ဘီလီယံ ၂၀၀ ကုန်ကျမည့် သံလွင်-ဘူမိဘောဆည် တူးမြောင်း ဖောက်လုပ်ရန် အကြံပေး
- Details
- Category: မောက္ခနိုင်ငံတကာသတင်း
- Published on Tuesday, 14 February 2012 04:52
- Written by စောပြည့်ညို
- Hits: 2936

ထိုင်းနိုင်ငံ၏ ရေပြတ်လပ်မှုနှင့် အနာဂတ် ရေလွမ်းမိုးမှုမှာ ကကွာယ်နိုင်ရေးအတွက် ထိုင်းဘတ် ဘီလီယံ ၂၀၀ ကုန်ကျမည့် သံလွင်မြစ်နှင့် ဘူမိဘော ဆည်ကြီးကို ဆက်သွယ်မည့် ၈၈ ကီလိုမီတာ အရှည်ရှိ တူးမြောင်း တခုတည်ဆောက်ရန် ထိုင်းဝန်ကြီးချုပ် အကြံပေးမှ ပြောဆိုလိုက်သည်။
ရေဘေးကယ်ဆယ်ရေး စင်တာတွင် ပြုလုပ်သည့် ၂၀၀၁ ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့သည် ရေလွမ်းမိုးမှု ဆွေးနွေးပွဲတွင် ထိုင်းဝန်ကြီးချုပ်၏ အကြံပေး Uthen Chatpinyo မှပြောဆိုခဲ့သည်။ ဤစီမံကိန်း အကောင်အထည် ပေါ်နိုင်ပါက ထိုင်းနိုင်ငံ စိုက်ပျိုးရေးအတွက် လိုအပ်သည့် ရေပြတ်လတ်မှုများကို ကာကွယ်ပေးနိုင်မည် ဖြစ်သည်။
ဤတူးမြောင်း တည်ဆောက်နိုင်ပါက တစက္ကန့်လျင် ဘူမိဘော ဆည်သို့ ရေကုဗမီတာ ၃၀၀၀ ပို့ပေးနိုင်မည် ဖြစ်ကာ၊ လျှပ်စစ် ထုတ်လုပ်ရန် အတွက် လိုအပ်သော ကမာဏ ရရှိမည်ဖြစ်သည်။ ၄င်းစီမံကိန်းသည် သက်ဆင် အစိုးရလက်ထက် ၂၀၀၄ ခုနှစ်တွင် အကောင်အထည် ဖေါ်ရန် အစိုးရ အဖွဲ့မှ မီးစီးပြခဲ့သော်လည်း ၂၀၀၆ ခုနှစ် စစ်တပ်မှ အာဏာ သိမ်းအပြီး ၄င်းစီမံကိန်း ပျက်ပြယ်ခဲ့ရသည်။
ဤစီမံကိန်းနှင့် ပတ်သက်၍ ဗုဒ္ဓဟူးနေ့တွင် ကျင်းပမည့် အစိုးရအဖွဲ့သို့ အစည်းအဝေး သို့တင်သွင်းမည် ဖြစ်သည်။ “ အကယ်လို့ ကျနော်တို့ အလျင်အမြန် မလုပ်ဘူးဆိုရင်၊ မြန်မာနဲ့ တရုတ် မကြာခင် အကောင်အထည် ဖော်တော့မယ်၊ ထိုင်းနိုင်ငံအနေနဲ့ အခွင့်အရေးတွေ လက်လွတ်သွားနိုင်တယ်” ဟုပြောဆိုခဲ့သည်။
စောပြည့်ညို
Source; An adviser to Prime Minister Yingluck Shinawatra is trying to revive a Bt200billion project to build an 88km tunnel linking Burma's Salween River and Thailand's Bhumibol Dam.
Notice: Undefined index: data in /home/maukkha/public_html/plugins/system/jsocial_comments/libs/jsocial_tools.php on line 238








