ထိုင်းပညာရေး ပြုပြင်ပြောင်းလဲမှု လုပ်ရန် ဘန်ကောက်ပို့ သတင်းစာ မကြာမကြာ ရေးသားလာ
- Details
- Category: မောက္ခနိုင်ငံတကာသတင်း
- Published on Wednesday, 11 January 2012 05:01
- Written by စောပြည့်ညို
- Hits: 984
.jpg)
ဇန်န၀ါရီလ ၁၀ ရက်နေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာကြီးထဲမှာ ထိုင်းလူမျိုးတွေအနေနဲ့ အင်္ဂလိပ်စာ အရည်အသွေးညံ့ဖျင်းခဲ့ပါက ကိုယ်ရမယ့် အခွင့်အလမ်းများ ဆုံးရှုံးနိုင်ကြောင်း အယ်ဒီတာ အာဘော်မှ တင်ပြလိုက်ပါသည်။
ဇန်န၀ါရီလ ၈ ရက်နေ့ထုတ် ဘန်ကောက် သတင်းစာတွင် ထိုင်းနိုင်ငံတ၀ှမ်းက တက္ကသိုလ်အကြီးများ ညီလာခံတွင် အာဆီယမ် စီးပွားရေးဇုန် ပေါ်လာသောအခါ ထိုင်းလူငယ်များ အနေဖြင့် ခေတ်နောက်ကျကျန်ခဲ့မှာ ဖြစ်ကြောင်း ပညာရှင်များမှ သတိပေးထားသည်ကို တွေ့ရသည်။ ထိုင်းတနိုင်တက္ကသိုလ်တွေ အနေဖြင့် သင်ရိုးညွန်းတမ်းကို အနီးစပ်ဆုံး တူညီအောင် ပြုလုပ်သွားမည် ဖြစ်ကြောင်း ကတိက၀တ်ပြုခဲ့ကြသည်။
ထိုင်းအစိုးရသည် သက္ကရာဇ် ၂၀၁၂ ခုနှစ်ကို အင်္ဂလိပ်စကားပြောနှစ် အဖြစ်သတ်မှတ် ထားပါသည်။ အချို့သော အထက်တန်းကျောင်းများတွင် အင်္ဂလိပ်စကားပြော နိုင်ငံခြားသားဆရာများကို ငှားရမ်းအသုံးပြု နေပြီဖြစ်သည်။
ယနေ့ ဘန်ကောက်ပို့စ် အယ်ဒီတာ အာဘော်တွင် ထိုင်းပညာရေးစနစ် ညံ့ဖျင်းမှုကြောင့် အလုပ်သမားများမှာ လုပ်ခလစာ အနည်းငယ်ဖြင့် လုပ်ကိုင်လျက်ရှိကြောင်း အခြားသော ဖွံ့ဖြိုးသည့် နိုင်ငံများနှင့် နှိုင်းယှဉ်ကာ ထောက်ပြခဲ့သည်။
ဂလိုဘယ် လိုင်ဇင်းရှင်း ဖြစ်ပေါ်နေသော်လည်း ထိုင်းအလုပ်သမားများမှာ နိုင်ငံခြား ကုမ္ပဏီကြီးများ၏ လစာနိမ့် အလုပ်သမားအဆင့် ရှိကြောင်းထောက်ပြခဲ့သည်။
ထိုင်းနိုင်ငံကျောင်းများတွင် အင်္ဂလိပ်ဘာသာ စကားသင်ကြားရေးအတွက် တိုက်တွန်းထားသည်။ လာမည့် နှစ်အနည်းငယ်အတွင်း အာစီယံ နိုင်ငံများ၏ နယ်စပ်များ လုံးဝ ဖွင့်သောအခါတွင် ထိုင်းလူငယ်များအနေဖြင့် အလုပ်အကိုင်ကောင်း ရရှိနိုင်မှုကို စိုးရိမ်မိကြောင်း တင်ပြထားသည်။ ထိုင်းတက္ကသိုလ် အဓိပဓိများမှလည်း ဘွဲ့ရအများစုသည် အင်္ဂလိပ်ဘာသာစကားကို မပြောဆိုနိုင်ကြောင်း ထောက်ပြခဲ့ကြသည်။
ထိုင်းမီဒီယာများသည် ထိုင်းပညာရေးစနစ် ပြုပြင်ပြောင်းလဲရန် စဉ်ဆက်မပြတ် တောင်းဆိုနေစဉ် မြန်မာနိုင်ငံတွင်လည်း ပညာရေးပြုပြင်ပြောင်းလဲမှုစတင်ရန် တောင်းဆိုလာသည်ကို တွေ့ရသည်။
ထိုင်းနိုင်ငံ၏ နိုင်ငံတော် ဘတ်ဂျက်တွင် ပညာရေး ကဏ္ဍသည် ငွေကြေးသုံးစွဲမှု အများဆုံးဖြစ်သည်ကို တွေ့ရသည်။ မြန်မာနိုင်ငံတွင် ပညာရေး အသုံးစရိတ်မှာ အနိမ့်ဆုံးတွင် ရှိနေသည်။
မြန်မာ လူငယ်လူရွယ်အများစုမှာလည်း အစိုးရ ပညာသင်ကျောင်းမတက် နိုင်သည့်အတွက် တနိုင်တပိုင် ပညာရေးတွင် တက်ရောက် သင်ကြားနေကြရသည်။ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြညှ်လည်း တနိုင်တပိုင် ပညာရေးလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိသည်။
အိမ်နီးချင်း ထိုင်းနိုင်ငံသည် ဒေသတွင်း နိုင်ငံရေး၊ စိးပွားရေး၊ လူမှုရေးပြုပြင်ပြောင်းလဲမှုနဲ့ အညီ နိုင်ငံ၏ ပညာရေး ကဏ္ဍကိုလည်း အမျိုးသားလှုပ်ရှားမှုဖြင့် မြှင့်တင်ရန် တာစူနေချိန်တွင် မြန်မာ့ ကလေးငယ်အများစုမှာ ကျောင်းပညာ မသင်ကြားနိုင်သည်ကို တွေ့ရသည်။
စောပြည့်ညို
Sources; Losing out for lack of English









