ကွန်ဒုံးအစား မှုတ်ဆေးကို အသုံးပြုနိုင်မည်ဟုဆို

http://www.gannett-cdn.com/-mm-/84d499cf435c3e6fdd9ac549636ea461a8f98694/r=880&c=880x495/http/videos.usatoday.net/Brightcove2/29906170001/2015/07/29906170001_4385236881001_thumb-Buzz60video8813496468943377522.jpg

နယူးယော့ခ်၊ ဇူလိုင် ၃၀

နယူးယော့ခ်၊ Pratt Institute မှ ဒီဇိုင်းကျောင်းသူတစ်ဦးဖြစ်သူ မစ်ချယ် ချူးသည် အမျိုးသားများ အသုံးပြု နေကြသည့် ကွန်ဒုံးနေရာတွင် မှုတ်ဆေးတစ်မျိုးကို အသုံးပြုခြင်းဖြင့် အမျိုးသမီးများအတွက်ပါ လုံခြုံစိတ်ချရစေသည့် အကာအကွယ်ကို တီထွင်နိုင်ခဲ့ ကြောင်း Health သတင်းတွင်ဖော်ပြထားသည်။

Girlplay ဟုအမည်ပေးထားသည့် မှုတ်ဆေးဘူးသည် အနံ့အသက်ပျောက်ဆေးဘူးကဲ့သို့ ဆောင်ထားနိုင်ပြီး လိုအပ်သည့် အချိန်တွင် အလွယ်တကူ အသုံးပြုနိုင်ကြောင်း ယင်းသတင်းကဆိုသည်။

ချူးသည် ဂျာမန် လိင်ပညာပေးဆရာတစ်ဦးဖြစ်သူ ယန်း ဗင်ဇင့် ခရော့စ် တီထွင်ခဲ့ဖူးသည့်နည်းပညာအပေါ်တွင် အခြေခံပြီး ပထမဆုံး မှုတ်ဆေးဖြင့် အကာအကွယ်အတားအဆီးတစ်ခုကို တီထွင်နိုင်ခဲ့သူအမျိုးသမီးဖြစ်ကြောင်း Health သတင်းတွင် ရေးသားထားသည်။

ယင်းမှုတ်ဆေးသည်ဖြန်းလိုက်လျှင် ရာဘာစေးကဲ့သို့ အစေးများ ထွက်လာပြီး ယောက်ျားတို့၏ သဘာဝတစ်ခုလုံးကို ဖုံးလွှမ်းကာ အရံအတားတစ်ခုသဖွယ်ဖြစ်စေနိုင်ကြောင်း ချူးကပြောကြားသည်။

မှုတ်ဆေးသည် လောလောဆည်အနေအထားတွင် အခြောက်မမြန်သေးသောကြောင့် အနည်းဆုံး သုံးမိနစ်ခန့် စောင့်ဆိုင်းရန် လိုကြောင်း၊ နည်းပညာအသစ်များဖြင့် ပြန်လည်ပြုပြင်ရန်လိုသေးကြောင်း ယင်းကဆိုသည်။

ချူးသည် ယခုအခါ ဘရာစီယာကို အဝေးထိန်းကိရိယာဖြင့် ကလစ်ကို ဖြုတ်နိုင်သည့် စနစ်ကိုပါတီထွင်လျက်ရှိကြောင်း၊ နောက်ပိုင်းတွင် Girlplay နှင့် ဘရာစီယာအဝေးထိန်းစနစ်များကို ပူးတွဲရောင်းချဖွယ်ရှိကြောင်း Health သတင်းတွင် ရေးသားထားသည်။

Powered by Bullraider.com