လွတ်လပ်မှုရှိသော ကွန်မြူနစ်ကေဒါ သင်တန်းကျောင်း

သန်း ၈၀ ကျော် အဖွဲ့ဝင်ရှိသော တရုတ်ကွန်မြူနစ်ပါတီ၏ သဘောတရား လေ့ကျင့်ရေးသင်တန်းကျောင်းမှာ နောင်ကွန်မြူနစ်မျိုးဆက်များ၊ ခေါင်းဆောင် လောင်းများအတွက် ပါတီ၏ သဘောတရားလေ့ကျင့် ပျိုးထောင်ရာ ပင်မနေရာဖြစ်သည်။

အများသူငါ ထင်မြင်ယူဆကြသလိုမဟုတ်မူဘဲ ဤသင်တန်းကျောင်းမှာမူ တမူထူးခြားလှ၏။ အလွန်အမင်း တင်းကျပ်လှစွာသော ကွန်မြူနစ် တရုတ်ပြည်တွင် လွတ်လပ်မှု အရှိဆုံးနေရာဟူ၍ တင်စားပြောစမှတ်ပြုရသည်အထိပင်။

နိုင်ငံတကာဆက်ဆံရေး၊ သဘောတရား၊ စီးပွားရေးလွတ်လပ်ခွင့်၊ တရုတ်-အမေရိကန်၊ တရုတ်-ထိုင်ဝမ် ဆက်ဆံရေး၊ ကွန်မြူနစ်ပါတီအတွင်း ခြစားအကျင့်ပျက်မှုများနှင့် ကဏ္ဍပေါင်းစုံကို လွတ်လပ် ပွင့်လင်းစွာ လေ့လာဆွေးနွေးနိုင်သည်ဟူလို။

ခေတ်သစ်တရုတ်ပြည်နှင့် သမိုင်းအစဉ်အလာထဲက တရုတ်ပြည်ကို ဆက်စပ်သောနေရာဟူ၍လည်း ဆိုနိုင်သည်။

အကြံပြုချက် အသစ်များ၊ ဝေဖန်သုံးသပ်တင်ပြချက်များ၊ မည်သည့်ကိစ္စမဆို တင်ပြဆွေးနွေးခွင့်များနှင့် တိုင်းပြည်၏ ပြဿနာမျိုးစုံအတွက် အဖြေမျိုးစုံကိုလည်း ရဲရဲပြော၊ ရဲရဲ တင်ပြ၊ ရဲရဲတွေး၊ ရဲရဲဆွေးနွေးကြမည့် အရာရှိလောင်းများအတွက် လုံခြုံစိတ်ချရဆုံးသော ကျောင်းနေရာဖြစ်ပါကြောင်း...။

မောက္ခနိုင်ငံတကာပညာရေးသတင်း

Source: Aljazeera/AP

Powered by Bullraider.com