ပါမောက္ခ စတီဖင် ဟော့ကင်းအား လန်ဒန်မှ ဂုဏ်ပြုဆုချီးမြှင့်

http://www.trueactivist.com/wp-content/uploads/2016/04/sh.jpg

ရူပဗေဒပညာရှင် ပါမောက္ခ စတီဖင် ဟော့ကင်းအား လန်ဒန်မှ Honorary Freedom of the City of London ဆုကို ပေးအပ်ချီးမြှင့်လိုက်ကြောင်း The Independent သတင်းတွင်ဖော်ပြထားသည်။

ဟော့ကင်းအား ဂုဏ်ပြုဆုပေးအပ်ချီးမြှင့်ပွဲကို လန်ဒန် Guildhall တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ဆုရသူ ကိုယ်တိုင်တက်ရောက်မည့်အပြင် လော့ဒ် မေယာ အန်ဒရူး ပမ်လေကိုယ်တိုင်တက်ရောက်စကားပြောကြား ပေးမည်ဖြစ်ကြောင်း ယင်းသတင်းကဆိုသည်။

ပါမောက္ခ ဟော့ကင်းသည် နှစ်ပေါင်း ၅၀ တိုင် ပညာရပ်ဆိုင်ရာ လုပ်ငန်းများကို မကျန်းမာသည့်ကြားက လုပ်ဆောင်နေသည့်အပြင်၊ အာကာသလေ့လာစူးစမ်းမှုပရောဂျက်များကို ဦးဆောင်လုပ်နေသည့်အတွက် လန်ဒန်က ဂုဏ်ပြုဆုချီးမြှင့်ခြင်းဖြစ်ကြောင်း The Independent တွင် ရေးသားထားသည်။

Powered by Bullraider.com