ကလေးတစ်ဦး တဘ်လပ်ကွန်ပျူတာ တစ်လုံးစီမံကိန်း စတင်ပြီ

ထိုင်းပညာရေးဝန်ကြီးဌာနအနေဖြင့် မူဝါဒအသစ်အရ ပထမတန်း ကျောင်းသားများအတွက် ကွန်ပျူတာ ၄၇၀ ၀၀၀ လုံး (လေးသိန်း ခုနစ်သောင်း) ဖြန့်ဝေရန် အချိန် ၄ လသာ ကျန်ရှိနေလေသည်။

မေလ ၂၃ ရက်နေ့တွင် ကွန်ပျူတာ လေးသိန်းကျော်ကို ပထမတန်းကျောင်းသားများထံ ဖြန့်ဖြူးရတော့မည်။ အစိုးရ၏ ကလေးတစ်ဦး တဘ်လတ်ကွန်ပျူတာတစ်လုံး ပေါ်လစီအရ ပဏာမအဆင့် ဆောင်ရွက်မှုဖြစ်သည်။

ထိုင်းနိုင်ငံရှိ ပထမတန်းကလေး ၈၅၀၀၀၀ (ရှစ်သိန်းငါးသောင်း) တို့အတွက် ကွန်ပျူတာ တစ်လုံးစီ ၀ယ်ပေးရန် ဘတ်ဂျတ်ငွေမှာ ထိုင်းဘတ်ငွေ ၁ ဒသမ ၆ ဘီလီယံ လျာထားသည်။ လျှပ်စစ်မီး မရှိသေးသော ကျောင်းများနှင့် ကွန်ပျူတာ အသုံးမပြု တတ်သေးသော ကျောင်းဆရာ ဆရာမများ အတွက်မူ တဘ်လတ်ကွန်ပျူတာ ရရှိမည် မဟုတ်ပါ။ ကျောင်း ၂ ထောင်ကျော် မှာမူ လျှပ်စစ်မီး မရရှိသေး။

ပညာရေးဌာန အမြဲတမ်း အတွင်းဝန်က သင်္ချာ၊ သိပ္ပံ၊ ထိုင်း၊ အင်္ဂလိပ်နှင့် လူမှုရေးဘာသာရပ် သင်ရိုးညွှန်းတမ်းများ၊ အကြောင်းအရာများကို တဘ်လတ် ကွန်ပျူတာအတွင်း ထည့်သွင်းထားရှိသည်ဟု ဆိုသည်။

ဤကဲ့သို့ ထိုင်းဝန်ကြီးချုပ် ရင်လက်၏ ကလေးတစ်ဦး တဘ်လတ်တစ်လုံး ရွေးကောက်ပွဲ ကြွေးကြော်သံဖြင့် ယခုအခါ အကောင်အထည်ဖေါ် နေမှုအပေါ် ကန့်ကွက်ပြောဆိုမှုများလည်း ရှိနေပါသည်။

မောက္ခဒေသတွင်း ပညာရေးသတင်း

Source: The Nation

Powered by Bullraider.com
Robots also like to read your comments! ...yes, they have feelings too! ;)nice I wonder where did they get the money or else...... I don't understand it. A country that has 2000 schools without electricity want to distribute tablet computers to 1st grader? I think electronic industry in that country is more powerful that electric industry. Or just plain dumb self-promoting politicians just want to be popular with tax payer money. May be they got idea from Khin Nyunt. :) ဗမာပြည်က နဂိုလ်ထဲက ခလေးတဦး ကျောက်သင်ပုန်းတခုနှုန်းပါ. | JSocial Comments by PloPixel