လက်နက်များသည် အကြမ်းဖက် အုပ်စုများ၏ လက်အတွင်းကို ရောက်ရှိသွားပါက ကမ္ဘာကြီးအတွက် ပိုပြီး အန္တရာယ်ရှိလာနိုင်ကြောင်း ပါမောက္ခ တိုဘီကပြောကြားသည်။

Powered by Bullraider.com