ဆင်းရဲမွဲတေမှု ပြဿနာကို ဖြေရှင်းမယ့် ရုရှား
- Details
- Category: မောက္ခနိုင်ငံတကာသတင်း
- Published on Friday, 20 January 2012 04:43
- Written by မြတ်ပန်းရှင်
- Hits: 984
သက္ကရာဇ် ၂၀၂၀ တွင် ဆင်းရဲမွဲတေမှု ပြဿနာကို ဖြေရှင်းနိုင်မည်ဟု ရုရှားဝန်ကြီးချုပ် ဗလာဒီမာပူတင်က ထုတ်ဖေါ် ပြောဆိုလိုက် ပါသည်။
၂၀၁၂၊ မေလ ၄ ရက်နေ့တွင် ကျင်းပမည့် သမ္မတ ရွေးကောက်တင်မြှောက်ပွဲတွင် ၂၀၀၀-၂၀၀၈ ကာလများ အတွက် သမ္မတ လုပ်ခဲ့သူ ပူတင်သာလျှင် သမ္မတအသစ် ပြန်ဖြစ်မည်ဟု ကျိန်းသေပေါက် ဟောကိန်းထုတ် နေကြသည်။
"တစ်ဆယ်၊ ဆယ့်တစ် ရာခိုင်နှုန်းသော ပြည်သူတွေဟာ အကြောင်းအမျိုးမျိုးကြောင့် ဆင်းရဲမွဲတေမှုလိုင်းအောက်ကို ရောက်နေကြတယ်။ ဒီဆယ်စုနှစ် အကုန်မှာ ဒီပြဿနာကို ဖြေရှင်းကြရမယ်။ ဖွံ့ဖြိုးပြီးတိုင်းပြည် တစ်ပြည်အတွက် လက်မခံနိုင်စရာ ဆင်းရဲမွဲတေမှု ပြဿနာကို ကျော်လွှားကြရမယ်။" ရွေးကောက်ပွဲ ၀ဘ်ဆိုက်တွင် ပူတင်က ရေးသားတင်ပြခဲ့သည်။
"အဲဒီအတွက် တိုင်းပြည်ရဲ့ သယံဇာတနဲ့ လူ့အဖွဲ့အစည်းရဲ့ ကြိုးပမ်းအားထုတ်မှု ၂ ခုစလုံးကို အသုံးချရလိမ့်မယ်။ စိတ်ပါဝင်စားစွာ၊ တက်ကြွစွာ လုပ်ဆောင်ကြဖို့ လိုအပ်တယ်" ပူတင်၏ ဆွေးနွေးချက်ဖြစ်သည်။
ရုရှားတွင် လူမှု ဖူလုံမှုကူညီပံ့ပိုးရေး စနစ်ကို တိုးမြှင့် လုပ်ဆောင်သင့်ကြောင်း ၀န်ကြီးချုပ်က ပြောကြားခဲ့သည်။ မသန်မစွမ်း သူများကိုလည်း တန်းတူရည်တူ ဆက်ဆံသင့်ကြောင်း ထပ်လောင်းပြောပြခဲ့သည်။
"နိုင်ငံသူနိုင်ငံသားတွေက တရားမျှတမှုအပေါ်မှာ သံသယ မရှိတော့တဲ့အခါ လူ့အဖွဲ့အစည်း အောင်မြင်မှာပါ။" သူက တင်ပြခဲ့သည်။
မြတ်ပန်းရှင်
Source: IANS









