ပုသိမ်တက္ကသိုလ်မှ ကျောင်းသား ၂၀၀ ကျော် စာမေးပွဲမဖြေဘဲ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆို

လမ်းခရီးတွင် ကြိုဆိုထောက်ခံသူများကို နှုတ်ဆက်နေရခြင်းကြောင့် ဒေါ်အောင်ဆန်းစုကြည်သည် လူထုဟောပြောပွဲ ကျင်းပမည့် ဘောလုံးကွင်းသို့ မျှော်မှန်ထားသော အချိန်ထက် နောက်ကျပြီးမှ ရောက်ရန်ရှိနေသည်။ သို့ရာတွင် ၎င်းအား ကြိုဆိုထောက်ခံနေသူများမှာမူ စိတ်ညည်းညူမှု မရှိဘဲ ဖွင့်လှစ်နေသော ဒေါ်အောင်ဆန်းစုကြည် ဂုဏ်ပြုသီချင်းများကို လိုက်ပါသီဆိုနေကြပါသည်ကို တွေ့ရသည်။

နည်းပညာတကသိုလ်(ပုသိမ်)မှ ကျောင်းသားတစ်ဦးက 'အမေစုကို အပြင်မှာ မျက်လုံးနဲ့တောင် နှစ် ၂၀ ကျော် မမြင်ဖူးပါဘူး။ အခုလို အမေစု ဒီကိုလာတဲ့အချိန်မှာ ကျွန်တော်တို့ ကျောင်းတက်တဲ့အချိန်နဲ့ တိုက်ဆိုင်သွားတဲ့အတွက် ဒီလိုထွက်ပြီး ကြိုဆိုချင်းဖြစ်ပါတယ်။ အမေစုက ခေါင်းဆောင်ကောင်း တစ်ယောက်ဖြစ်တဲ့အတွက် အပြည့်အ၀ ထောက်ခံပါတယ်။ ကျွန်တော်တို့ အခုလို ကြိုဆိုနေတာ ဘယ်ပုဂိုလ်၊ အဖွဲ့အစည်းကမှ နှိုးဆော်တိုက်တွန်းခြင်းမရှိဘဲနဲ့ ကိုယ့်သဘောနဲ့ကိုယ် ကြိုဆိုထောက်ခံခြင်းဖြစ်ပါတယ်'ဟု ပြောကြားခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် လူထုဟောပြောပွဲ ကျင်းပမည့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ ကိုးသိန်း ဘောလုံးကွင်း အတွင်းတွင် ရောက်ရှိနေကြသော ပြည်သူများက ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ၊ ချမ်းသာပါစေဟု ဟစ်ကြွေးလျက်ရှိကာ ဘောလုံးကွင်းအတွင်း ဖွင့်လှစ်ထားသော ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ပြုဖွဲ့ဆိုထားသည့်သီချင်းကို ၀ိုင်းဝန်းသီဆိုလျက်ရှိနေပါသည်။

ကြည်နူးမျက်ရည်တွေစိုနေတဲ့ကျောင်းသား၊ကျောင်းသူတွေရဲ့အမေ
စုကျန်းမာပါစေဆိုတဲ့ဆုတောင်းသံဟာကျောင်းဝန်းကျင်းတ၀ိုက်ပဲ့တင်ရိုက်နေပါတယ်။
ပုသိမ်နည်းပညာကျောင်းသား၊ကျောင်းသူတွေကိုနှုခွန်းဆက်နေတဲ့
ဒေါ်အောင်ဆန်းစုကြည်

 

 

 

ပုသိမ်တက္ကသိုလ်မှ ကျောင်းသား ၂၀၀ ကျော် အစဉ်အလာမရှိသော စာမေးပွဲ မဖြေဟုဆိုပြီး ဒေါ်အောင်ဆန်းစုကြည် ကြိုဆိုသည့်နေရာသို့ ရောက်နေကြသည်။

Myanmar News Now

Powered by Bullraider.com

Notice: Undefined index: data in /home/maukkha/public_html/plugins/system/jsocial_comments/libs/jsocial_tools.php on line 238