အနုပညာဘာသာရပ်ဖြင့် လူ့အဖွဲ့အစည်း ပြန်လည်ပျိုးထောင်မည့် ကျူးဘား
- Details
- Category: မောက္ခနိုင်ငံတကာသတင်း
- Published on Monday, 23 January 2012 10:30
- Written by မြတ်ပန်းရှင်
- Hits: 516
ကျူးဘား ကျောင်းသား ၂ သန်းကျော်တို့ကို ပြဇာတ်၊ ဂီတနှင့် ပန်းချီ အနုပညာဘာသာရပ်တို့ကို ပညာရေး ၀န်ကြီးဌာန၏ အစီအစဉ်ဖြင့် လေ့ကျင့် သင်ကြားမည်ဖြစ်ကြောင်း Prensa Latina သတင်းဌာနက သတင်းထုတ်ပြန် လိုက်ပါသည်။
ယဉ်ကျေးမှု စီမံကိန်းများကို ကျူးဘားကျောင်းသား သန်းနှင့်ချီပြီး လေ့ကျင့်ပျိုးထောင်ရသည့် ရည်ရွယ်ချက်ကို ပညာရေးဌာန တာဝန်ရှိသူ တစ်ဦးဖြစ်သည့် Arley Abreu က ဤကဲ့သို့ အနုပညာသင်တန်းများမှာ လူမှုအဖွဲ့အစည်းနှင့် ရပ်ရွာဒေသများ ဖွံ့ဖြိုး တိုးတက်ရေး၊ အကျဉ်းထောင်များကဲ့သို့ နေရာဒေသများ အဆင်ပြေစေရေးတို့အတွက် ရည်ရွယ်ချက်၊ ရည်မှန်းချက်များ ပါရှိကြောင်း သတင်းဌာနသို့ ရှင်းလင်းပြောပြခဲ့သည်။
မောက္ခနိုင်ငံတကာ ပညာရေးသတင်း
Source: IANS









