မလေးရှား နိုင်ငံရှိ Taylor’s University သို့သွားရောက်သင်ကြားလိုသူများ အထက်တန်းအောင်အမှတ်ကောင်းရန်လို
- Details
- Category: ပညာရေးသတင်း
- Published on Thursday, 09 February 2012 09:18
- Written by ရှုမ၀အောင် (ရွှေမြစ်မခ)
- Hits: 710
ရှုမ၀အောင်(ရွှေမြစ်မခ)
by Myit Makha Mediagroup on 27 Jan, 2012
မလေးရှား နိုင်ငံရှိ Taylor’s University သို့သွားရောက် တက်ရောက်နိုင်ရန် မြန်မာနိုင်ငံမှ အထက်တန်းအောင် ကျောင်းသားများ အနေနဲ့ အထက်တန်းအောင်စဉ်အမှတ်မှာ အင်္ဂလိပ်စာ၊ သချာင်္အပါအ၀င် တစ်ဘာသာလျှင် ပျမ်းမျှ အမှတ် (၆၀) နှင့်အထက် ရရှိရန်လိုအပ်ကြောင်း သိရှိရသည်။
အဆိုပါ ကျောင်းတွင်တက်ရောက်မည်ဆိုလျှင် Certificate Level မှ Ph.D Level ထိ သင်ယူနိုင်ကြောင်း၊ မိမိရွေးချယ်သော Level ကိုလိုက်၍ စာသင်နှစ် ပြောင်းလဲသွားကြောင်း၊ ကျောင်းလျှောက်လိုသော ကျောင်းသားများ အနေနဲ့ (MSI) မှ အခမဲ့ ၀န်ဆောင်မှု့ပေးနေကြောင်း Myanmar Search Int’L မှ မန်နေးဂျင်း ဒါရိုက်တာ ဒေါ်စုစုလှိုင်ထံမှ သိရှိရသည်။
“MSI မှာချိတ်ဆက်ထားတဲ့ ကျောင်းတွေက University ဖြစ်တဲ့အတွက် ကိုယ်ပိုင် Campus နဲ့ ကိုယ်ပိုင် Accommodation တွေရှိကြတယ်။ အဲဒါတွေအတွက်က အခမဲ့ပါ” ဟုဒေါ်စုစုလှိုင် ကပြောသည်။
MSI နိုင်ငံခြားပညာရေးဝန်ဆောင်မှု့အနေနှင့် အရှေ့မလေးရှား နိုင်ငံ Sarawak ပြည်နယ်တွင် Australia နိုင်ငံ၏ ကျောင်းခွဲတခုဖြစ်သော Curtin University(Sarawak) မလေးရှားနိုင်ငံ၏ အနောက်ဘက်တွင် Taylor’s University နှင့် Sunway University ကျောင်းတို့ကို တာဝန်ယူချိတ်ဆက်ပေးကြောင်း၊ ၄င်းကျောင်း (၃) ကျောင်းသည် မလေးရှားနိုင်ငံ ပညာရေးဝန်ကြီးဌာန၏ စိစစ်ရွေးချယ်မှု့နှင့် (၂၀၀၉ ခုနှစ်) ကပင် “Excellent Award” တရားဝင်ရရှိထားသော ကျောင်းများဖြစ်ကြောင်း သိရှိရသည်။
ပထမဦးဆုံး overseas education experience ဖြစ်နေသောကြောင့် Timetable နှင့် Lecture များတွင် အမှားရှိကြောင်း၊ အလုပ်ရရန်အတွက် မိမိအပေါ်တွင်သာ မူတည်ကြောင်း Taylor’s University တွင်တက်ရောက် ပညာသင်ကြားနေသော ကျောင်းသားတစ်ဦး ဖြစ်သူ ကိုပြည့်စုံ ကပြောသည်။
“နိုင်တကာ အသိအမှတ် ပြုပြီးခိုင်မာတဲ့ Certificate တွေရှိတော့ အလုပ်လျှောက်ရာမှာ Comfortable ဖြစ်တာပေါ့ အဲဒါအဓိကပဲလို့ ကျွန်တော်ထင်တယ်” ဟု ကိုပြည့်စုံ ကဆိုသည်။
ပညာသင်ကြားခြင်းကာလ ပြီးဆုံးသွားလျှင် အလုပ်ရရန်လွယ်ကူကြောင်း စင်္ကာပူ၊ မလေးရှားနိုင်ငံများသို့ သွားရောက်အလုပ် လုပ်ကိုင်နေသောသူများလည်းရှိကြောင်းနှင့် စင်္ကာပူတွင် Employment Pass (EP) တန်းရကြောင်းကိုလည်း သိရသည်။
Notice: Undefined index: data in /home/maukkha/public_html/plugins/system/jsocial_comments/libs/jsocial_tools.php on line 238








