ကျောင်းများတွင် လက်ဖက်ရည်ဖိုး လက်ခံနိုင်ကြောင်း ထိုင်းပညာရေးဝန်ကြီး ပြောကြား
- Details
- Category: မောက္ခနိုင်ငံတကာသတင်း
- Published on Tuesday, 14 February 2012 04:00
- Written by မြတ်ပန်းရှင်
- Hits: 1817
ထိုင်းပညာရေးဝန်ကြီး ဆူချာ့ထ် တဒတ်ထမ်ရော့မ်ဝေ့ခ်ျက လာဘ်ပေး၊ လာဘ်ယူမှုအနေဖြင့် အများပြည်သူ မနှစ်မြို့သော ကျောင်းများတွင် - လက်ဖက်ရည်ဖိုး - ယူခြင်းကို တရားဝင် ခွင့်ပြုတော့မည်ဖြစ်သည်။

ဤကဲ့သို့ ဥပဒေဖြင့် ပြုလုပ်ခြင်းကို ကန့်ကွက်ရှုတ်ချမှုများစွာဖြင့် ရင်ဆိုင်နေရလေသည်။ တယ်လီညီလာခံမှတဆင့် နာမည်ကြီးကျောင်း ဒါရိုက်တာများသို့ စကားပြောကြားရာတွင် လာမည့်နှစ်ပညာသင်နှစ်အတွက် ကျောင်းဝင်ခွင့်မူနှင့် ပတ်သက်ပြီး "လက်ဖက်ရည်ဖိုး လို့တော့ ကျနော် မခေါ်လိုပါဘူး။ ဒါပေမယ့် အလှူငွေလို့ ခေါ်ရမယ်။" ဟု ၀န်ကြီးက ပြောဆိုခဲ့သည်။
ပညာရေးဝန်ကြီးဌာန၏ အကူအညီ မလုံလောက်သော ကျောင်းများအနေဖြင့် မိဘများထံမှ အလှူငွေတောင်းခံခြင်း၊ သီးသန့်စာသင်ခန်းများ ဖွင့်လှစ်ခြင်းတို့ ပြုလုပ်နိုင်သည်ဟုလည်း သူက ပြောကြားခဲ့သည်။
"အဲဒီလိုမျိုးလုပ်လို့ရပါတယ်။ ဒါပေမယ့် ထုတ်ဖေါ် ကြေညာရမယ်။ ပွင့်လင်းမြင်သာစွာ ပြုလုပ်ရမယ်" ၀န်ကြီး၏ မှာကြားချက်ဖြစ်သည်။
နာမည်ကြီးကျောင်းများအနေဖြင့်လည်း ဆင်းရဲနွမ်းပါးသော ကျောင်းများသို့ ပေးကမ်းလှူဒါန်းမှုများကို ၂ ဆတိုး လှူဒါန်းကြရန် ၀န်ကြီးက တိုက်တွန်းလိုက်သည်။ ထိုင်း အခြေခံပညာကျောင်း တစ်သောင်းကျော်မှာ အရည်အသွေး ပြဿနာရှိနေလေသည်။
ချူလာလောင်ကွန်းတက္ကသိုလ်မှ လက်ထောက်ပါမောက္ခဖြစ်သူ ဒေါက်တာဆွန်ပေါင်းဂျစ်ထရဒပ်က ပညာရေးဝန်ကြီး ဆူချာ့ထ်၏ ကျောင်းဝင်ခွင့်ပေါ်လစီမှာ မျှဝေခြင်းလုံးဝမဟုတ်ကြောင်း ပြောဆိုခဲ့သည်။
"ဒီမူကတော့ ချမ်းသာတဲ့သူတွေဆီကငွေတွေ ဆင်းရဲသားပြည်သူတွေဆီ ရောက်ဖို့အတွက် မဟုတ်ဘူး။ ဒါဟာ မတရားမှု သက်သက်ပဲဖြစ်တယ်။ ချမ်းသာပြီး အာဏာရှိတဲ့သူတွေရဲ့ ကလေးတွေအတွက်သာ ပိုအကျိုးရှိစေတဲ့ မူသာဖြစ်ပါတယ်" လက်ထောက်ပါမောက္ခက ရှင်းပြခဲ့သည်။
မြတ်ပန်းရှင်
Source: The Nation
Notice: Undefined index: data in /home/maukkha/public_html/plugins/system/jsocial_comments/libs/jsocial_tools.php on line 238








