တရုတ်ဆရာ ၅၀၀၀ ခေါ်မည့်ထိုင်းနှင့် ပညာရေး ဘတ်ဂျက် တိုးမြှင့်လိုက်သော မြန်မာ့ အစိုးရ


ထိုင်းနိုင်ငံ၏ လက်ရှိပညာရေးဝန်ကြီး Suchart သည် မန်ဒရိန်း တရုတ်ဘာသာ သင်ကြားရေး အတွက် တရုတ်နိုင်ငံမှ ဆရာ ၅၀၀၀ ခေါ်ယူရန် စီစဉ်နေကြောင်း ပြောဆိုခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် ပေါ်ပေါက်လာမည့် အာဆီယံ စီးပွားရေး အသိုက်အ၀ိုင်းနှင့်အတူ ကမ္ဘာ့ဒုတိယ စီးပွားရေး အင်အားကြီး နိုင်ငံ ဖြစ်လာသည့် တရုတ်၏ စီးပွားရေး နှင့်ဆက်စပ် လုပ်ဆောင်ရန် ရည်ရွယ်ခြင်း ဖြစ်သည်။

ထိုင်း-တရုတ် ယဉ်ကျေးမှုနှင့် စီးပွားရေး အဖွဲ့၏ အကူအညီဖြင့် ထိုင်းကျောင်းများတွင် မန်ဒရိန်း ဘာသာ သင်ကြားရေးအတွက် တရုတ်နိုင်ငံမှဆရာ ၅၀၀၀ စေလွှတ်ပေးရန် တောင်းဆိုထားသည်။ ၄င်းအဖွဲ့၏ ပြောဆိုချက်အရ တရုတ်နိုင်ငံသည် ထိုင်းအစိုးရ၏ စီမံကိန်းကို စိတ်ဝင်စားသည့် အပြင် ငွေကြေးကူ ညီရန် စီစဉ်နေကြောင်း ပြောဆိုခဲ့သည်။

တရုတ်ဘာသာ စကား သင်ကြားရေးအတွက် လူငယ် စခန်းများ ဖွင့်လှစ်ပေးခြင်း၊ တရုတ်ဘာသာစကား တတ်မြောက်မှု ပြိုင်ပွဲများ ကျင်းပခြင်းနှင့် ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံ ရှိတက္ကသိုလ်များတွင် ပေါက်ဖေါ်သင်တန်း (sister school) များ ဖွင့်လှစ်ရန် တရုတ်နိုင်ငံမှ ကမ်းလှမ်းထားသည်။
ထိုင်းပညာရေး ၀န်ကြီးသည် ဖေဖေါ်ဝါရီလ အတွင်း တရုတ်နိုင်ငံသို့ သွားရောက်ကာ သဘောတူ စာချုပ်ချုပ် ဆိုရန် စီစဉ်ထားသည်။

ယခင် ထိုင်းပညာရေး ၀န်ကြီး Woravat သည် ၂၀၁၂ ကို အင်္ဂလိပ်စကားပြော နှစ်အဖြစ် သတ်မှတ်ခဲ့သည်။ ထိုင်းအစိုးရသည် အင်္ဂလိပ် ဘာသာစကား သင်ကြားရန် အင်္ဂလိပ်စကား ပြောနိုင်ငံများမှ ဆရာများနှင့် အိန္ဒိယ နိုင်ငံမှ ဆရာ အင်အား သောင်းနှင့်ချီကာ ခေါ်ယူရန် စီစဉ်နေသည်။

ဝန်ကြီးချုပ် ယင်လတ် သည်ရွေးကောက်ပွဲ မဲဆွဲစဉ် ကာလအတွင်း ကျောင်းသားများအား ကမ္ဘာ့ နည်းပညာခေတ်တွင် အမှီလိုက်နိုင်ရေးအတွက် ကျောင်းသားတဦးလျင် Tablet ကွန်ပျူတာ တလုံး ပေးရန် ကတိပြုခဲ့သည်။ လာမည့် ၂၀၁၂ ခုနှစ်တွင် Tablet  အလုံးရေ ၃၀၀၀၀၀ သုံးသိန်းအတွက် ဘတ် သန်း (၈၀၀) ခွင့်ပြုရန် ၀န်ကြီးများ အစည်းအဝေးတွင် တင်ပြထားသည်။ ၂၀၁၃ ပညာသင်နှစ်တွင် အလုံးရေ ၆၀၀၀၀၀ ခြောက်သိန်းမှ ၉၀၀၀၀၀ ကိုးသိန်းအတွက် ဘတ်ငွေ (၁.၉) ဘီလီယံ ဖိုးဖြန့်ဝေရန် စီစဉ်ထားသည်။

မြန်မာနိုင်ငံတွင်လည်း အခြေခံပညာ အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့်တို့၌ ကွန်ပျူတာ ဘာသာရပ်ကို တွဲဖက်သင်ရိုးအဖြစ် ထည့်သွင်း သင်ကြားပေးတော့မည်ဖြစ်ကြောင်း ပညာ ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအေးကြူထံမှ သိရသည်။

“အခု သင်ရိုးညွှန်းတမ်း ရေးဆွဲနေတာ ဒီနှစ်ဒီဇင်ဘာလထဲမှာ ပြီးမယ်။ ဒီတော့ တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ဆို ၂ဝ၁၃-၂ဝ၁၄ ပညာသင်နှစ်မှာ သင်ကြားပေးနိုင် တော့မှာပါ”ဟု ဒုတိယဝန်ကြီး ဦးအေးကြူက တွဲဖက်သင်ရိုးအဖြစ် ထည့်သွင်းမည့် ကွန်ပျူတာဘာသာရပ်နှင့် ပတ်သက်၍ ရှင်းပြသည်။

ပဉ္စမတန်း (ယခုအခေါ် Grade-6) မှစတင်ကာ တက္ကသိုလ်ဝင်တန်းအထိ သင်ကြားကြရတော့မည့် အထက်ပါဘာသာရပ်ကို ရက်သတ္တတစ်ပတ်လျှင် တစ်ကြိမ်သာ သင်ကြားပေးမည် ဖြစ်ပြီး ငယ်စဉ်ခါ ကတည်းက ကွန်ပျူတာ ဘာသာရပ်နှင့် ရင်းနှီးကျွမ်းဝင်စေရန် ရည်ရွယ်သည်ဟု ဒုဝန်ကြီးမှ ပြောဆိုခဲ့သည်။

၂၀၁၂ ခုနှစ် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် နိုင်ငံတော် ဘဏ္ဍာရေး ခွဲတမ်းတွင် ပညာရေး ၀န်ကြီးဌာန၏ အသုံးစရိတ်ကို တိုးမြှင့် သတ်မှတ်ပေးခဲ့သည်။ လက်ရှိ မြန်မာနိုင်ငံ၏ ပညာရေးစနစ်တွင် အကျင့်ပျက်ခြစားမှု နှင့်အတူ အရည်အသွေးညံ့ဖျင်းကာ အရှေ့တောင်အာရှတွင် အညံ့ဆုံး အဆင့်သို့ ရောက်ရှိနေသည်။ မြန်မာ့ညာရေး စနစ်ကို အစိုးရနှင့်အတူ ဘုန်းတော်ကြီးကျေင်းများမှလည်း တာဝန်ယူ သင်ကြား ပေးနေရသည်။

စောပြည့်ညို
Sources; Children should rate performances of masters in classes, newminister says.

Powered by Bullraider.com

Notice: Undefined index: data in /home/maukkha/public_html/plugins/system/jsocial_comments/libs/jsocial_tools.php on line 238