မိဘတွေရဲ့ အကြောက်ဆုံး မေးခွန်းများ
- Details
- Category: မောက္ခနိုင်ငံတကာသတင်း
- Published on Friday, 20 January 2012 03:29
- Written by မြတ်ပန်းရှင်
- Hits: 3800
"ဘာဖြစ်လို့ လက နေ့ဖက်မှာလည်း ထွက်ရတာလဲ။" "ကောင်းကင်ကြီးက ဘာကြောင့် အပြာရောင်ဖြစ်ရတာလဲ" စသော မေးခွန်းများမှာ မိဘများအတွက် ဖြေဆိုရန် အကြောက်ဆုံးသော မေးခွန်းများဖြစ်ကြောင်း သုတေသနလေ့လာမှုအရ သိရသည်။
အထူးသဖြင့် သင်္ချာနှင့် သိပ္ပံဆိုင်ရာ ကလေးများ၏ မေးခွန်းတို့ကို ဖြေဆိုရန် မိဘ သုံးပုံ နှစ်ပုံက စိုးရိမ်မှုရှိနေကြောင်း တွေ့ရှိရသည်။
လမင်းနှင့် ကောင်းကင်ပြာမေးခွန်းများအပြင် လေယာဉ်ပျံကြီး ဘာကြောင့် လေထဲ ၀ဲနေနိုင်သလဲ၊ သက်တန့်ရောင်စဉ် ဘာလို့ဖြစ်ရ သလဲ၊ နိုင်ငံအလိုက် အချိန်တွေ ဘာကြောင့် မတူရတာလဲ စသည့် ဖြေဆိုရန် ခက်ခဲသော မေးခွန်းများလည် မကြာခဏ မေးမြန်းခံ နေကြရလေသည်။
ငှက်များနှင့် ပျားများ ဆောင်းရာသီတွင် ဘာကြောင့် ပျောက်ကွယ်ကုန်ပါသနည်း ဟူသော မေးခွန်းကိုလည်း သဘာဝပတ်ဝန်းကျင် ခေါင်းစဉ်အောက်တွင် သုတေသီများက ထည့်သွင်းထားကြသည်။
ပိုမို နက်ရှိုင်း လျို့ဝှက်သော မေးခွန်းများလည်း ရှိနေပါသေးသည်။ "ဂြိုဟ်သားတွေကို တွေ့ရဖို့ မျှော်လင့်ချက်ကော ရှိသေးရဲ့လား" "မြေကမ္ဘာဟာ အလေးချိန် ဘယ်လောက် ရှိသလဲ။" တို့ဖြစ်ကြောင်း Telegraph သတင်းစဉ်တွင် ဖေါ်ပြထားသည်။
မိမိတို့က မသိခြင်း၊ ဗဟုသုတမရှိခြင်း၊ မဖြေကြားနိုင်ခြင်းတို့အပေါ်တွင် မိဘ လေးပုံတစ်ပုံခန့်က ရှက်ရွံ့မှုရှိကြောင်း၊ မိမိကိုယ်ကို စိတ်ပျက်မိကြောင်း ၀န်ခံပြောဆိုကြပါသည်။ အချို့မိဘများက ဖြီးဖြန်းပြီး၊ မဟုတ်က-ဟုတ်ကများကို ဖြေဆိုလေ့ရှိကြောင်းလည်း ပြောပြခဲ့ကြသည်။
မောက္ခမိသားစုရေးရာ
Source: HndustanTimes/ edu









